ဘာလင် ၊ ၁၇-၇-၂၀၁၅
ဂျာမနီနိုင်ငံ မြောက်ပိုင်းမှ အပျော်တမ်း သုတေသန ပညာရှင် တစ်ဦးသည် ယူရို ၄၅ဝဝဝ တန်ဖိုးရှိ နာဇီခေတ်သုံး ရွှေဒင်္ဂါး ၂၁၇ ပြား ပါရှိသော ရတနာသိုက်ကို လူနီဘာ့ဂ်မြို့ ၌ ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ဒေသတွင်း သတင်း ဌာနက ဇူလိုင် ၁၆ ရက်တွင် ထုတ်ဖော် ပြောကြားသည်။
ဖလိုရီယန်ဘောက်ခ်ျ အမည်ရှိ အဆိုပါ သုတေသန ပညာရှင်သည် ၂ဝ၁၄ ခုနှစ် အောက်တိုဘာ လက ဟမ်းဘာ့ဂ်မြို့ တောင်ပိုင်းရှိ လူနီဘာ့ဂ်မြို့ ၌ မြေပုံတစ်ခုကို တူးဖော်နေစဉ် ပထမဆုံး ရွှေဒင်္ဂါး တစ်ပြား ကို ခလုတ်တိုက်မိ ခဲ့ရာမှ တစ်ဆင့် သစ်ရွက်များ အောက်တွင် ဖုံးကွယ်နေသည့် ရွှေဒင်္ဂါး ကိုးပြား ကို ရရှိခဲ့သည်။
ထို့နောက် ဘောက်ခ်ျ သည် ဒေသတွင်းရှိ ရှေးဟောင်း သုတေသန ပညာရှင်များသို့ သတင်းပေးပို့ ခဲ့ရာ ရက်သတ္တ နှစ်ပတ်ခန့် တူးဖော်ပြီး နောက်တွင် ရွှေဒင်္ဂါး ၂၁၇ ပြားကို ထပ်မံရရှိ ခဲ့ခြင်း ဖြစ်သည်။
တူးဖော် ရရှိခဲ့သည့် အဆိုပါ နာဇီခေတ်သုံး ရွှေဒင်္ဂါးများကို ဇူလိုင် ၁၄ ရက်က လူနီဘာ့ဂ် ပြတိုက်၌ ခင်းကျင်းပြသ ခဲ့ကြောင်း သိရသည်။
#PyiChitThar

No comments:
Post a Comment