CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, July 24, 2015
အကျဉ်းသားအဓိပ္ပာယ် ဖွင့်ဆိုချက် မထည့်သွင်းခြင်းသည် ဖိနှိပ်လိုသည့် သဘောဟုဆို
အကျဉ်းထောင် ဥပဒေတွင် အကျဉ်းသား၏ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ထည့်သွင်းခြင်း မရှိခြင်းသည် ဖိနှိပ်လိုသည့် သဘောဖြင့် အကြောင်းပြ ဖယ်ထုတ်ခြင်းဟု ယူဆကြောင်းဖမ်းဆီးခံ တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်က ပြောသည်။
ယမန့်နေ့က ဖမ်းဆီးခံတကသ ကျောင်းသား ခေါင်းဆောင်နှစ်ဦးအား ပန်းဘဲတန်းတရားရုံးနှင့် ကျောက်တံတား တရားရုံးတို့၌ ဒုတိယအကြိမ် ရုံးထုတ် အပြီးတွင် တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်က မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
““လောလောဆယ်မှာ ကျွန်တော်တို့က နိုင်ငံရေးအကျဉ်းသား အဖြစ်နဲ့ ထောင်ထဲ ရောက်နေတဲ့ ကျောင်းသား တွေပါ။ အကျဉ်းထောင် ဥပဒေမှာ နိုင်ငံရေး အကျဉ်းသားကို ပါစရာမလိုဘူး၊ အခွင့်ထူးခံ ဖြစ်မယ်လို့ ပြောလာတယ်။ ပြောလာတဲ့ ပုဂ္ဂိုလ်က တပ်မတော်က လာတဲ့လူပါ။ တပ်မတော်က နိုင်ငံရေးမှာ ၀င်ရောက်စွက်ဖက် နေတာကလည်း မဟုတ်တဲ့ ပြဿနာတစ်ခုပါပဲ””ဟု ကိုဇေယျာလွင်က သုံးသပ်သည်။
ယခင် ခေတ်အဆက်ဆက်ကပင် အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားများ ရှိခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံရေး အကျဉ်းသား၏ ဝေါဟာရသည် နိုင်ငံရေးအကျဉ်း သား အဓိပ္ပာယ်ဖွင့်ဆိုချက် ပါဝင်ဖို့လိုကြောင်း ၎င်းက ထပ်မံပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၂၁) ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေ၀င်းမြင့်က အကျဉ်းထောင်များ ဥပဒေကြမ်းတွင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ထည့်သွင်း ဆောင်ရွက်ထားခြင်း ရှိ/မရှိ မေးမြန်းခဲ့ရာ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက နိုင်ငံရေး အကျဉ်းသားဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုရန် မရှိကြောင်း ပြန်လည်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပတ်သက်ပြီး၊ နိုင်ငံရေး အကျဉ်းသားများ၏ အကျိုးဆောင်ရွက်သူများက တိုက်တွန်း ဆောင်ရွက်မှုများ ပြုလုပ်သော်လည်း၊ ရွေးကောက်ပွဲ မတိုင်မီ လွတ်မြောက်ခြင်း မရှိနိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။
အစိုးရသစ် လက်ထက် ၂၀၁၃ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသားမရှိဟု ထုတ်ဖော် ပြောဆိုလာခဲ့စဉ်က နိုင်ငံရေးအကျဉ်းသား (၂၉)ယောက် ကျန်ရှိနေပြီး၊ လက်ရှိအချိန်တွင် နယ်ပယ်စုံမှ ထောင်ကျနေသော နိုင်ငံရေး အကျဉ်းသား (၁၆၃)ဦးနှင့် တရားရင်ဆိုင်နေသူ (၅၀၀)ကျော် ရှိနေကြောင်း သိရသည်။
http://messengernewsjournal.com/News/Local/detail.php?id=41196
အကျဉ်းသားအဓိပ္ပာယ် ဖွင့်ဆိုချက် မထည့်သွင်းခြင်းသည် ဖိနှိပ်လိုသည့် သဘောဟုဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 24, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 24, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment