Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 13, 2015

မြန်မာ့လေယာဉ် ပြန်ပေးဆွဲ ရုပ်ရှင်ဇာတ်ကား ရွေးကောက်ပွဲ ကာလတွင် ပြသနိုင်ရန် ကြိုးပမ်း


၁၉၅၄ ခုနှစ်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော လေယာဉ်ပြန်ပေးဆွဲမှုကြီးက ဖြစ်ရပ်မှန် အခြေခံ ရိုက်ကူးထားခဲ့သည်။ Burma's Hijack (ရောင်နီဦး၏ အလင်းရောင်နှင့်အတူ)ရုပ်ရှင်ဇာတ်ကားကြီးကိုလာမည့် နိုဝင်ဘာလ (ရွေးကောက်ပွဲကာလ)တွင် ပြသနိုင်ရန် ကြိုးပမ်းမည်ဖြစ်သော်လည်း အကယ်၍ ၄င်းရက်အတွင်း မပြသနိုင်ခဲ့ပါက ၂ဝ၁၆ ရုံပြိုင်စနစ်အစတွင် ထိပ် တိုက် ရုပ်ရှင်ဇာတ်ကားအနေဖြင့် ပြသနိုင်မည်ဟု ဒါရိုက်တာအဏ် ထော်ဏီက ပြောသည်။
" ရွေးကောက်ပွဲကာလမှာ ဘာကြောင့် ပြချင်တာလဲဆိုတော့ တချို့ရုပ်ရှင်ထုတ်လုပ်ရေးတွေက ရွေးကောက်ပွဲကာလမှာ သူတို့ဇာတ်ကား မပြရဲတဲ့သူတွေရှိနေခဲ့ရင် အဲဒီကာလမှာ ကြားဖြတ်ကားအနေနဲ့ ပြနိုင်ရင် ပြချင်တဲ့သဘောပါ။ ဒါပေမဲ့ အဲဒါ မဖြစ်ခဲ့ရင်သေချာတာကတော့ ၂ဝ၁၆ ခုနှစ်အဖွင့်မှာ စပြပါမယ်" ဟု ဒါရိုက် တာအဏ်ထော်ဏီက ရှင်းပြသည်။
Burma's Hijack ကိုတော့ ၂ဝ၁၆ ခုနှစ်အစတွင် ကရင်ပြည်နယ် နှင့် ဧရာဝတီိတိုင်းဒေသကြီး ပုသိမ်တို့တွင် စတင်ပြသဖြစ်မည်ဟုလည်း ပြောကြားပြီး ယင်းဒေသများကို အရင်ပြသရန်ဆုံးဖြတ်ထားရခြင်းသည် ကရင်လူမျိုးအများစုနေထိုင်ကြသည်မို့ ၄င်းဇာတ်ကားအပေါ် အာရုံစူးစိုက်မှု ရှိနေကြခြင်းကြောင့် ဖြစ်သည်ဟု ဒါရိုက်တာ အဏ်ထော်ဏီက ဆိုသည်။
" အခုလက်ရှိမှာတော့ တတိယမြောက်ဆင်ဆာတင်ဖို့လုပ်နေပါပြီ။ အချောလည်းထွက်လာပါပြီ။ ဆင်ဆာထိထားတာကတော့ အဲဒီအထဲမှာပါတဲ့ သီချင်းစာသားတွေကို ပြန် ပြင်ပေးနေပါတယ်။
သေနတ်အစစ်ကို သုံးထားတဲ့အတွက် ကျည်ဆန်အနေအထားမမှန်မှုတွေကို သေချာပြန်စိစစ်ပြီး ဆင်ဆာပြန်တင်ပေးပါတယ်။ တစ်ခုမှ အလွဲမခံပါဘူး။ အစအဆုံးကို Post Production (၃) ကြိမ်မြောက်လုပ်ထားပြီးပါပြီ။ အန်နီမေးရှင်းတွေကိုလည်း သေသပ်စွာနဲ့ ပြုလုပ်ထားပါတယ်" ဟု ဒါရိုက်တာ အဏ်ထော်ဏီက မှတ်ချက်ပြုပြောပါသည်။
အဆိုပါ Burma's Hijack "ရောင်နီဦး၏ အလင်းရောင်နှင့် အတူ" ရုပ်ရှင်ဇာတ်ကားကို ၂ဝ၁၃ ခုနှစ်က သရုပ်ဆောင်သစ်များစွာနှင့်ပုံဖော်ရိုက်ကူးထားခဲ့ခြင်းဖြစ်ပြီး အသံပိုင်းဆိုင်ရာ စနစ်ကိုလည်း 5.1 Dobly Digital Surrounding System ဖြင့် ပြုလုပ်ထားသည်ဟု သိရသည်။
ထက်လူ
Popular Journal

No comments:

Post a Comment