CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 5, 2015
နိုင်/ကျဉ်းများ ပြန်လည်လွတ်မြောက်ရေး တစ်ကိုယ်တော်ဆန္ဒပြ
ဗိုလ်ကြီးဟောင်း နေမျိုးဇင်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ ရွေးကောက်ပွဲမတိုင်မီ ပြန်လည် လွတ်မြောက်ရေးအတွက် တစ်ကိုယ်တော် ဆန္ဒပြပွဲ တစ်ခုကို မကွေးမြို့ပေါ်တွင်ယမန်နေ့ကပြုလုပ်ခဲ့သည်။ မကွေးမြို့အပါအ၀င် ရန်ကုန်မြို့နှင့် အခြားမြို့နယ်၊ ကျေးရွာများတွင် ဆန္ဒပြပွဲ များပြုလုပ်ခဲ့သော ကိုဇော်မင်းထိုက်သည် နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေးအတွက် ထပ်မံဆန္ဒ ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ “ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို အကြောင်းအရာ အမျိုးမျိုးနဲ့ ဖမ်းဆီးတရားစွဲဆိုတာတွေ ပိုတွေ့လာရပါတယ်။ အဲဒါကြောင့် အခုလို ဆန္ဒပြရတာပါ”လို့ ကိုဇော်မင်းထိုက်က ပြောသည်။
နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများအား အကြောင်းအမျိုးမျိုးဖြင့် တရားစွဲဆိုမှုများ၊ ဖမ်းဆီးထောင်ချမှုများ ပြုလုပ်နေခြင်းသည် ဒီမိုကရေစီလမ်းကြောင်း သွားနေသော ယခုအစိုးရလက်ထက်တွင် မဖြစ်သင့်တော့သော ဖြစ်စဉ်များဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲအပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ၄င်းက ဖြေကြားခဲ့သည်။
၎င်းင်းသည် သိမ်းဆည်းခံ လယ်ယာမြေ လျော်ကြေးငွေများ ပြန်လည်ရရှိရေး ၊ဗိုလ်ကြီးဟောင်း နေမျိုးဇင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေး၊ ပုဒ်မ၄၃၆ ပြင်ဆင်ရေး တို့အတွက် လွန်ခဲ့သော၂၀၁၄ ခုနှစ်အတွင်းက ၁၄ ကြိမ်တိုင် ဆန္ဒထုတ်ဖော်ခဲ့ပြီး ၊ယခုနှစ် အတွင်း ကြာကန်ကျေးရွာနှင့် မကွေးမြို့ ပေါ်တွင် လေးကြိမ်ထပ်မံဆန္ဒထုတ်ဖော်ခဲ့ သည်။
ကိုဇော်မင်းထိုက်သည် ၂၀၁၄ ခုနှစ် မကွေးမြို့ပေါ်တွင် ပြုလုပ်ခဲ့သည့် ဆန္ဒ ထုတ်ဖော်မှုအတွက် မကွေးမြို့မရဲစခန်းမှ ပုဒ်မ (၁၈)ဖြင့် တရားစွဲဆိုခြင်းခံထားရသူ တစ်ဦး ဖြစ်သည်။
http://www.messengernewsjournal.com/
နိုင်/ကျဉ်းများ ပြန်လည်လွတ်မြောက်ရေး တစ်ကိုယ်တော်ဆန္ဒပြ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 05, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 05, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment