Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 8, 2015

အလုပ်မှ ရပ်စဲခံရပါက လုပ်သက်ပေါ် မူတည်၍ နစ်နာကြေး ၁၃ လစာအထိ ရရှိမည်

အလုပ်မှ ရပ်စဲခံရသော အလုပ်သမားများ လုပ်သက်အ ပေါ်မူတည်၍ နစ်နာကြေးအမြင့် ဆုံး ၁၃ လစာအထိ ရရှိနိုင်မည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ဇူလိုင် ၃ ရက်စွဲဖြင့် ထုတ်ပြန်သည်။

အလုပ်မှ ရပ်စဲခံရသည့် အ လုပ်သမားများအား အလုပ်ရှင်က ပေးရမည့် နစ်နာကြေးနှင့် ပတ် သက်၍ အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန က အမိန့်ကြေညာချက်ထုတ်ပြန် ခဲ့ရာ လုပ်သက်ရင့် လုပ်သားများ အတွက် နစ်နာကြေးရရှိနိုင်မှုများ မြင့်တက်လာခြင်းဖြစ်သည်။

‘‘အခု အမိန့်ကြေညာချက်မှာ တော့ လုပ်သက်အပေါ် မူတည်ပြီး နစ်နာကြေးရပိုင်ခွင့်အဆင့် ၁၀ မျိုးထိ သတ်မှတ်ပေးလိုက်တာ။ လုပ်သက်ရင့်သမားတွေအတွက် တော့ နစ်နာကြေးရပိုင်ခွင့်က ပို များသွားတယ်’’ဟု အလုပ်သမား ရေးရာ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုထုတ်ပြန်လိုက်သော အမိန့်ကြေညာစာတွင် လုပ်သက် ခြောက်လပြည့်ပြီး တစ်နှစ်မပြည့် ပါက နစ်နာကြေး လဝက်စာ၊ လုပ်သက်တစ်နှစ်ပြည့်ပြီး ၂ နှစ် မပြည့်ပါက နစ်နာကြေးတစ်လ စာ၊ လုပ်သက် ၂ နှစ်ပြည့်ပြီး သုံး နှစ်မပြည့်ပါက နစ်နာကြေးတစ် လခွဲစာ၊ လုပ်သက်သုံးနှစ်ပြည့်ပြီး လေးနှစ်မပြည့်ပါက နစ်နာကြေး သုံးလစာ၊ လုပ်သက်လေးနှစ်ပြည့် ပြီး ခြောက်နှစ်မပြည့်ပါက နစ်နာ ကြေးလေးလစာ၊ လုပ်သက် ခြောက်နှစ်ပြည့်ပြီး ရှစ်နှစ်မပြည့် ပါက နစ်နာကြေး ငါးလစာ၊ လုပ် သက်ရှစ်နှစ်ပြည့်ပြီး ဆယ်နှစ်မ ပြည့်ပါက နစ်နာကြေး ခြောက်လ စာ၊ လုပ်သက်ဆယ်နှစ်ပြည့်ပြီး နှစ် ၂၀ မပြည့်ပါက နစ်နာကြေး ရှစ်လစာ၊ လုပ်သက် ၂၀ နှစ်ပြည့် ပြီး ၂၅ နှစ်မပြည့်ပါက နစ်နာ ကြေး ၁၀ နှစ်စာ၊ လုပ်သက် ၂၅ နှစ်နှင့်အထက်ရှိပါက နစ်နာကြေး ၁၃ လစာကို အလုပ်ရှင်က ပေး လျော်ရမည်ဟု ဖော်ပြထားသည်။

ထိုသို့ နစ်နာကြေးပေးရာ တွင် အလုပ်သမား၏ နောက်ဆုံး ထုတ်လစာကို တွက်ချက်၍ ပေး လျော်ရမည်ဖြစ်ပြီး အချိန်ပို ကြေး ပါဝင်ခြင်းမရှိကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အ ကိုင်နှင် လူမှုဖူလုံရေးဝန်ကြီးဌာန အနေဖြင့် ယခင်က အလုပ်သမား နစ်နာကြေးနှင့် ပတ်သက်၍ ယခု ကဲ့သို့ အမိန့်ကြေညာချက်ဖြင့် ထုတ်ပြန်ထားခဲ့ခြင်းမျိုး မရှိခဲ့ ကြောင်း အထက်ပါတာဝန်ရှိသူ က ဆိုသည်။

