Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 19, 2015

မျက်စိကွယ်ခြင်းကို ဗီဇကုထုံးဖြင့် ကုသလျှင် အမြင်အာရုံ ပြန်လည် ရရှိနိုင်ပြီး ဦးနှောက်အတွင်းရှိ သက်ဆိုင်ရာ ဖွဲ့စည်းပုံများ ကောင်းမွန်စေနိုင်




နယူးယောက် ၊ ၁၇-၇-၂၀၁၅

မျက်စိအလင်း ကွယ်နေသူ များကို ဗီဇကုထုံးဖြင့် ကုသ ပေးခြင်းဖြင့် အမြင်အာရုံ ကို ပြန်လည်ရရှိ လာစေနိုင် သည့်အပြင် ဦးနှောက် အတွင်းရှိ အမြင်အာရုံ နှင့် သက်ဆိုင်သော ဖွဲ့စည်းပုံ များကိုလည်း ပိုမိုအားကောင်း လာစေနိုင်မည် ဖြစ်သည့် အတွက် ဆယ်စုနှစ် နှင့်ချီ မျက်စိကွယ် နေသူများ အတွက် မျက်စိပြန်မြင် နိုင်ရန် မျှော်လင့်ချက် ရှိနေသေးကြောင်း အမေရိကန် ပြည်ထောင်စု ပင်ဆယ် ဗေးနီးယား တက္ကသိုလ်မှ ဗီဇကုထုံး ဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ဂျင်းဘက်နက် က ပြောပြသည်။

သုတေသီ များသည် မျက်စိအမြင် ကွယ်သူများကို ဗီဇကုထုံးဖြင့် ၂ဝဝ၇ ခုနှစ်ခန့်မှ စတင်ကာ စမ်းသပ် ကုသလျက် ရှိရာ အချို့သည် အံ့သြ ဝမ်းမြောက်ဖွယ် ကောင်းလောက်အောင် အမြင်အာရုံ ပြန်လည် ရရှိခဲ့ကြပြီး ရာနှုန်းပြည့် မျက်စိကွယ် သူများ၊ တစ်ပိုင်းတစ်စ မျက်စိကွယ် သူများလည်း အပြည့်အဝ မဟုတ် သော်လည်း သွားလာ လှုပ်ရှား နိုင်လောက်အောင် ကောင်းမွန်သည့် အမြင်အာရုံကို ပြန်လည်ရရှိ ခဲ့ကြကြောင်း ၄င်းက ပြောပြသည်။

''မျက်စိအမြင် ကွယ်နေသူတွေ အလင်းပြန် ရပြီး နေ့စဉ်သွားလာ မှုမှာ ကြီးမားတဲ့ တိုးတက် ပြောင်းလဲ မှုကြီး ရသွားကြတာ တကယ်ပဲ ကျေနပ် ဝမ်းသာဖို့ ကောင်းပါတယ်။ သူတို့ကို ဗီဇကုထုံးနဲ့ ကုတဲ့အခါ လူကို အန္တရာယ် မဖြစ်စေ နိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးကို အရင် ထိုးပေး ရပါတယ်။ အဲဒီ ဗိုင်းရပ်စ် တွေနဲ့အတူ လူနာမှာ ချို့ယွင်းနေတဲ့ ဗီဇဓာတု ပစ္စည်းတွေကို ထည့်ပေး လိုက်ပါတယ်။ ဒီ ဗီဇဓာတု ပစ္စည်းတွေကို မျက်လုံး အတွင်းပိုင်း ထဲက အလင်းကို လက်ခံပေးတဲ့ တစ်ရှုးဆဲလ် တွေထဲ ကို ဗိုင်းရပ်စ် တွေက ပို့ပေးပါတယ်။ အဲဒီအချိန်မှာ မျက်စိကွယ် နေတဲ့ လူနာက မျက်စိပြန်မြင် သွားပါတယ်'' ဟု ပင်ဆယ် ဗေးနီးယား တက္ကသိုလ် မှ အာရုံကြော အထူးကု မန်ဇာ အက်ရှတာရီ က ပြောပြ၍ သိရသည်။

#PyiChitThar

No comments:

Post a Comment