Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 19, 2015

သာမန်လမ်းမတွေထက် ၃ ဆ ပိုမိုကြံခိုင်တဲ့ ပလတ်စတစ်လမ်းမတွေကို ဟော်လန်မှာ စတင်မိတ်ဆက်

ဒီသတင်းသာ အတည်ဖြစ်ပေါ်လာခဲ့ရင်တော့ နယ်သာလန်မှာ ရှိတဲ့ ယာဉ်မောင်းတွေဟာ ပိုမိုနူးညံပြီးချောမွေ့
တဲ့ လမ်းတွေပေါ်မှာ မောင်းနှင်ရတော့မှာပါ။

ရော့တာဒမ် မြို့ ကောင်စီက ကြေညာခဲ့တာကတော့ မြို့တွင်းက လမ်းတစ်ချိုကို Recycle ပြုလုပ်နိုင်ပြီး 
သဘာဝပတ်ဝန်းကျင် နဲ့ဆီလျော်တဲ့ ပလတ်စတစ် မျက်နှာပြင်နဲ့ လမ်းတွေ ကို တည်ဆောက်သွားမယ်
ဆိုတာပါပဲ။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ရလာမယ့်ကောင်းကျိုးကတော့ ပလတ်စတစ် လမ်းမတွေဟာ 
အပူချိန်မြင့်မားမှုကို ခံနိုင်ရည်ပိုရှိနိုင်တဲ့အတွက် ချိုင့်ခွက်တွေ မဖြစ်လာနိုင်တော့တာပါပဲ။

ထို စိတ်ကူးကို ရေးဆွဲဖန်တီးခဲ့တဲ့ VolkerWessels ဆိုတဲ့ ကုမ္မဏီကတော့ ပလတ်စတစ် လမ်းမတွေဟာ 
သာမန် ရိုးရာ လမ်းမတွေထက် ၃ ဆ ပိုမိုကြံခိုင်ပြီး တည်ဆောက်တဲ့အခါမှာလည်း လနဲ့ချီ အချိန်ပေးစရာ
မလိုပဲ ရက်သတ္တပတ် တွေအတွင်းမှာပဲ တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။

"ပလတ်စတစ်လမ်းမတွေဟာ လက်ရှိ လမ်းမ တည်ဆောက်ထားပုံတွေနဲ့ နှိုးယှဉ်လိုက်ရင် ကောင်းကျိုးတွေ
အများကြီး ရှိလာနိုင်ပါတယ်။ ပြုပြင်ဖို့လည်း လွယ်ကူနိုင်ပါတယ်။" လို့ VolkerWessels ကုမ္မဏီ ရဲ့ 
ဒါရိုက်တာ ဖြစ်သူ Rolf Mars က Guardian သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ထို ပလတ်စတစ်လမ်းမတွေကို လိုအပ်သလောက်သာ စက်ရုံတွေကနေ ထုတ်လုပ်မှာ ဖြစ်ပြီး 
ယာဉ်မောင်းတွေအတွက်လည်း ပိုမိုချောမွေ့ကောင်းမွန်တဲ့ လမ်းတွေပေါ်မှာ မောင်းနှင်နိုင်တော့မှာ
 ဖြစ်ပါတယ်။ ဒီစိတ်ကူး တွေကိုတော့ ဆောင်ရွက်ခွင့်ပြုဖို့ မဆုံးဖြတ်ရသေးတဲ့အနေအထားမှာသာရှိနေပြီး 
ကုမ္မဏီအနေနဲ့ ပလတ်စတစ်လမ်းမ မျက်နှာပြင်တွေဟာ စိုစွတ်တဲ့အချိန်တွေမှာ ရော ဘယ်လောက်ထိ 
လုံခြုံမှုရှိသလဲဆိုတာပေါ် မူတည်နေတယ်လို့ သိရပါတယ်။

VolkerWessels ကုမ္မဏီကတော့ ၃ နှစ်အတွင်း ပထမဆုံး ပလတ်စတစ် လမ်းမ ကို စတင် 
အသုံးပြုနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

No comments:

Post a Comment