CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 19, 2015
မလွန်ဆန်နိုင်သော အဖွဲ့အစည်းများ၏ ဖိအားနှင့် လာဘ်ပေး လာဘ်ယူမှု များကြောင့် မှတ်ပုံတင်ကတ်ပြားများကို အလွယ်တကူထုတ်ပေးခဲ့ရ ဟု လ၀က ဒု/ဝန်ကြီး ဆို
နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကို ယခင်ကလွယ်ကူလျင်မြန်စွာ ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့သော်လည်း မြို့နယ်ဦးစီးဌာနမှူးများ ၏ မြန်မာနိုင်ငံသား ဥပဒေအပေါ် ကျွမ်းကျင်မှု အားနည်းခြင်း၊ လျှောက်ထား သူများ၏ လိမ်လည် လျှောက်ထားမှုမျာအား စိစစ်မှုအားနည်းခြင်း၊ မလွန်ဆန်နိုင်သော အဖွဲ့အစည်းများ၏ ဖိအားများ နှင့် လာဘ်ပေးလာဘ် ယူမှုများကြောင့် ဥပဒေနှင့်အညီ သေချာစွာ စိစစ်ခဲ့ခြင်းမရှိဘဲ ၎င်းတို့၏ လုပ်ပိုင်ခွင့်အပြင် အလွယ်တကူ ထုတ်ပေး ကြခြင်းကြောင့် မှားယွင်းမှုများ ရှိခဲ့သည့်အတွက် ၁၉-၉-၂၀၀၀ ရက် မှစ၍ မြို့နယ်မှူး လက်မှတ်ရေးထိုး မည့်အစားတိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးဌာနမှူးများ လက်မှတ်ရေးထိုး ခြင်း ကို ယနေ့အထိ ဆောင်ရွက်လျက်ရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ဇူလိုင် ၁၆ ရက် လွှတ်တော် အစည်းအဝေးတွင် ပြောဆိုသည်။
လက်ရှိအချိန်တွင် စီမံချက်ကာလ အပါအဝင် နောက်ပိုင်း ကာလများ တွင် သေချာစွာစိစစ်မှု အားနည်းသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အား ပြန်လည် စိစစ်နိုင်ရေးအတွက် ကာယကံရှင်က နိုင်ငံသား စိစစ်ရေးကတ် ပျောက်ဆုံးပျက်စီး၍ မိတ္တူလာရောက် လျှောက် ထား လျှင် သော်လည်းကောင်း၊ သားသမီးများက နိုင်ငံသားစိစစ်ရေး ကတ်ပြား လာရောက် လျှောက်လာလျှင် သော်လည်းကောင်း၊ ၎င်းတို့၏ နိုင်ငံ သားဖြစ်မှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးထားမှုတို့အား မှန်ကန် မှုရှိ/မရှိ ဥပဒေနှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံသား စိစစ်ရေးကတ်ရရှိရန် သတ်မှတ်ထားသည့် နိုင်ငံသား အရည်အချင်းပြည့်မီမှု ရှိ၊မရှိဆိုသည့် အချက်သည် အရေးကြီးပြီး စနစ်တကျ အချိန်ယူစိစစ်ရန် လိုအပ်ကြောင်းကိုလည်း သိရှိနိုင်မည်ဖြစ်ပြီး ကြန့်ကြားမှု များသည် ကာယကံရှင်၏အထောက်အထား အချက်အလက် ပြည့်စုံမှန်ကန်မှု အပေါ်တွင် မူတည်ကြောင်း၊ တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူများ ကိုသာ အလွယ်တကူ ထုတ်ပေးနိုင်မည်ဖြစ်ပြီး ဥပဒေအရ နိုင်ငံသား များဖြစ်သော နိုင်ငံခြားသားသွေးနှောသူများအတွက် ဥပဒေနှင့်အညီသာ စိစစ်ရသဖြင့် ထိုက်သင့်သည့် အချိန် ကြာမြင့်နိုင်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ဆက်လက်ပြော ဆိုခဲ့သည်။
ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
မလွန်ဆန်နိုင်သော အဖွဲ့အစည်းများ၏ ဖိအားနှင့် လာဘ်ပေး လာဘ်ယူမှု များကြောင့် မှတ်ပုံတင်ကတ်ပြားများကို အလွယ်တကူထုတ်ပေးခဲ့ရ ဟု လ၀က ဒု/ဝန်ကြီး ဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 19, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 19, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment