CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, July 4, 2015
အမျိုးသားများ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် မဖြစ်မနေလုပ်ဆောင်ရမယ့် အချက်(၇) ချက်
အမျိုးသားတွေရဲ့ လိုအပ်ချက်ကို အမျိုးသားတွေနည်းတူ အမျိုးသမီးတွေလည်း သိချင်နေ ကြပါတယ်... ဘာတွေများလိုအပ်နေပါသလဲ! အမျိုးသားတွေက ကိုယ့်မှာရှိနေတဲ့ လိုအပ်ချက် (သို့) လိုအပ်မှုလေးတွေကို သတိမထားမိပဲ ရှိနေတတ်ကြပါတယ်။
တစ်နေ့တာကနေပဲ စတင်တာဆိုတော့ အမျိုးသားတွေရဲ့ တစ်နေ့တာလိုအပ်ချက်လေး တွေကို ပြောကြရအောင်ပါ ... အမျိုးသားတွေရဲ့ အောင်မြင်မှုနှင့် ကျန်းမာရေးရဲ့ အဓိကလျှို့ဝှက် ချက်ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုကောင်းမွန်ခြင်း (Good personal Hygiene) ဖြစ်ပါတယ်
အမျိုးသားတိုင်း အောင်မြင်မှုရဖို့နဲ့ ကျန်းမာစေဖို့အတွက် မဖြစ်မနေလုပ်ဆောင်ရမယ့် အချက်(၇)ချက်နဲ့ စတင်မိတ်ဆက်ပေးလိုက်ပါတယ်...
(၁) Deodorant (ချွေးနံ့ပျောက်ဆေး) ကိုအသုံးပြုပါ
လှုပ်ရှားသွားလာနေတဲ့ အမျိုးသားတွေအတွက် Deodorant ကတော့ မရှိမဖြစ်ပါပဲ... ချွေး ကြောင့်ဖြစ်လာတဲ့ အနံ့တွေကို တားဆီးပေးပြီး အနံ့ဆိုးကိုမဖြစ်စေနိုင်တော့ဘူး။ ဒါကြောင့်ဘယ် လုပ်ငန်းခွင်က အမျိုးသားတွေမဆို အသုံးမပြုမဖြစ်အသုံးပြုပြီး ကိုယ်ခန္ဓာက အနံ့အသက်ကို ထိမ်းသိမ်းနိုင်ပါတယ်... ဆိုးဆိုးရွားရွားစူးရှတဲ့ အနံ့တွေရွေးချယ်ထားရင်လည်း ကိုယ့်ဆီကအနံ့ နဲ့ပေါင်းစပ်လို့ ပိုမိုဆိုးရွားသွားစေနိုင်တယ်ဆိုတာတော့ သတိပေးလိုပါတယ်...အနံ့သိပ်မပြင်းပဲ လက်ရှိအသုံးပြုနေတဲ့ ရေမွှေး(သို့)Cologne နဲ့ အမျိုးအစားအနံ့တူရင် ပိုကောင်းပါတယ်...
(၂) တစ်နေ့(၂)ကြိမ်တော့ မျက်နှာသစ်ပေးပါ
သင်ကော တစ်နေ့ကို ဘယ်နှစ်ကြိမ် မျက်နှာသစ်ပါသလဲ ... မနက်တစ်ခါ ညနေတစ်ခါ နှစ်ခါတော့ အနည်းဆုံးသစ်မှာပါ။ မျက်နှာသစ်တဲ့အကြိမ်ရေက အရေးကြီးလွန်းတဲ့ အချက်တစ်ခု မဟုတ်ပေမယ့် အမျိုးသားတွေရဲ့ ကျန်းမာရေးရှုထောင့်မှာတော့ အရေးပါတဲ့ အချက်ပါပဲ ...
မျက်နှာကိုဘယ်လိုဆပ်ပြာမျိုးတွေနဲ့အသုံးပြုပြီး သစ်နေလဲ ... ကိုယ်ခန္ဓာမှာ အသုံးပြုတဲ့ Body Gel တို့ Body Scrub တို့နဲ့များလား.... စိုးရိမ်မိပါတယ်။ တစ်ချို့အမျိုးသားတွေကတော့ လွယ်လွယ်ကူကူပဲ ရေချိုးခန်းထဲက အဆင်ပြေတဲ့ ဆပ်ပြာနဲ့ မျက်နှာသစ်လိုက်ကြမှာပါပဲ ... ဒီလို တော့မဟုတ်ဘူးလေ။ မျက်နှာနဲ့ကိုယ်ခန္ဓာက PH Level မတူတော့ PH Balance ဖြစ်အောင် မျက်နှာအတွက် အသုံးပြုဖို့ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာကိုပဲ အသုံးပြုရမှာပါ ...
(၃) နေ့စဉ်သွားပွတ်ကြိုးကို အသုံးပြုပေးပါ
သင်သိထားတဲ့ နေ့စဉ်သွားတိုက်ရင်လုံလောက်ပြီလို့ထင်ထားတာ .. တစ်ကယ်တော့ မလုံ လောက်သေးပါဘူး... သင့်ရုတ်တရက်မမြင်နိုင်တဲ့သွားတွေကြားက အကြွင်းအကျန်တွေကို သွားပွတ်ကြိုး (Floss) နဲ့သာ ဖယ်ရှားပေးနိုင်တာပါ။ ပြီးတော့ သင်ရဲ့လျှာကိုလည်း သန့်ရှင်းရေးလုပ် ပေးလိုက်ပါ။ ခံတွင်းမှာ အကြွင်းအကျန်တွေမရှိတော့ရင် အနံ့ အသက်ဆိုးရွား စရာမရှိတော့ပါဘူးပေါ့။ နောက်ဆိုရင်တော့ Brush & Floss, Scrub Your Tongue လုပ်ဖို့ နေ့စဉ်အလုပ်ဆိုတာ မမေ့ပါနဲ့နော် ...
