CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, July 23, 2015
ဗိုက်အဆီဘယ်လိုချမလဲ
အိပ်ထမတင် လုပ်ခြင်းက အဆီကျဖို့ မထိရောက်ပါဘူး။
သာမန်လူတို့နားလည်စေမည့် အဆီချခြင်းအကြောင်း
(အရှင်းဆုံး နားလည်လွယ်စေရန် ရေးပါသည်)
အမှားတွေ တွေ့နေရလို့ ထုံးစံအတိုင်း အချိန်ကုန်ခံပြီး ရေးလိုက်ရပါတယ်။ သိသူဖော်စား မသိသူကျော်သွားပေါ့ ခင်များ။
Post တော်တော်များများက အိပ်ထမတင် လုပ်ခြင်းဖြင့် ဗိုက်ကျစေတယ် ဆိုကြလို့ ဒီဆောင်းပါးကို ရေးခြင်းပါ။ ဒါဟာ ခေတ်ဟောင်းနည်းဖြစ်ပြီး နောက်ပိုင်းတွေ့ရှိချက်တွေအရ မမှန်ပါဘူး။
အိပ်ထမတင်လုပ်ခြင်းဟာ အဆီကျစေဖို့ မထိရောက်ပါဘူး။
၁။ အဆီဆိုတာဘာလဲ ?
အရှင်းဆုံးပဲ ရေးပါမယ်။ တစ်နေ့တာအတွက် စားတဲ့ အစားအစာရဲ့ energyဟာ ပိုသွားရင် အဆီဖြစ်ပါတယ်။ တစ်နေ့တာအတွက် ပျမ်းမျှ ၂၀၀၀ မှ ၂၄၀၀ Calorie လိုတယ်ဆိုပါစို့။ ၂၆၀၀ calorie စားခဲ့ရင် ၂၀၀ cal လောက်က အဆီဖြစ်သွားပါတယ်။
သင့် ခန္ဓာကိုယ်က သုံးရင်သုံးသလောက်၊ ပိုရင် အဆီများလာမှာ ဖြစ်ပြီး၊ လိုရင် အဆီကျသွားမှာဖြစ်ပါတယ်။
၂။ အဆီကို ဗိုက်တစ်နေရာထဲ ရွေး၍ ချလို့မရပါ။
နောက်ဆုံးတွေ့ရှိချက်အရ အဆီဆိုတာ နေရာရွေးပြီး ချလို့မရပါဘူး။ ယောင်္ကျားလေးအတွက် နောက်ဆုံးကျန်တဲ့ အဆီဟာ ဗိုက်မှာဖြစ်ပြီး မိန်းကလေးများအတွက်က တင်ပါးပဲဖြစ်ပါတယ်။ ဗိုက်အဆီကျသွားတဲ့ တစ်နေ့၊ သင့် လက်မောင်း၊လည်ပင်း စတာတွေက အဆီပါကျသွားမှာပါ။ ဗိုက်တစ်ခုထဲ ပိန်ပြီး လက်မောင်းက အဆီတွေနဲ့ ဆိုတာ မဖြစ်နိုင်ပါ။
၃။ အဆီကို ဘယ်အချိန်မှာ ခန္ဓာကိုယ်က ယူသုံးသလဲ?
နှလုံးခုန်နှုန်းမြန်တဲ့ အချိန် heart rate မြင့်လာလေ ခန္ဓာကိုယ်က energy/calorie လိုလေပါပဲ။ အဲဒီ အချိန်ကျရင် စားထားသမျှ အစားအစာရယ်၊ အဆီရယ် စီမှ တစ်ဆင့် အချိုးကျစွမ်းအင်ကို ယူပါတယ်။
မရှုပ်သွားစေချင်ပေမယ့် ဗဟုသုတအနေနဲ့ ထည့်ပေးလိုက်ပါတယ်။
Heart rate မြန်ရင်(ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ရင်) အစားအစာကရော၊ ပိုနေတဲ့ အဆီ စီကပါ ခန္ဓာကိုယ်က (များစွာ) ယူပြီးသုံးပါတယ်။
Heart rate နှေးရင် (လမ်းလျှောက်ခြင်း) အစားအစာဆီကရော၊ အဆီကနေပါ ယူသုံးပေမယ့် ပမာဏနဲလို့ မထိရောက်ပါဘူး။
ဖြေးဖြေးနဲ့ ၁နာရီလုပ်မယ့်အစား ပြင်းပြင်းထန်ထန်လေး မိနစ်နှစ်ဆယ်မျှ လုပ်ခြင်းက ပိုထိရောက်ပါတယ်။
၎။ ဘယ်လို လေ့ကျင့်ခန်းက Heart rate မြန်စေသလဲ?
ဒီလို လေ့ကျင့်ခန်းမျိုးကို cardio လို့ အလွယ်ခေါ်ကြပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတော်တော် များများသုံးခြင်းဖြင့် သွေးလည်ပတ်မှုကို ပိုစေပြီး၊ heart rate မြင့်စေပါတယ်။ Heart rate မြင့်လေ energy ပိုသုံးလေ၊ energy သုံးလေ အဆီ ပိုကျလေပါပဲ။ အိပ်ထမတင်လုပ်ခြင်းဖြင့် heart rate မြင့်စေနိုင်သော်လည်း လုံလောက်တဲ့ ပမာဏကို မရောက်စေပါဘူး။ အကောင်းဆုံးလေ့ကျင့်ခန်းကတော့ ပြေးခြင်း၊ ကြိုးခုန်ခြင်း၊ ရေကူးခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ လှေကားတက်ခြင်း စသည်တို့ဖြစ်ပါတယ်။
Heart rate ကိုလဲ အကောင်းဆုံးနဲ့ အန္တရာယ်အကင်းဆုံးရှိနေစေဖို့ 150 ၀န်းကျင်လောက်မှာ ထိန်းထားပါ။
၅။ အစာကို အချိန်မှန် မပြတ်မလတ်စားပေးပါ။
အဆီချမယ်ဆိုပြီး အစာစားခိုင်းလို့ မအံ့သြပါနဲ့။ အစာစားခြင်းက အစာခြေဖျက်နှုန်းကို အထောက်အကူပြုပါတယ်။ ပုံမှန်စားလေ အစာခြေနှုန်းကောင်းလေပါ။ တစ်ရက်ကို တစ်ခေါက်လောက်ပဲစားတဲ့လူအတွက် နောက်တစ်ခေါက်ထပ်စားရင် အစားခြေနှုန်းအဲလောက် မကောင်းတော့လို့ အဆီချဖို့ အထောက်အကူမဖြစ်စေပါဘူး။
အကြိမ်များများခွဲစားပါ ဆိုတာက ပမာဏတူ အစားအစာကို ၂ ခေါက်စားမယ့်အစား ၄ ခေါက်လောက်နဲနဲစီ ခွဲစားခြင်းပါ။
အားလုံးပဲ အမှားတွေသိရှိပြီး အမြန် အဆီကျနိုင်ပါစေ။ အဆီချခြင်း ဟာလဲ လမ်းမှားရင် မှားသလောက် ၁ နှစ် ၂နှစ် ကြာသွားနိုင်တာမို့ သိချင်သူများ အကျိုးပွားအောင် အချိန်ကုန်ခံ ရေးလိုက်ရကြောင်းပါ။
Golden_Dreams
ဗိုက်အဆီဘယ်လိုချမလဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 23, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment