Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 13, 2015

ခေါင်းဖြတ်ကွပ်မျက်သော ဗီဒီယိုဖိုင်ကို ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ


လာဂို့စ် ၊ ၁၃-၇-၂၀၁၅

ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့သည် အီ ရတ်နှင့် ဆီးရီးယားနိုင်ငံ တို့ရှိ ISIS အဖွဲ့၏ သစ္စာခံယူကြောင်း ကြေညာ ပြီးနောက် လ အနည်းငယ် အကြာတွင် ရက်စက်စွာ ခေါင်းဖြတ် ကွပ်မျက်သော ပြကွက်များ ပါသည့် ဗီဒီယိုဖိုင် တစ်ခုကို ပထမဆုံးအကြိမ် ထုတ်ဖော် ပြသခဲ့ကြောင်း ဇူလိုင် ၁၁ ရက် Zee News ၏ ထုတ်ပြန်ချက် အရ သိရသည်။

Kill and Be Killed အမည်ရှိ အဆိုပါ ဆယ်မိနစ်ကြာ ဝါဒဖြန့်ချိရေး ဗီဒီယိုတွင် ဘိုကိုဟာရမ် စစ်သွေးကြွ များက ၄င်းတို့ဖမ်းဆီး ထားသည့် အာဖရိက သမဂ္ဂ တပ်ဖွဲ့ဝင် တစ်ဦးကို မြေပြင်တွင် ဒူးထောက်စေကာ ခေါင်းဖြတ် ကွပ်မျက်ခဲ့သော ပြကွက် အပါအဝင် နိုင်ဂျီးရီးယား တပ်ဖွဲ့ကို လောင်ချာများဖြင့် ပစ်ခတ်ပြီး မော်တော်ယာဉ် များဖြင့် သွားလာ နေကြသည့် ဘိုကိုဟာရမ် စစ်သွေးကြွ များ၏ လှုပ်ရှားမှု ပြကွက်များလည်း ပါဝင်သည်။

ထို့ပြင် စစ်သွေးကြွများ လက်ချက်ဖြင့် လောင်ကျွမ်း နေသော အိမ်ရာများ၊ နိုင်ဂျီးရီးယား တပ်ဖွဲ့ဝင်များ နှင့်အတူ လက်နက်ခဲယမ်း များကိုလည်း ယင်း ဗီဒီယို၌ ပြသထားသည်။

ဘိုကိုဟာရမ် အဖွဲ့သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်း အကြမ်းဖက် အဖွဲ့အဖြစ် ဖွဲ့စည်း တည်ထောင် ခဲ့ပြီး ၂ဝ၁၅ ခုနှစ် မတ်လ အစောပိုင်းက ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းကြောင်း ကြေညာခဲ့ခြင်း ဖြစ်ပြီး
သိရသည်။

#PyiChitThar

No comments:

Post a Comment