Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 11, 2015

ငရဲသို့ အခန်းဆက်



တနိုင်ငံလုံး
ကြက်ဆူစိုက်လို့ မျက်ဖြူဆိုက်ခဲ့ရတဲ့
ဘဏ္ဍာရေး တရားခံ
သိက္ခာကို အရေလှန်လို့
လေကန်နေတဲ့ စစ်အုပ်စုမှာ
သူက
မယ်မယ်ကြီးရဲ့ အခရာ။

သက္ကရာဇ်က နှစ်ထောင့်သုံး
အာဏာရှင်တွေ မော်မဆုံးတဲ့ခေတ်မှာ
သမိုင်းတရားခံ အဖြစ်
တရားကိုပြစ်လို့ လောဘတက်
ဒေါသထွက်နေတဲ့ လူတအုပ်နဲ့
သင်္ဃန်းခြုံ ရောင်ပြန်တသိုက်
ခပ်မိုက်မိုက် ညတခင်းမှာ
အောက်လင်းမီးတွေ ထိုးလို့
ဒီပဲယင်းနယ်ရဲ့ လမ်းတရိုးထက်
လူတွေသတ်ခဲ့တဲ့
ဘဘကြီးရဲ့ ခွေးမိစ္ဆာ။

သိက္ခာ မပါ
လိပ်ပြာ မပါနဲ့
ကြိတ်ကာရှင်းရမယ့် သမီးတော်အတွက်
ဖခင် ဗိုလ်ချုပ်မျက်နှာကို မထောက်
ဇကောလောက် စောက်မနက်တဲ့ အကြံဆိုးနဲ့
ဇာနည်မျိုးကို လုပ်ကြံခဲ့တဲ့
အာဏာရှင်ထဲက အယုတ်တမာ။

စက်မှုစွမ်းအား ခေတ်ကျော်လွှားမယ့်
တရုတ်စွပ်ကျယ်ထွက်တဲ့
မြန်မာ့စက်ရုံတွေရဲ့ လက်သည်
သက်လုံကောင်းတဲ့ သားတပည့်မို့
စက်မှု ၁ တခုလုံး ရောင်းစားခဲ့တာတောင်
ခလုတ်မထိ ဆူးမငြိခဲ့တဲ့
သူခိုးကြီးတွေရဲ့ အပေါင်းပါ။

ဘုန်းကြီးတုတွေ မွေး
သာသနာသွေးကို ခြေဆေးလို့
လူမိုက်မွေးပြီးရမ်းကားတတ်တဲ့
လိုင်စင်ရ ဂိုဏ်းစတား။

ကံကြမ္မာ တပတ်ပြည့်လို့
ခံစရာတွေ အလှည့်ကျလာတော့
တရုတ်က ရှယ်ယာအရေးမှာ
၅ ဘီလျံကျော် စတေးလိုက်ရတာနဲ့တင်
ဦးနှောက်သွေးက အကြောပေါက်
ဝိဉာဉ်တောင် ငရဲရောက်နှင့်ပေါ့။

မြန်မာပြည် မြေလွှာတလျှောက်
သွေးကျိန်စာကျရောက်စေခဲ့သူကြီးရဲ့
အခန်းဆက်မယ့် တခန်းရပ်မှာ
အခုအလှည့်ကျတာက ငရဲခန်းတဲ့...

ဇာတ်ရုပ်နဲ့ သရုပ်ဆောင်
ဟန်မဆောင်ကြေး ပြောရရင်ဖြင့်
လိုက်ဖက်လွန်းလှတဲ့ မြင်ကွင်းမို့
ပြည်သူတွေ လက်ခုပ်တီးသလို
ငရဲပြည်မှာ စည်တော်ဟီးမယ့်
အံ့သြဖွယ် လူ့မိစ္ဆာအဖြစ်
ခွေးသားရေမှာ မှတ်တမ်းထိုးလို့..။

ပီပြင်တဲ့ ဇာတ်ရုပ်မှာ
တိုင်းပြည်ဖျက်တဲ့ လူကြမ်း
ပြည်သူတွေကိုသတ်တဲ့ လူရမ်းကား
ဘဏ္ဍာတွေခိုးတဲ့ လူသရမ်း
သာသနာကိုဖျက်စေတဲ့ လူ့မိစ္ဆာ
အယုတ်ဘုရင်ရဲ့ လက်စွဲ (စစ်အုပ်ချုပ်ရေးခေတ်)
အရုပ်ဘုရင်ရဲ့ လက်ဝဲ (ဒီမိုကရေစီခေတ်)
တသက်စွဲလာခဲ့တဲ့ အကျင့်ဆိုး
ငါ့အမျိုးအတွက်ဆိုတဲ့ အတ္တ
ငါ့အဖွဲ့အတွက်ဆိုတဲ့ လောဘတွေအတွက်
မကြာခင်
ကပြရမယ့် ကကွက်က
ငရဲသို့ အခန်းဆက်..
ငရဲသို့ အခန်းဆက်..
ငရဲသို့ အခန်းဆက်.. တဲ့။

YaeTayZa

No comments:

Post a Comment