CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, July 23, 2015
ဦးအောင်သောင်း နှင့်ပတ်သက်သည့်အကြောင်းအရာတချို့
ဦးအောင်သောင်းကို ၁၉၄၀ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှားမွေးဖွားခဲ့ကာသူ့ကိုယ်သူ ဝဲလောင်ရွာ ဇာတိလို့ ပြောလေ့ရှိပါတယ်။ အချို့မှတ်တမ်းတွေမှာတော့ တောင်သာမြို့နယ် ကျောက်ကာရွာ ဇာတိလို့ ဆိုပါ တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့
သူ့ကို ဝဲလောင်သားလို့ ခေါ်လေ့ရှိတယ်လို့ ဆိုပါတယ်။
သားသမီးခြောက်ယောက်ရှိပြီး တစ်ဦးကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ သားမက်ဖြစ်ပါတယ်။ ဦးအောင်သောင်းအား OTS အပတ်စဉ် (၃၀) ဆင်းဖြစ်ပြီး တပ်မတော်မှာ ဗျူဟာမှူး ဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် မတ်လ(၃၀) ရက်နေ့အထိ စက်မှု (၁) ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မွေး/ရေ ဝန်ကြီးအဖြစ်နဲ့လည်း တာဝန်ထမ်းဆောင်ခဲ့ပါသေး တယ်။
လက်ရှိမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ဗဟိုအတွင်းရေးမှူးအနေနဲ့ လုပ်ကိုင် နေပြီး ပြည်သူ့လွှတ်တော်မှာ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ နေရာ ရယူထား ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင်အနေနဲ့လည်း လုပ်ကိုင်ခဲ့ဖူးပါတယ်။
ဦးအောင်သောင်းရဲ့ မိသားစုဝင်တွေဟာ ရေနံ၊ သဘာဓာတ်ငွေ့၊ သစ်နဲ့ ဆန် စပါးရောင်းဝယ်ရေး၊ ကွန်ပျူတာနဲ့ လျှပ်စစ်ပစ္စည်းတင်သွင်းတဲ့လုပ်ငန်း၊ ဘဏ်လုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။ အောင်ရီဖြိုး ကုမ္ပဏီနဲ့ IGE ကုမ္ပဏီများ အုပ်စု ကို စင်္ကာပူနိုင်ငံမှာ ၂၀၀၁ ခုနှစ်က မှတ်ပုံတင်ထားပါတယ်။
Messenger News Journal
https://www.facebook.com/pages/Messenger-News-Journal
ဦးအောင်သောင်း နှင့်ပတ်သက်သည့်အကြောင်းအရာတချို့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 23, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment