CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, July 16, 2015
ဦးအောင်သောင်း သတိပြန်ရ၍ အသိစိတ်ဝင်
စင်္ကာပူတွင် ဆေးကုသမှု ခံယူနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦး ဖြစ်သူ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း သတိပြန်ရပြီ ဖြစ်ကြောင်း၊ နောက်ထပ် နှစ်ပတ်ခန့် ကြာတွင် စကားပြောနိုင်မည် ဖြစ်ကြောင်း သိရသည်။
"သူ ပြန်ပြီးတော့ သတိရနေပြီ ဟိုဖက်လှည့် ဒီဖက်လှည့်ပေါ့။ တော်တော် များများတော့ သိနေပါပြီ"ဟု မြင်းခြံမဲဆန္ဒနယ်မှ ဦးဝင်းမြင့်က ပြောသည်။
ဦးအောင်သောင်းသည် ဦးနှောက်သွေးကြောမျှင် ပေါက်သွားသည့်အတွက် ဆေးကုသမှုခံယူရန် ဇူလိုင်လ (၉) ရက်နေ့က အရေးပေါ်လူနာတင်လေယာဉ်ဖြင့် စင်္ကာပူသို့ ထွက်ခွါခဲ့ခြင်း ဖြစ်သည်။
ယင်း၏ ဆွေမျိုးနီးစပ်သူတစ်ဦးက ဇူလိုင်လ ၁၅ ရက်နေ့ ညပိုင်းရရှိသောသတင်းအရ "ပက်လက်လှန်ပြီး အိပ်နေရင်းကနေ နောက်ကျောတွေဘာတွေပူလာလို့ရှိရင် ဘေးကိုစောင်းတာ ဘာညာလုပ်တယ်။ ဟိုဖက်ကိုလှည့်လိုက် ဒီဖက်ကိုလှည့်လိုက် လုပ်လာတယ်။ ဆေးထိုးတဲ့အချိန်မှာ နာတာကျင်တာ သိတယ်၊ရုန်းတာ တွန့်သွားတာရှိတယ်။ စကားပြောဖို့ကျတော့ ဆရာဝန်က ဦးနှောက်ကို အလုပ်လုပ်မှာစိုးတဲ့အတွက် ဦးနှောက်ကို အလုပ်မလုပ်စေချင်သေးလို့ စကားမပြောခိုင်းသေးတာ။ သတိလည်းရပြီ။ မျက်လုံးလည်းပွင့်ပြီ၊နောက်ပြီးရင် သူ့ရဲ့သားသမီးတွေ ၀င်လာရင် သိနေပြီ။ မျက်လုံးတွေဘာတွေဖွင့်ပြီး ပြန်ပြီး နှုတ်ဆက်တယ်။ အခုလောလောဆယ် ပါးစပ်နဲ့ နှာခေါင်းနဲ့ကို အုပ်ပြီးတော့ အောက်စီဂျင်ပေးထားတဲ့ ကိရိယာနဲ့မို့လို့ ပြောလို့ မရတာ။ ခြေလက်အကွေးအဆန့်ုလုပ်နိုင်ပြီ၊ ဆရာဝန်က ဦးနှောက်ကို အလုပ်လုပ်မှာစိုးတဲ့အတွက်ဒါကို ထိန်းချုပ်ထားတာ၊ အလုပ်တအား လုပ်လိုက်ရင် ပြန်ဖြစ်သွးမှာစိုးတဲ့အတွက်၊နောက်ထပ် နှစ်ပတ်လောက် စောင့်ကြည့်မယ်။ ပြီးရင် ဦးနှောက်ကို ပြန်ပြီး Train လုပ်မယ်။ အခုလောလောဆယ် စောင့်ကြည့်ကာလပေါ့။ စောင့်ကြည့်ကာလပြီးရင်တော့ တိုးတက်လာလိမ့်မယ်လို့ ဆရာဝန်က ပြောထားတယ်"ဟု News Watch ကို ပြောကြားခဲ့သည်။
ဦးအောင်သောင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် အဓိကကျသူတစ်ဦးဖြစ်ပြီး ပါတီတွင်းဆောင်ရွက်မှုများ အတွက် အကြံဥာဏ်ပေးနိုင်သူဟု တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောသည်။
"သူကတော့ဝါရင့်လေ၊ အတွေ့အကြုံကလည်းများတယ်၊ နိုင်ငံရေး အတွေ့အကြုံကော၊ လုပ်ငန်း အတွေ့အကြုံရော အဲတော့ ဒီဖြစ်ပေါ်လာတဲ့ အခြေအနေတွေ အပေါ်မှာ သူ့ရဲ့အတွေ့အကြုံနဲ့
ပေါင်းစပ်ပြီးတော့မှ ကောင်းတဲ့အကြံဥာဏ်တွေပေးနိုင်တာပေါ့၊ ပါတီကိုထိန်းကျောင်းပြီး အကြံဥာဏ်ကောင်းတွေပေးမယ့်လူတစ်ယောက် လောလောဆယ်မလုပ်နိုင်ဘူးဆိုတော့ ကျွန်တော်တို့ကတော့ သူမြန်မြန် ပြန်ကောင်းပါစေလို့ ဆုတောင်းတာပေါ့"ဟု ပြောသည်။
မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဦးအောင်သောင်း သတိပြန်ရ၍ အသိစိတ်ဝင်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 16, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 16, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment