ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံး တောင်ထိပ်ဖြစ်တဲ့ ဖူဂျီတောင်ပေါ်မှာ ကိုယ်တိုင်ရိုက် ဆယ်လ်ဖီဓာတ်ပုံတွေကို မကြာခင် မျှဝေနိုင်တော့မှာ ဖြစ်ပါတယ်။
အစိုးရတာဝန်ရှိသူတွေဟာ တောင်တက်သမားတွေ အားလုံးအတွက် ရည်ရွယ်ပြီး ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ဖို့ နိုင်ငံရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ အဲဒီတောင်ထိပ်ပေါ်မှာ ၀ိုင်ဖိုင်အသုံးပြုလို့ရအောင် စီစဉ်နေတယ်လို့ အဆာဟိရှင်ဘွန်းသတင်းက ဆိုပါတယ်။
ဒီအစီအစဉ်ဟာ အမေရိကနဲ့ ဥရောပနိုင်ငံတွေက တောင်တက်သမားတွေ ၃၇၇၆ မီတာ အမြင့်ရှိတဲ့ ဖူဂျီမီးတောင်ပေါ်က သူတို့အတွေ့အကြုံတွေကို အီးမေးလ်နဲ့ လူမှုကွန်ရက် မီဒီယာတွေကတဆင့် မျှဝေနိုင်ဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။
အဲဒီတောင်ထိပ် အနီးအနားမှာ ၀ိုင်ဖိုင် ဟော့စပေါ့စ် (Hotspots) ၈ ခုလောက် တပ်ဆင်သွားမှာပါ။
ဖူဂျီတောင်တက်ခရီးစဉ် လမ်းကြောင်းတလျှောက် နှစ်စဉ် လာရောက်လည်ပတ်ကြတဲ့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေဟာ ၄ သောင်းနဲ့ ၅ သောင်းကြားရှိပြီး တိုးတက်လာနေတယ်လို့ အဲဒီသတင်းက ဖော်ပြပါတယ်။
ဝိုင်ဖိုင်အသုံးပြုနိုင်ဖို့ တည်ဆောက်ရေး လုပ်ငန်းတွေကို ဂျပန်နိုင်ငံ တယ်လီကွန်း ကုမ္ပဏီကြီးတခုဖြစ်တဲ့ အန်တီတီနဲ့အတူ ယာမာနာရှီ၊ ရှီဇူအိုကာ ကုမ္ပဏီတွေက ပူးပေါင်းလုပ်ဆောင်ကြမှာဖြစ်ပြီး အသုံးပြုပုံ လက်ကမ်းကြော်ငြာ ၇ သောင်းလောက် ဖြန့်ဝေသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒါဟာ ကြော်ငြာတာတခုတည်းအတွက် မဟုတ်ဘဲ တောင်တက်သမားတွေ လုံခြုံမှုအတွက် ရာသီဥတုဆိုင်ရာနဲ့ တခြား သတင်းအချက်အလက်တွေ ရရှိစေနိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ၀ိုင်ဖိုင်ကို တကြိမ်အသုံးပြုရင် ၇၂ နာရီသာ အသုံးပြုလို့ ရဦးမှာဖြစ်လို့ နှေးကွေးတဲ့ တောင်တက်သမားတွေကတော့ သတိထားရဦးမယ်လို့ အဲဒီသတင်းက ဆိုပါတယ်။
DVB
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, July 8, 2015
ဂျပန်နိုင်ငံ၏ အမြင့်ဆုံး ဖူဂျီတောင်ပေါ်တွင် ၀ိုင်ဖိုင် အသုံးပြုနိုင်တော့မည်
ဂျပန်နိုင်ငံ၏ အမြင့်ဆုံး ဖူဂျီတောင်ပေါ်တွင် ၀ိုင်ဖိုင် အသုံးပြုနိုင်တော့မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 08, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 08, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment