Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 11, 2015

တစ်ရက်တည်းသာ ကျင်းပမည့် Amazon အထူးဈေးပွဲတော်




ကမ္ဘာ့အကြီးဆုံး အွန်လိုင်း လက်လီအရောင်းဌာနကြီးဖြစ်သော Amazon သည် လာမည့် ဇူလိုင် ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့ တစ်ရက်တည်း အထူးဈေးပွဲတော် ကျင်းပ ရောင်းချမည်ဖြစ်ပြီး အမေရိကန်နိုင်ငံတွင် အကျော်ကြားဆုံး Black Friday ထက် လျှော့ဈေးအမျိုးအမည် ပိုမိုစုံလင် များပြားမည်ဟု သိရသည်။

အမေဇုံ အထူးဈေးပွဲတော်တွင် Prime Member ခေါ် အထူးအသင်းဝင်များကိုသာ ရောင်းချမည် ဖြစ်၏။ အထူးလျှော့ဈေးဖြင့် ဝယ်လိုသူများအတွက် နည်းလမ်းတစ်ခုမှာ ရက် ၃၀ အခမဲ့ အစမ်း အထူး အသင်းဝင်ထားသူများလည်း ဝယ်ယူခွင့်ရှိသည်။ ၎င်း 30-day free trial (ရက် ၃၀ အခမဲ့ အစမ်း) အထူးအသင်းဝင်လျှင် မိမိ၏ အမည်၊ နေရပ်လိပ်စာနှင့် ခရက်ဒစ်ကဒ်နံပါတ်ကို ပေးရမည် ဖြစ်သော်လည်း အခကြေးငွေ တစ်ပြားတစ်ချပ်မျှ ပေးရမည် မဟုတ်ပါ။

ရက် ၃၀ အတွင်း အချိန်မရွေး ပယ်ဖျက်ခွင့်ရှိ၍ ရက် ၃၀ ကျော်မှသာ တစ်နှစ် (၃၆၅ ရက်) အတွက် ၉၉ ဒေါ်လာ ကောက်ခံမည် ဖြစ်၏။ ထိုတစ်နှစ်အတွင်းမှာလည်း အချိန်မရွေး နုတ်ထွက်နိုင်ကာ အသုံးမပြုသော လများအတွက် ငွေပြန်အမ်းပါသည်။ ရက် ၃၀ အခမဲ့ အစမ်း အသင်းဝင်ရန်-Try Amazon Prime 30-Day Free Trial

အထူးအသင်းဝင်အကျိုးကျေးဇူး

Amazon Prime အစီအစဉ် အထူးအသင်းဝင်များသည် အမေဇုံမှ မည်သည့်ပစ္စည်းကို ဝယ်ယူသည်ဖြစ်စေ၊ ၂ ရက်အတွင်း အခမဲ့ အမြန်ပို့ပေးမည် ဖြစ်သည်။ ပို့ဆောင်ခ တစ်ပြားမျှ ပေးရန်မလိုပါ။
ထို့ပြင် HD အရည်အသွေးမြင့် ရုပ်ရှင်ဇာတ်ကားများ၊ တီဗီဇာတ်လမ်းတွဲများကိုလည်း ကြိုက်သလောက် အခမဲ့ ကြည့်ရှုနိုင်မည် ဖြစ်သည်။ ၎င်းရုပ်ရှင်များကို ကွန်ပျူတာဖြင့်သာမက တီဗီကြီးပေါ်မှာလည်း ကြည့်ရှုနိုင်သည်။ Watch Thousands of Movies & TV Shows Anytime - Start Free Trial Now
အထူးအသင်းဝင်များသည် တေးသီချင်းပေါင်း တစ်သန်းကျော်မှလည်း ကြိုက်ရာကို နားဆင်နိုင်မည် ဖြစ်သည်။ လက်ကိုင်ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတို့ဖြင့် မိမိ နှစ်သက်သလို နားဆင်ခံစားနိုင်သည်။ Listen to Over a Million Songs - Start Free Trial Now
မိမိတို့ ရိုက်ကူးသော ဓာတ်ပုံ၊ ဗီဒီယိုများကိုလည်း Amazon Cloud သို့ တင်ပို့ သိမ်းဆည်းထားနိုင်ပြီး ကမ္ဘာအနှံ့အပြားမှ မိမိကြိုက်သလို ကြည့်ရှုနိုင်သည်၊ ဒေါင်းလုတ် ယူနိုင်ပါသည်။ အကန့်အသတ် မရှိပါ။
စာပေဝါသနာရှင်များသည် အီးဘွတ်ခ် စာအုပ်ပေါင်း ၅ သိန်းကျော်မှ တစ်လလျှင် တစ်အုပ် အခမဲ့ ငှားရမ်းယူနိုင်ပါသည်။ အင်္ဂလိပ်စာအုပ်များသာမက၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယားစာအုပ်များလည်း ရနိုင်ပါသည်။
အင်တာနက်အွန်လိုင်းတွင် ကမ္ဘာ့ နံပါတ်တစ် အကြီးဆုံးဖြစ်သော အမေဇုံသည် ငွေပေးချေမှု လုံခြုံရေးအစီအစဉ်များ တင်းကျပ်စွာ လုပ်ဆောင်ထားပြီး၊ အာမခံချက်လည်း ရှိသည်။

ဝယ်ယူသော ပစ္စည်းကို မကြိုက်လျှင်ဖြစ်စေ၊ ချို့ယွင်းလျှင်ဖြစ်စေ၊ အသုံးမတည့်လျှင် ဖြစ်စေ၊ ငွေပြန်အမ်းပေးသော စနစ်ရှိသည်။ ပစ္စည်းပြန်ပို့သည့် စရိတ်ကိုလည်း ပေးရန်မလိုဘဲ နီးရာ UPS စတိုးဆိုင်တွင် ပြန်ပေးနိုင်သည်။ UPS ကို မိမိထံသို့ အိမ်တိုင်ယာရောက် လာယူခိုင်းလျှင်လည်း အခကြေးငွေ ပေးရန်မလိုပါ။

ထို့ပြင်၊ အချို့ပြည်နယ်များနှင့် အချို့ပစ္စည်းများအတွက် ရောင်းခွန်ပေးဆောင်ရန် မလိုခြင်းကြောင့် ဈေးသက်သာပြီး အပြင်ရှိဆိုင်များထက် တစ်ပန်းသာပါသည်။

ဇူလိုင် ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့သည် အလုပ်ပိတ်ရက်မဟုတ်ခြင်းကြောင့် အမေဇုံမှ ဝယ်ယူလိုသူများသည် မမေ့မလျော့ မှတ်သား ဝယ်ယူရမည်ဖြစ်၏။ ရက် ၃၀ အခမဲ့ အစမ်း (30-day free trial) အစီအစဉ်ဖြင့် ယခုအသင်းဝင်ထားလျှင် ဇူလိုင် ၁၅ ရက်နေ့ အထူးဈေးပွဲတော်တွင် ဝယ်ယူခွင့် ရှိ၍ ရက် ၃၀ မပြည့်မီ cancel လုပ်လျှင် အသင်းဝင်ကြေး လုံးဝ ပေးရမည် မဟုတ်ပါ။

No comments:

Post a Comment