လန်ဒန် ၊ ၁၉-၇-၂၀၁၅
စတာလင်ပေါင် ၃ ဒသမ ၅ ထရီလီယံ တန်ဖိုးရှိ ပလက်တီနမ် များ ပါဝင်သည်ဟု ယူဆရသော ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုသည် ဇူလိုင် ၁၉ ရက် ညပိုင်းတွင် ကမ္ဘာဂြိုဟ် အနီးမှ ဖြတ်သန်း သွားဖွယ် ရှိကြောင်း သိရသည်။
ပလက်တီနမ် တန်ချိန် သန်း ၉ဝ ရှိ အဆိုပါ UW-158 ဂြိုဟ်သည် ဇူလိုင် ၁၇ ရက်ည
၁ဝ နာရီ အချိန်ခန့်တွင် ကမ္ဘာဂြိုဟ် အနီးသို့ အဆပေါင်း ၃ဝ ခန့် ပိုမိုနီးကပ်
လာခဲ့ပြီး ယင်းဂြိုဟ်သည် ကမ္ဘာဂြိုဟ် အနီးမှ ဖြတ်သန်း သွားမည့် အချိန်တွင်
နက္ခတ်တာရာ လေ့လာ ကြည့်ရှုသူများ အဝေးကြည့် မှန်ပြောင်းဖြင့် ကြည့်ရှု
နိုင်မည် ဖြစ်ကြောင်း သိရသည်။
UW-158 ဂြိုဟ်သည် ဇူလိုင် ၁၉ ရက်တွင် ကမ္ဘာဂြိုဟ်နှင့် အဆ ၃ဝ ခန့် ပိုမိုနီးကပ် လာမည်ဖြစ်ပြီး အဆိုပါ ဂြိုဟ်ဖြတ်သန်း သွားမှုကို မိမိတို့ အနေဖြင့် စောင့်ကြည့် မှတ်တမ်းတင် သွားမည် ဖြစ်ကြောင်းနှင့် ရရှိလာသည့် ဓာတ်ပုံများ ကိုလည်း အများပြည်သူ ကြည့်ရှု နိုင်ရန်အတွက် ဖော်ပြ ပေးသွားမည် ဖြစ်ကြောင်း Slooh စီမံကိန်းမှ နက္ခတ္တပညာရှင် ဘော့ဘားမန်း က ပြောကြား ခဲ့ကြောင်း သိရသည်။
#PyiChitThar

No comments:
Post a Comment