ဝါရှင်တန် ၊ ၁၇-၇-၂၀၁၅
ဇူလိုင် ၁၄ ရက်က ပလူတို ဂြိုဟ်သိမ်ကို အနီးကပ် ဖြတ်ပျံသန်း ခဲ့သော နာဆာပိုင် New Horizon စူးစမ်း လေ့လာရေး ယာဉ်သည် ပလူတိုကို အနီးကပ် ဓာတ်ပုံ ရိုက်ကူး နိုင်ခဲ့ရာ ပလူတိုပေါ်တွင် ကမ္ဘာပေါ် ရှိ ရော့ကီး တောင်တန်းများ နီးနီး မြင့်မားသည့် ရေခဲတောင် များကို တွေ့ရှိခဲ့ကာ ဓာတ်ပုံရိုက်ကူး နိုင်ခဲ့ကြောင်း သိရသည်။
အာကာသ စူးစမ်း လေ့လာမှု သမိုင်းတွင် ပလူတိုဂြိုဟ် ၏ အနီးကပ် ဓာတ်ပုံများကို ပထမဆုံး အကြိမ်ရိုက်ကူး ဖြန့်ဖြူး လေ့လာ နိုင်ခဲ့ခြင်း ဖြစ်ပြီး New Horizon မှ ပေးပို့သော ဓာတ်ပုံများကို ဇူလိုင်လ ၁၅ ရက်က အာကာသ စူးစမ်း လေ့လာရေး ကို ပြုလုပ် နေကြသော နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်သူလူထုများ ကြည့်ရှု နိုင်အောင် ဖြန့်ဝေ ပြသခဲ့ကြောင်း၊ New Horizon မှ ပေးပို့သော ဓာတ်ပုံနှင့် အချက်အလက် များအရ ပလူတိုနှင့် ၄င်း၏ ဂြိုဟ်ရံလ ရှယ်ရွန် တို့တွင် ပထဝီ မြေမျက်နှာပြင် လှုပ်ရှားမှု ရှိသည့် နိမိတ်လက္ခဏာ များကိုလည်း တွေ့ရှိခဲ့ ရကြောင်း၊ ပလူတို ဂြိုဟ်သိမ် ပေါ်တွင် တွေ့ရသော နှလုံးပုံ မြေမျက်နှာ အစိတ်အပိုင်း ကိုလည်း ၄င်းအပိုင်းကို စတင်တွေ့ရှိ ခဲ့သူက လိုက်ဒ်တွမ်ဘော ၏ အမည်ဖြင့် မှည့်ခေါ်ခဲ့ကြောင်း သိရသည်။
New Horizon သည် ဇူလိုင်လ ၁၄ ရက်က ပလူတို ဂြိုဟ်သိမ်ကို ကီလိုမီတာ ၁၂၅ဝဝ အဝေးမှ ဖြတ်ပျံသန်း ခဲ့ခြင်းဖြစ်ပြီး ပလူတို ဂြိုဟ်သိမ် အကြောင်း သတင်း အချက်အလက် အမြောက်အမြားကို ရယူ ပေးနိုင်ခဲ့ကြောင်း၊ New Horizon မှ ရိုက်ကူး ပေးပို့သော ဓာတ်ပုံများ အရ ပလူတို မျက်နှာပြင်သည် လွန်ခဲ့သော နှစ်သန်းပေါင်း ၁ဝဝ ခန့်က မီးတောင် အကြီးအကျယ် ပေါက်ကွဲ ခဲ့ပြီးနောက် ဖြစ်တည် ထားသည့် မြေမျက်နှာ သွင်ပြင် ဖြစ်နိုင်ကြောင်း New Horizon စူးစမ်း လေ့လာရေး တာဝန်ခံ သိပ္ပံပညာရှင် ဂျွန်စပင်ဆာ က ပြောပြသည်။
''ပလူတိုဂြိုဟ် ရဲ့မြေမျက်နှာ သွင်ပြင်ပေါ်မှာ ဥက္ကာပျံတွေ ကျထားလို့ ဖြစ်တဲ့ ချိုင့်တွေ၊ အပေါက်တွေကို မတွေ့ရပါဘူး။ ဒီအချက်ကို ထောက်ရှုခြင်း အားဖြင့် ပလူတိုရဲ့ အခု မြေမျက်နှာ သွင်ပြင်ဟာ သက်တမ်း အရမ်းနု နေသေးတယ်လို့ ကျွန်တော်တို့ ကောက်ချက်ချ နိုင်ပါတယ်။ ဒါ့ပြင် ပလူတိုမှာ ဘူမိ လှုပ်ရှားမှု ရှိနေပါတယ်။ ဒီ ဘူမိလှုပ်ရှားမှု ဆိုတာ အပူဓာတ်ရှိမှ ဖြစ်တာပါ။ အပူဓာတ် ရှိရင် ဆွဲငင်အား ရှိပါတယ်။ မျက်နှာပြင် ပေါ်မှာက ရေခဲတောင်တွေ ရှိနေတဲ့ အတွက် ဘူမိ လှုပ်ရှားမှုကို ဖြစ်စေတဲ့ အပူလှိုင်း တွေဟာ မြေအောက်က နေပဲ ဖြတ်သန်း စီးဆင်း နေတယ်လို့ ကျွန်တော်တို့ ကောက်ချက်ချ ပါတယ် '' ဟု ၄င်းက ဆက်လက် ပြောပြသည်။
#PyiChitThar


No comments:
Post a Comment