အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်း တစ်ရက်လျှင် လုပ်ခ ကျပ် ၃,၆၀၀ မပေးနိုင်ကြောင်း ကန့်ကွက်ခြင်းကို အထည်ချုပ် လုပ်ငန်းအပြင် အခြားလုပ်ငန်း များကလည်း ပြုလုပ်ရန်ရှိကြောင်း သတင်းရရှိသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသား ကော်မတီက တစ်ရက်လျှင် ရှစ်နာရီလုပ်ခ ကျပ် ၃,၆၀၀ အဆိုပြုနှုန်း သတ်မှတ်လိုက်ခြင်းအပေါ် ဟိုတယ်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများကအခက်အခဲရှိသည်ဟုဆိုကာ ကန့်ကွက်တင် ပြမှုများပြုလုပ်ရန် စီစဉ်နေသည်ဟု အဆိုပါလုပ်ငန်းရှင်များထံမှ သိရသည်။
‘‘အများစုက အထည်ချုပ် လုပ်ငန်းတွေပဲ အခက်အခဲရှိနေ တယ်လို့ ထင်နေကြတယ်။ တ ကယ်တော့ စားသောက်ဆိုင်လုပ် ငန်းတွေလည်း အဲဒီနှုန်းထားအ တိုင်းပေးဖို့က အဆင်မပြေတာ တွေရှိတယ်။ မြေငှားရမ်းခကြီးမြင့် မှုနဲ့တင် ဆိုင်တော်တော်များများ က အခြေအနေယိမ်းယိုင်နေတာ။ အခြေခံဝန်ထမ်းလစာပါ ထပ်တိုး ပေးရရင် အခက်အခဲတွေ ထပ်ရှိ လာနိုင်တယ်’’ဟု မြန်မာနိုင်ငံ စား သောက်ဆိုင်လုပ်ငန်းရှင်များ အ သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ကြောင့် အဆိုပြုနှုန်းထား အတိုင်း ပေးဆောင်ရန် အခက်အ ခဲရှိသည့် လုပ်ငန်းရှင် အသင်းအ ဖွဲ့များက ၎င်းတို့ အခက်အခဲကို အနည်းဆုံး အခကြေးငွေ သတ် မှတ်ခြင်းဆိုင်ရာ အမျိုးသားကော် မတီသို့ တင်ပြကန့်ကွက်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြခြင်းဖြစ် သည်ဟု ဆိုသည်။
အဆိုပြုနှုန်းထားသတ်မှတ် ချက်နှင့် ပတ်သက်၍ ဇူလိုင် ၁ ရက်တွင် UMFCCI ရုံး၌ လုပ်ငန်း ရှင်များ၊ သက်ဆိုင်ရာ လုပ်ငန်းအ သင်းချုပ်များက အစည်းအဝေးပြုလုပ်ခဲ့ရာ အများစုက ယင်းနှုန်းထားကို လက်မခံနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။
‘‘တခြားလုပ်ငန်းတွေက လည်း ဒီနေ့အစည်းအဝေးမှာ သတ်မှတ်ထားတဲ့ အဆိုပြုနှုန်းကို မပေးနိုင်တဲ့အတွက် သက်ဆိုင်ရာ အသင်းအဖွဲ့လိုက် ကန့်ကွက်တင် ပြသွားမယ်ဆိုပြီး ပြောသွားတာ တွေရှိတယ်’’ဟု ၎င်းက ဆက် လက် ပြောကြားသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက် အဆိုပြုနှုန်းသတ် မှတ်ရန် အမျိုးသားကော်မတီ ဦး ဆောင်၍ ဆွေးနွေးမှုများ ပြုလုပ် စဉ်က CMP အထည်ချုပ်လုပ်ငန်း များကသာ ဦးဆောင်ကန့်ကွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အခြား လုပ်ငန်းအနည်းစုသာ ပါဝင်ဆွေး နွေးခဲ့သည်။
‘‘အခု အဆိုပြုနှုန်းထွက်လာ မှပဲ တခြားလုပ်ငန်းတွေက ပိုသတိထားမိလာကြတာ။ ဥပဒေက မသိလို့ပါဆိုပြီး လုပ်မရတော့ သူတို့လည်း ကန့်ကွက်မယ်ဆိုပြီးလုပ်လာကြတယ်’’ဟု အထည်ချုပ်လုပ်ငန်းရှင် ဦးထွန်းထွန်းက ပြောသည်။
လက်ရှိတွင် အခြားလုပ်ငန်း များထက် အထည်ချုပ်လုပ်ငန်း သည် လုပ်သားအင်အား အများဆုံး အသုံးပြုနေရသောကြောင့် အဆိုပြုနှုန်း အတည်ဖြစ်ပါက ပို၍ထိခိုက်နစ်နာမှုများ ကြုံတွေ့ရနိုင်သည်ဟု ၎င်းကဆိုသည်။
အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းကို သက်ဆိုင်ရာလုပ် ငန်းများအနေဖြင့် နှစ်ပတ်အတွင်း ကန့်ကွက်စာ တင်ပြနိုင်သည်ဆို သောကြောင့် လုပ်ငန်းရှင်များက အချိန်မီ ကန့်ကွက်မှုများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
အခြားလုပ်ငန်းများ အနေ ဖြင့်လည်း အထည်ချုပ်လုပ်ငန်း များကဲ့သို့ပင် အခြေခံလုပ်ခ တစ်ရက်လျှင် ကျပ် ၂,၅၀၀ ပေးရန် ဆန္ဒရှိနေကြကြောင်း သတင်းရရှိသည်။
အမျိုးသားကော်မတီအနေ ဖြင့် နေရာဒေသနှင့် လုပ်ငန်းအ မျိုးအစားမရွေး လုပ်သားအင်အား အနည်းဆုံး ၁၅ ဦးနှင့် အထက်ရှိသည့် လုပ်ငန်းများတွင် တစ်ရက်လျှင်လုပ်ခ ကျပ် ၃,၆၀၀ အဆိုပြုနှုန်းအဖြစ် ဇွန်လ ၂၉ ရက်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
မိုးမင်း / ထက်အာကာ - 7day daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, July 3, 2015
တစ်ရက်လုပ်ခ ကျပ် ၃,၆၀၀ မပေးနိုင်ကြောင်း လုပ်ငန်းရှင်များ ကန့်ကွက် ရန်စီစဉ်
တစ်ရက်လုပ်ခ ကျပ် ၃,၆၀၀ မပေးနိုင်ကြောင်း လုပ်ငန်းရှင်များ ကန့်ကွက် ရန်စီစဉ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 03, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 03, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment