Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 11, 2015

အသက်ကို ၂၃ နှစ်အထိ လျော့ကျစေတဲ့ ရောဂါ သုံးမျိုး


သွေးချို ရောဂါ၊ နှလုံး ရောဂါနဲ့ ဦးနှောက်ကို သွေးလွတ်မှု ပုံမှန် မဟုတ်ပဲ သွေးရိုက်ချက် ပြင်းတဲ့ Stroke အမည်ရ ရောဂါ။ ယင်း ရောဂါ သုံးခု စလုံးသာ လူတစ်ယောက်တည်းမှာ ရှိရင် ပျမ်းမျှအားဖြင့် သူ့ရဲ့ အသက်ဟာ အလိုအလျောက် ၂၃ နှစ် လျော့ပြီးသား ဖြစ်ကြောင်း ဆိုပါတယ်။

သွေးချို၊ နှလုံးနှင့် ဦးနှောက်သွေးကြောထိ Stroke တို့ဟာ လူအများစုမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ရောဂါများ ဖြစ်ပါတယ်။ ယင်း ရောဂါများ ဖြစ်တဲ့ အကြောင်းအရင်းကလည်း စားသောက်မှု အစားအစာ မသန့်ရှင်းခြင်း၊ အစားအသောက် အာဟာရ မျှမျှတတ မစားခြင်း၊ အားကစား မပြုလုပ်ခြင်း၊ အရက်၊ ဆေးလိပ် အစရှိသဖြင့်တို့ကို လွန်လွန်ကဲကဲ သောက်သုံးခြင်းတို့မှ ဖြစ်ပွားခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ အကယ်၍ ယင်း ရောဂါ သုံးခုကို အသက် ၄၀ မကျော်ခင် ကတည်းက ဖြစ်ထားတယ်ဆိုရင် အသက် ၂၃ နှစ်ဟာ အလိုအလျာက် နုတ်ပြီသား ဖြစ်ကြောင်း သုံးသပ်ပြထားပါတယ်။ ယင်း သုတေသနကို အသက် ၄၀ အောက် အမျိုးသမီး အမျိုးသမီးများဖြင့် စစ်တမ်းကောက် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ မိမိတို့ဟာ ကျန်းမာရန် အစားအသောက်ကို ဆင်ခြင်စားသောက်ခြင်း၊ အားကစား ပြုလုပ်ခြင်း၊ အရက်၊ ဆေးလိပ်များကို ပါးစေသမျှ ပါးစေခြင်း တို့ဖြင့် ကျန်းမာရေး ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
Credit : yoyarlay

No comments:

Post a Comment