(၄) အတွင်းခံကို နေ့စဉ်လဲဝတ်ပေးပါ
အမျိုးသားတွေရဲ့ မမြင်နိုင်ဘူးထင်ရတဲ့ အတွင်းခံကလည်းအရေးကြီးပါတယ်... သန့်ရှင်း ပြီးခြောက်သွေ့တဲ့ အတွင်းခံကို နေ့စဉ်လဲဝတ်ပေးပါ။ ဒါကတော့ အမျိုးသားတွေကျန်းမာရေး အတွက် သိပ်ကိုအရေးကြီးပါတယ်။ အားကစားလုပ်ချိန်မှာဝတ်တဲ့ ၀တ်ပြီးသား အတွင်းခံကိုလည်း ပြန်မ၀တ်ပါနဲ့လို့ ပြောပါရစေ...
(၅) ရေချိုးတဲ့အခါ
မနက်စောစောအိပ်ယာနိုးတဲ့အခါနဲ့ အလုပ်ကပြန်ရောက်တဲ့အခါ နှစ်ကြိမ်ကတော့ လူတိုင်း (အလုပ်လုပ်နေကြတဲ့လူတိုင်း) ချိုးကြတာပါပဲ။ ဒီလိုမချိုးဘူးဆိုရင်လည်း ချိုးဖြစ်အောင်တော့ ချိုးရမှာပါ... ပြီးတော့ အားကစားလုပ်ပြီး ချွေးထွက်ပြီးသွားတိုင်းမှာ ရေချိုးသန့်စင်ပေးပါ။
(၆) ခြေသည်းလက်သည်းတွေကို အရှည်မခံပါနဲ့
အမျိုးသားတွေရဲ့ လက်သည်း၊ ခြေသည်းတွေကို သန့်ရှင်းတိကျနေအောင် ညှပ်ထားတာ အမျိုးသားတွေအတွက် အရေးကြီးတဲ့ Hygiene Step တခုပါ။ လက်သည်းတွေရှည်လာတာနဲ့ အမျှ ဖုန်နှင့် အညစ်အကြေးတွေစုလာပြီး လက်သည်းမှာတင်ကျန်နေတာပါ။ ဒီအချက်ကတော့ ကျန်းမာရေးအတွက် မကောင်းသလို၊ အမျိုးသားတွေအတွက် အမြင်မှာ မတင့်တယ်နိုင်ပါဘူး။ ခြေသည်းလက်သည်းတွေကို ညှပ်ပြီးရင်တော့ Hand Lotion တစ်ခုခုနဲ့ လိမ်းပေးပြီး အသားအရေ ကိုထိမ်းသိမ်းဖို့ မမေ့ပါနဲ့နော်...
(၇) နေ့စဉ်ရိတ်ပေးပါ
အမျိုးသားတွေရဲ့ မျက်နှာပြင်တစ်ဝက်လောက်နေရာယူနေတဲ့ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး နဲ့ ပါးသိုင်းမွှေးတွေကို နေ့စဉ်ရိတ်ပေးပါ။ ဒါမှလဲ ရှင်းသန့်ပြီး ကြည့်ကောင်းတဲ့အသွင်အပြင်ကို ဆောင်ပါတယ်။ တစ်ရက်လောက်တော့ အနားယူချင်ရင်တော့ အလုပ်မရှိတဲ့ရက်နဲ့ ရုံးပိတ်ရက်ကို ရွေးချယ်လိုက်ပါ။
အထက်ပါအချက် (၇)ချက်ကတော့ သာမန်အချက်ကလေးတွေလို့ ထင်ရပေမယ့် တစ် ကယ့်ကိုအရေးကြီးပြီး မဖြစ်မနေလုပ်ရမယ့်အဓိကအချက်တွေပါ။ နေ့စဉ်ဒီလို Step တွေကို လုပ် ဆောင်နေတဲ့ အမျိုးသားတွေရှိသလို မလုပ်ဆောင်ဖြစ်တဲ့ အမျိုးသားတွေလည်းရှိနေမှာပါ။ ဒီတော့ မလုပ်ဆောင်ဖြစ်ဘူးဆိုလည်း ယနေ့ကစလို့ တစ်ကိုယ်ရေကျန်းမာရှင်းသန့်အောင် လုပ်ဆောင် ကြပါစို့နော် ...
ဒီအကြောင်းအရာလေးတွေက ပြီးခဲ့အပတ် NOW! Mag ဖော်ပြထားခဲ့ပေမယ့် မဖတ်ရသေးတဲ့ ကျွန်တော်မိတ်ဆွေတွေ အတွက် ဖော်ပြပေးလိုက်တာပါနော်... ကျွန်တော့်စာမျက်နှာ မှာလည်း မတင်ရသေးတော့ အသစ်ပါပဲနော် ...
(Ref: www.mensfitness.com,www.everydayhealth.com)
အမျိုးသားများ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် မဖြစ်မနေလုပ်ဆောင်ရမယ့် အချက်(၇) ချက်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 04, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 04, 2015
Rating: 5
Subscribe to:
Post Comments (Atom)





No comments:
Post a Comment