CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, July 22, 2015
သ၀န်တိုတတ်သူများ အရက်သမား ဖြစ်နိုင်ခြေပိုများဟု လေ့လာမှုတစ်ခု ဖော်ပြ
တစ်စုံတစ်ဦးနှင့် ချစ်ကြိုက်နေစဉ် အတွင်း သ၀န်တိုစိတ်ဝင်ခြင်း နှင့် အရက်သောက်ခြင်း တို့ကြား ဆက်စပ်မှု ရှိနေကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။
သ၀န်တိုမှု၊ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုနှင့် အရက်သောက်မှုတို့ကြား ဆက်စပ်မှုကို လေ့လာထားခြင်း ဖြစ်သည်။ ကိုယ်ချစ်သူ ခင်သူနှင့် ဆက်ဆံရေး အဆင်ပြေမှသာ စိတ်ချမ်းသာရ သူများသည် ကိုယ်ချစ်ခင်ရသူက ဖောက်ပြန် နေသည်ဟု ယူဆနေပါက အရက်ကို ဖိသောက်လေ့ ရှိကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။
လူမှုဆက်ဆံရေးတွင် အနည်းနှင့် အများတော့ သ၀န်တိုစိတ် ၀င်လေ့ ရှိသော်လည်း ကိုယ့် ကိုယ်ကိုယ် ယုံကြည်စိတ် နည်းပါးသူများသည် ချစ်သူခင်သူက ကိုယ့်အပေါ် လိမ်ညာနေသည်ဟု ယူဆပါက အရက်သောက် နိုင်ခြေ ပိုမိုများကြောင်း ဟူစတန် တက္ကသိုလ်မှ လေ့လာမှုတွင် ပါဝင်ခဲ့သည့် ဒေါက်တာအန်ဂျလို ဒီဘယ်လိုက ပြောဆိုခဲ့သည်။
ဒေါက်တာ ဘီဘယ်လိုနှင့် အဖွဲ့သည် အမျိုးသမီး (၈၇) ရာခိုင်နှုန်း ပါဝင်သော တက္ကသိုလ် ကျောင်းသား (၂၇၇) ဦးတို့အား ချစ်မှုခင်မှု ဆက်ဆံရေး အပေါ်တွင် ၎င်းတို့၏ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုမည်မျှ မူတည်နေသည်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည်။ ကျောင်းသား ကျောင်းသူများအား စိတ်ကျေနပ်မှု၊ စိတ်ပါဝင် စူးစိုက်မှု၊ ရင်းနှီးကျွမ်းဝင်မှု၊ သ၀န်တိုမှုနှင့် အရက်သောက်သုံးမှုများနှင့် ပတ်သက်ပြီး မေးခွန်း ထုတ်ခဲ့သည်။
ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုရှိ မရှိသည် ချစ်သူ ခင်သူနှင့် ဆက်ဆံရေး အဆင်ပြေမှု မပြေမှုအပေါ် မူတည်သည်ဟု ပြောဆိုသူများသည် သ၀န်တိုစိတ် ပြေပျောက်စေရန် အရက်ကို ဖိသောက်လေ့ ရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်။ လေ့လာမှုကို Addictive Behaviors ဂျာနယ်တွင် ဖော်ပြထားသည်။
messenger news journal
သ၀န်တိုတတ်သူများ အရက်သမား ဖြစ်နိုင်ခြေပိုများဟု လေ့လာမှုတစ်ခု ဖော်ပြ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 22, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 22, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment