“ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားကို အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသနေဆဲ အချိန်မှာပဲ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ဖြစ်ရပ်ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းကာ ဖော်ထုတ်သွားမယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းက The Voice ကို ပြောဆိုလိုက်ပါတယ်။
“ကိုယ်တို့ ပြန်ကြားရေး ဒုဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးပွဲလေး လုပ်ဖို့ရှိတယ်။ အဲဒီမှာ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကိစ္စကို ဖော်ထုတ်ဖို့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့လေး ဖွဲ့ပြီးတော့ ဘယ်လိုဆောင်ရွက်မယ်။ ဘယ်လိုစီစဉ်မယ် ဆိုတာကို ဆွေးနွေးတိုင်ပင်သွားပါမယ်” လို့ ၎င်းက ထပ်လောင်းပြောဆိုပါတယ်။
ယင်းရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသနေဆဲ အချိန်မှာပဲ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ဖြစ်ရပ်က ပြန်လည်ဦးမော့လာဖို့အတွက် အားယူနေတဲ့ ရုပ်ရှင်လောက တစ်ခုလုံးကို အသေသတ်မယ့် ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း၊ ရုပ်ရှင်ထုတ်လုပ်သူများ အတွက်လည်း ဒီဖြစ်ရပ်က သင်ခန်းစာယူစရာ ဖြစ်ပြီး ကိုယ်စီစဉ်ထုတ်လုပ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကို လုံခြုံအောင် ထိန်းသိမ်းနိုင်ဖို့အတွက် ပိုမိုသတိရထားရတော့မှာ ဖြစ်တယ်လို့ လူမင်းက ပြောပါတယ်။
“ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားက အွန်လိုင်းပေါ်မှာ မပျံ့နှံ့ခင် အချိန်အထိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံပြည့်ရုံလျှံ အောင်ပွဲခံ ပြသနိုင်ခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက်မှာတော့ ယင်းဇာတ်ကားကို တယ်လီဖုန်းထဲ၌ လက်ဝယ်ထားခြင်း၊ CD၊ DVD နဲ့ ကူးယူထားခြင်း၊ လူမှုကွန်ရက်စာမျက်နှာ (Facebook) ၌ Post တင်ထားခြင်း ရှိပါက ပယ်ဖျက်ပေးရန် မလိုက်နာပါက အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ အပါအဝင် တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ ဇာတ်ကားကို ထုတ်လုပ်တဲ့ ထားဝယ် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်ပြန်ကြေညာခဲ့ရပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ စာရေးဆရာမ ပုညခင်ရဲ့ ဝတ္ထုကို ဒါရိုက်တာဝိုင်းက စီစဉ်ရိုက်ကူးပြီး သရုပ်ဆောင် နေတိုး၊ ဖွေးဖွေး၊ ဟဲဗီးဖြိုးနဲ့ ယွန်းယွန်းတို့က ပါဝင်သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
The Voice Weekly
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 5, 2015
ကျွန်မက နှင်းဆီပါမောင်အတွက် စုံစမ်းရေးအဖွဲ့ ဖွဲ့မယ်လို့ လူမင်းပြောပြီ
ကျွန်မက နှင်းဆီပါမောင်အတွက် စုံစမ်းရေးအဖွဲ့ ဖွဲ့မယ်လို့ လူမင်းပြောပြီ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 05, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 05, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment