CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, July 22, 2015
ကိုယ့်ရဲ့ သွားတိုက်တံမှာ မစင်တွေ ကပ်နေနိုင်ပါသတဲ့
ကိုယ့်ရည်းစားရဲ့ မုတ်ဆိတ်မွေးတွေကို ငြိုငြင်နေမယ့်အစား တစ်ရက်မှာ နှစ်ကြိမ်ပါးစပ်ထဲကို ရောက်နေတဲ့ ကိုယ့်ရဲ့ သွားတိုက်တံလေးတွေကို ပိုပြီးအာရုံစိုက်သင့်ပါတယ်။
လေ့လာတွေ့ရှိချက် အသစ်အရ ရေချိုးခန်းအိမ်သာတွဲရက် အခန်းမှာရှိတဲ့ သွားတိုက်တံတွေမှာ မစင်တွေ ကပ်ငြိနေနိုင်ပြီး ရောဂါပိုးမွှားတွေရဲ့ နိဗ္မာန်ဘုံဖြစ်နေနိုင်ပါသတဲ့။ Quinnipiac University က လေ့လာသူတွေက မကြာခင်ကပဲ အနည်းဆုံး ကျောင်းသား ကိုးယောက်ရဲ့ ရေချိုးခန်းမှာရှိတဲ့ သွားတိုက်တံတွေကို လေ့လာခဲ့ပါသတဲ့။
ပစ္စည်းအထားအသို ပုံစံတွေမပါဘဲ လေ့လာချက်အရ သွားတိုက်တံတွေရဲ့ ၆၀ရာခိုင်နှုန်းခန့်မှာ မစင်အမှုန်အမွှားတွေ ကပ်နေတာကို တွေ့ရှိခဲ့ရပါတယ်။
ရေချိုးခန်းမှာ သွားတိုက်တဲ့သူတွေရဲ့ ပါးစပ်ထဲကို မစင်မော်လီကျူးအနည်းငယ် ၀င်နိုင်ပါသတဲ့။ ဒါပေမယ့် မိမိရဲ့မစင် ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားတာ ပြသနာမရှိပါဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။
“ သွားတိုက်တံမှာရှိတဲ့ ကိုယ့်မစင်အမှုန်အမွှား ပါးစပ်ထဲကို ၀င်တာ ကိစ္စမရှိပေမယ့် အခြားသူတစ်ယောက်ရဲ့ မစင်အမှုန်အမွှားတွေပါတော့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စပိုးတွေ ပါဝင်နေနိုင်ပါတယ်” လို့ Quinnipiac University မှ လေ့လာသူ Lauren Aber က ထုတ်ဖော်ပြောကြားသွားပါတယ်။
သွားတိုက်တံတွေမှာ ကပ်နေတဲ့ မစင်အမှုန်အမွှားတွေဟာ ၆၀ ရာခိုင်နှုန်းရှိပြီး အဲဒီအထဲက ၈၀ ရာခိုင်နှုန်းဟာ အခြားလူတွေရဲ့ မစင်အကြွင်းအကျန်တွေ ဖြစ်ပါသတဲ့။
သိပ္ပံပညာရှင်တွေက ပူနွေးစိုစွတ်တဲ့ နေရာမှာ ဘက်တီးရီးယားတွေ ပိုမိုရှင်သန်ပေါက်ဖွားနိုင်တာကြောင့် သွားတိုက်တံကို အစွပ်လေးတွေစွပ်ပြီး သိမ်းဆည်းဖို့ အကြံပေးထားပါတယ်။ သွားတိုက်တံတွေကို ထောင်ထားပြီး လေထဲမှာ အခြောက်ခံထားတာ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။
Thithtoolwin
ကိုယ့်ရဲ့ သွားတိုက်တံမှာ မစင်တွေ ကပ်နေနိုင်ပါသတဲ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 22, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment