ဘုတလင်မြို့နယ်၊ တော်ဦးဘ
ကျေးရွာတွင် ယခုလ(၂၀)ရက်နေ့ နံနက်(၈)နာရီ အချိန်၌ ကျောင်းသို့ သွားရန်
လမ်းကြုံထည့် ပေးလိုက်သည့် အရွယ်မရောက်သေး သူအား လမ်းခုလတ်တွင်
အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
ဖြစ်စဉ်တွင် တော်ဦးဘကျေးရွာ အနီး နှစ်မိုင်ခန့် ကွာဝေးသည့် လယ်စောင့်တဲတွင် နေထိုင်သည့် ဦး.......သည် သမီးဖြစ်သူ ခြောက်နှစ်အရွယ် အရွယ် မရောက်သေးသူအား ကျောင်းသို့သွားရန် တဲနီးချင်း ဖြစ်သူမှ ညီငယ် နှစ်ဦးအား ကျောင်းသို့ ပို့ဆောင်ပေးရန် ပြင်ဆင်နေသည့် မောင် အငယ်(၁၈)နှစ်နှင့်အတူ လမ်းကြုံ ထည့်ပေးလိုက်ကြောင်း ပထမ သတင်းပေးချက် အရ သိရသည်။
ယင်းသို့ ကျောင်းသို့သွားရာ လမ်းခုလတ် လယ်စောင့်တဲနှင့် ကျောင်းနှင့် အကြား ရေကန်တစ်ခု အနီးတွင် မောင်အငယ်မှ ညီဖြစ်သူ နှစ်ဦးအား ဆိုင်ကယ် ရေဆေးခိုင်းခဲ့ပြီး မ........ ခြောက်နှစ်အား ရေကန် အနီးတောစပ်သို့ ခေါ်သွားကာ အဓမ္မပြုကျင့်ခဲ့ကြောင်း မှုခင်း မှတ်တမ်းများအရ သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ယခုလ (၂၂)ရက်နေ့တွင် သမီးဖြစ်သူထံမှ အဓမ္မပြုကျင့်သည့် ဒဏ်ရာများ တွေ့ရှိခဲ့သဖြင့် မေးမြန်းကြည့်ရာ အမှုမှန် ပေါ်ပေါက်ခဲ့သဖြင့် မောင်အငယ်(၁၈)နှစ်အား အရေးယူပေးရန် ဖခင်ဖြစ်သူမှ တိုင်းတန်း ခဲ့သည့်အတွက် ဘုတလင်မြို့မ ရဲစခန်းမှ (ပ) ၁၀၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

No comments:
Post a Comment