အရင်က အလုပ်ရှင်တွေရဲ့ EC စာချုပ်မှာပဲ သဘောတူညီ ချက်အနေနဲ့ ထည့်သွင်းဖော်ပြ တာရှိတယ်။ အခုမှ အမိန့်ကြေ ညာချက်ထုတ်ပြန်တာ’’ဟု ၎င်းက ဆိုသည်။

ယခင်က အလုပ်သမားနစ် နာကြေးနှင့်ပတ်သက်၍ လုပ် သက် တစ်နှစ်ရှိသူမှာ နို့တစ်ကြေး တစ်လစာနှင့် နစ်နာကြေး တစ် လစာ ပေါင်းနှစ်လစာ ခံစားခွင့် ရရှိပြီး လုပ်သက်တစ်နှစ်မှ သုံးနှစ် မပြည့်သူမှာ နို့တစ်ကြေးတစ်လ စာနှင့် နစ်နာကြေး နှစ်လစာ ပေါင်း သုံးလစာ၊ လုပ်သက် သုံး နှစ်မှ ငါးနှစ်မပြည့်သူမှာ နို့တစ် ကြေး တစ်လစာနှင့် နစ်နာကြေး သုံးလစာပေါင်း လေးလစာ၊ လုပ် သက်ငါးနှစ်အထက်ရှိသူမှာ နို့ တစ်ကြေးတစ်လစာနှင့် နစ်နာ ကြေးလေးလစာပေါင်း ငါးလစာ ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

နို့တစ်ကြေးမှာ အလုပ်ရှင်က ၎င်းရပ်စဲမည့် အလုပ်သမား အား အလုပ်သစ်ရှာနိုင်ရန် တစ်လတာ ကြိုတင်သတိပေးထားခြင်း မရှိဘဲ အားချင်းထုတ်ပယ်ပါက ပေးဆောင်ရသည့် ငွေဖြစ်သည့် အတွက် ဆက်လက် အကျုံးဝင် နေမည်ဟု သိရသည်။

ထို့အတွက်ကြောင့် လုပ် သက် ၁၀ နှင့် နှစ်၂၀ နှင့်အထက် ဝန်ထမ်းများမှာ စုစုပေါင်း နစ်နာ ကြေး ငါးလစာထက် ပိုခံစားခွင့်ရနိုင်ခဲ့ခြင်း မရှိသည့်အတွက် နစ်နာခဲ့ကြရကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MTUF)အကြံပေး ဒေါ်မျိုးမျိုး အေးက ပြောသည်။

‘‘လုပ်သက်ကြာတဲ့သူတွေ နစ်နာနေကြရတဲ့အတွက် အလုပ် သမားဝန်ကြီးနဲ့ တွေ့တုန်းက အဲ ဒါကို တင်ပြခဲ့တယ်။ အမိန့်ကြေ ညာချက်ထွက်လာတော့ ၂၅ နှစ် အထက် အလုပ်သမားတွေ အ တွက်အထိ လုပ်သက် တိုးမြင့် ထည့်သွင်းပေးထားတာ တွေ့ရ တယ်’’ဟု ၎င်းက ပြောသည်။

ယင်းကြေညာချက်ကြောင့် လုပ်သက်ရင့် အလုပ်သမားများ အလုပ်မှ ရပ်စဲခံရပါက ရရှိမည့် နစ်နာကြေးမှာ များလာသော် လည်း လုပ်သက် သုံးနှစ်မပြည့် သေးသည့် လုပ်သားများရရှိမည့် နစ်နာကြေးမှာ ယခင်ကထက် အ နည်းငယ် လျော့ကျနေသည်။
http://7daydaily.com/story/41283

No comments:

Post a Comment