Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 22, 2015

Air-con က ကျန်းမာရေးအတွက် ဘယ်လောက် အန္တရာယ်များလဲဆိုတာ


ပူအိုက်ခြင်းမှ ကာကွယ်ပေးနိုင်တာ အရေးမကြီးပါဘူး။ သုတေသီအများစု အခိုင်အမာပြောဆိုထားတာတော့ air-con ကို အားမကိုးသင့်ဘူး ဆိုတာပါပဲ။ Air-con ကို ပုံမှန်မသန့်ရှင်းပေးပါက ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အကျိုးဆက်တွေသာ ရှိပါတယ်။Air-con ထဲမှာ ဘက်တီးရီးယားနဲ့ မိုခရိုအော်ဂင်နီယမ် အမြောက်အများ နေထိုင်ပါတယ်။ သူတို့တွေထဲ တခါတလေမှာ သေစေနိုင်တဲ့ legionella ဘက်တီးရီးယားခေါ် အန္တရာယ်အများဆုံးအရာတွေ ရှိပါတယ်။

အဲဒီဘက်တီးရီးယားမှာ ပုံမှန်ထိန်းသိမ်းမှု မလုပ်မထားတဲ့ စက်တွေမှာ ကြီးထွားဖွံ့ဖြိုးပြီး မျိုးပွားကြပါတယ်။ ရောဂါလက္ခဏာတွေ ဘက်တီးရီးယား ပိုးမွှားများ အားနည်းခြင်း၊ နွမ်းလျခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခန္ဓာကိုယ်အပူချိန် ၃၉ ဒီဂရီထိထက် များနေခြင်း၊ သလိပ်မပျော်ဘဲ ချောင်းဆိုးခြင်း စတာတွေ ဖြစ်တဲ့အခါ ရောဂါလက္ခဏာများ ဖြစ်ပေါ်ပါတယ်။အန္တရာယ်အများဆုံးက အသက်ရှူမှု ဆိုင်ရာပြသနာရှိသူများ၊ ကလေးငယ်များ၊ နာတာရှည်ရောဂါ၊ အရက်သမားများနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ ဒီရောဂါကို အချိန်မီ မသိပါက သေဆုံးမှုနဲ့ အဆုံးသတ်နိုင်ပါတယ်။ ဒါပေမယ့် အချိန်မီ သိရှိမယ်ဆိုရင် ပိုးသတ်ဆေးတွေနဲ့ အောင်မြင်စွာ ကုသနိုင်ပါတယ်။

Aye Chan Mon

No comments:

Post a Comment