CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, July 13, 2015
လူနာအယောက် ၅၀၀ ကို ကင်ဆာရောဂါ ဖြစ်နေပါတယ်လို့ လိမ်ပြောခဲ့တဲ့ ဆရာဝန် ထောင် ၄၅ နှစ်ကျ
လူအများလေးစား ရတဲ့ ဆရာဝန်တစ်ယောက်ဟာ လူနာ အယောက် ၅၀၀ ခန့်ကို ကင်ဆာရောဂါ မရှိပဲနဲ့ ကင်ဆာ ဖြစ်နေပါတယ်လို့ လိမ်ပြောခဲ့တဲ့အတွက် မကောင်းဆိုးဝါး တစ်ကောင် အဖြစ် ပြောင်းလဲ သတ်မှတ်ခံခဲ့ရပါတယ်။
အသက် ၅၀ အရွယ် ဒေါက်တာ Farid Fata ဆိုသူ ဆရာဝန်ဟာ လူနာများကို သွေးကင်ဆာ ရောဂါ တစ်မျိုး ဖြစ်နေတယ်လို့ လိမ်ပြောကာ ကျန်းမာရေး အာမခံ ငွေထဲကနေ ဆေးဖိုးဝါးခ တွေထုတ်ယူပြီး မလိုအပ်တဲ့ ဆေးတွေ သောက်ဖို့ ထိုလူနာတွေကို ညွှန်ကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါက်တာ Fata ဟာ ထောင်ဒဏ် ၄၅ နှစ် ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။
ထို ဆရာဝန်ရဲ့ အလိမ်အညာ ကို ခံထားရတဲ့ Steve ဆိုသူ လူနာတစ်ယောက်က "သူဟာ မကောင်းဆိုးဝါးပါ။ ကျွန်တော့် ဘ၀ ၃ နှစ်တိတိ ကင်ဆာ ရောဂါ ရှိတယ်ဆိုပြီး ကုသနေခဲ့ရပါတယ်။ ဒီလူကို ကျွန်တော်မုန်းပါတယ်။ တစ်ချို့ကခွင့်လွှတ်ဖို့ကြိုးစားပေမယ့် ကျွန်တော်က တော့ ခွင့်မလွှတ်ပါဘူး။ ဘုရားသခင်ပဲ ခွင့်လွှတ်နိုင်ပါလိမ့်မယ်" လို့ဆိုထားပါတယ်။
ဒေါက်တာ Fata ဟာ ခုခံအားစနစ်ကို အားနည်းစေတဲ့ Rituximab ဆိုတဲ့ ဆေးဝါး ပုလင်း ၉၀၀၀ ခန့် မှတ်ပုံတင်ကာ ၀ယ်ယူထားတယ်လို့ သိရပါတယ်။ ဒါကို တွေ့ရှိသွားတာကလည်း သူ့ရဲ့ မန်နေဂျာ ဖြစ်တဲ့ George Karadsheh ပဲ ဖြစ်ပါတယ်။ သူဟာ ဒေါက်တာ Fata နဲ့ ပြသ သွားတဲ့ လူနာအများစုဟာ ကင်ဆာရောဂါ ဖြစ်နေတယ်လို့ ဆိုကြပြီး အားလုံးနီးပါး အလုပ်တွေ ထွက်လာကြတာကို သတိထားမိခဲ့တာ ပဲ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု ၊ မီချီဂန် ပြည်နယ် တရားရုံး ကို ဒေါက်တာ Fata က "ကျွန်တော် ကမ္ဘာကြီးကို ဘယ်လိုကုသရမလဲ မသိတော့ပါဘူး။အရှက်တရားကို ဘယ်လို ဖော်ပြရမှန်းလည်း မသိတော့ပါဘူး" လို့ ဆိုခဲ့ပါတယ်။
ထို ပြစ်မှုကို စစ်ဆေးအပြီးမှာပဲ အမေရိကန် ရှေ့နေတစ်ဦးဖြစ်သူ Barbara McQuade ကတော့ ဒေါက်တာ Fata ဟာ သူပိုက်ဆံ ရဖို့အတွက် လူနာတွေကို အဆိပ်တွေ တိုက်ကျွေးခဲ့တယ်လို့ ဆိုပါတယ်။
thithtoolwin
လူနာအယောက် ၅၀၀ ကို ကင်ဆာရောဂါ ဖြစ်နေပါတယ်လို့ လိမ်ပြောခဲ့တဲ့ ဆရာဝန် ထောင် ၄၅ နှစ်ကျ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 13, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment