Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 3, 2015

သေအတူရှင်မကွာ ၇၅ နှစ်ကြာ ပေါင်းသင်းလာခဲ့ကြတဲ့ အကြင်လင်မယားစုံတွဲ လက်ချင်းချိတ်၍ ဘ၀နိဂုံးကို ပိတ်ခဲ့ကြပြီ


သူတို့နှစ်ယောက် ရှစ်နှစ်သား၊ ရှစ်နှစ်သမီးအရွယ်ကတည်းက သူငယ်ချင်းမိတ်ဆွေဘ၀နဲ့ သံယောဇဉ်ငြိတွယ်ခဲ့ ကြတယ်။ အကြင်လင်မယားအဖြစ် ပေါင်းသင်းလာပြီးတဲ့နောက် ၇၅ နှစ်အကြာ အသက် ၉၆ နဲ့ ၉၅ အရွယ်မှာ တော့ သူတို့ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ အတူတူသေပါစေဆိုတဲ့ဆန္ဒအတိုင်း ပြည့်ဝသွားခဲ့ကြတယ်။

ဂျင်းနက်တော့ဇ်ကို (အသက် ၉၆)ဆိုတဲ့ အဘွားအိုနဲ့ သူမရဲ့ခင်ပွန်း အလက်ဇန္ဒားတော့ဇ်ကို တို့နှစ်ဦးဟာ ကာလီဖိုးနီးယားပြညနယ် စန်ဒေဂိုမြို့မှာ သူတို့အိမ်ရာထက်မှာပဲ လက်ချင်းဆက် နာရီပိုင်းခြားပြီး သေဆုံးခဲ့ကြ ပါတယ်။ ကလေးဘ၀ကတည်းက အချစ်နဲ့တည်ဆောက်ပြီး ပေါင်းသင်းလာကြတဲ့ သူတို့နှစ်ယောက်ဟာ တဦးနဲ့ တဦး မခွဲမခွာနေထိုင်ကြရင်း လွန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းက မစ္စတာတော့ဇ်ကိုဟာ ချောလဲပြီး တင်ပါးဆုံရိုး ကျိုးသွားတယ်။ အိပ်ရာပေါ်မှာပဲ နေခဲ့ရတယ်။ ဆေးရုံက သူ့အတွက် အထူးစီမံထားတဲ့ လူနာခုတင်တလုံးပို့ပေး ပြီး ဇနီးဖြစ်သူရဲ့ အိပ်ရာနံဘေးမှာ နေရာချထားပေးခဲ့တယ်။

မစ္စတာတော့ဇ်ကိုရဲ့ အခြေအနေ တဖြည်းဖြည်းဆိုးလာတယ်။ ဒီအချိန်မှာ မစ္စက်တော့ဇ်ကိုကလည်း ကျန်းမာ ရေး ညံ့လာတယ်။ သူတို့နှစ်ယောက် ဘ၀ရဲ့နောက်ဆုံးနေ့မှာ အိပ်ရာထက်မှာပဲ လက်ချင်းဆက်ပြီး သေကြမယ် လို့ အရင်ကတည်းက ဆန္ဒပြုခဲ့ကြတယ်။ မစ္စတာတော့ဇ်ကိုက ဇွန်လ ၁၇ ရက်နေ့မှာကွယ်လွန်ပြီး မစ္စက်တော့ဇ် ကိုက နောက်တရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

`အမေရေ၊ အဖေတော့သွားပြီ`လို့ သူတို့နှစ်ဦးရဲ့သမီး အိုင်မီးတော့ဇ်ကို ကုရှ်မင်က သူမရဲ့မိခင်ကိုပြောပြတော့ အဘွားအိုဟာ ခင်ပွန်းဖြစ်သူရဲ့အလောင်းကိုပွေ့ဖက်ပြီး `ရှင်ဟာ ကျွန်မရဲ့လက်ထဲမှာပဲ ဆုံးသွားတာပါ။ ရှင်လို ချင်တာလည်း ဒါပဲမဟုတ်လား။ ရှင့်ကို ကျွန်မ ချစ်တယ်။ ကျွန်မကို စောင့်ပါဦး။ မကြာမီ လိုက်လာမှာပါ`လို့ အဘွားအိုက ပြောခဲ့တယ်။ ၂၄ နာရီမပြည့်မီမှာဘဲ မစ္စက်တော့ဇ်ကိုကလည်း ခင်ပွန်းသည်နောက် လိုက်သွား တယ်။

တော့ဇ်ကိုတို့ ဇနီးမောင်နှံဟာ အမေရိကန်ကို ပြောင်းရွှေ့လာတဲ့ ပိုလန်နွယ်ဖွား မိဘတွေက မွေးဖွားလာခဲ့ကြသူ တွေပါ။ ရှစ်နှစ်အရွယ် ကလေးဘ၀ကတည်းက ခင်မင်ရင်းနှီးလာခဲ့ကြပြီး ချစ်သူဘ၀ကနေ အိမ်ထောင်သည်ဖြစ် လာခဲ့ကြတယ်။ ၁၉၄၀ မှာ သူတို့လက်ထက်ခဲ့ကြပြီး မစ္စတာတော့ဇ်ကိုက အမေရိကန်ရေတပ်မှာ ကြေးနန်း အော်ပရေတာအဖြစ် ၀င်လုပ်ခဲ့တယ်။ နောက်ပိုင်း နယူးယောက်စီးတီးကို မိသားစုလိုက်ပြောင်းရွှေ့ပြီး ကြော်ငြာ ကုမ္ပဏီတခုမှာ ၀င်လုပ်တယ်။

၁၉၇၀ မှာတော့ သားသမီး ငါးယောက်နဲ့အတူ ဆန်ဒေသဂိုမြို့ကို ပြောင်းရွှေ့ပြီး သူ့ကိုယ်ပိုင်ကြော်ငြာနဲ့ ဓာတ်ပုံဖက်ရှင်ဆိုင်ဖွင့်လှစ်ခဲ့တယ်။ သူတို့နှစ်ယောက်ဟာ သွားအတူ၊ လာအတူ၊ စား အတူဆိုသလို ဘယ်တော့မှ မခွဲခဲ့ကြဘူး။ ခရီးထွက်ရာမှာလည်း အတူတူထွက်ကြတဲ့အကြောင်း သမီးဖြစ်သူက ပြောခဲ့ပါတယ်။ မခွဲမခွာတန်း ချစ်ခဲ့ကြတဲ့စုံတွဲဟာ အခုတော့ သေလည်းအတူတူဆိုသလို လက်ချင်ချိတ်ပြီး ဘ၀ကူးသွားကြပြီ။

ထွဋ်ဝင်းထွဋ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


  • အမြန်လမ်းမိုင်တိုင်အမှတ် ၁၆၂ / ၂ နှင့် ၃ကြားအက်ဆီးဒင့် - 7/2/2015
  • ပေါင်မှာ ထိုးထားတဲ့ နှင်းဆီ တက်တူးကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ ဆိုတဲ့ ဖွေးဖွေးက ဘယ်ကိစ္စကိုမှ ကြာရှည်ခေါင်းထဲမထည့်ထားဘူးလို့ ဖွင့်ဟ - 7/2/2015
  • အဖော်အချွတ်ဓါတ်ပုံ ၀ါသနာရှင် နန်းမြင့်မိုရ် ဓါတ်ပုံတပုံကြောင့် ရတက်မအေး ဖြစ်နေရ - 7/2/2015
  • ရွှေနန်းထိုက်ရွှေဆိုင် ဖောက်ထွင်းသူ သာကေတမှာဖမ်းမိ - 7/2/2015
  • ဒီနေ့ အတွက်ကာတွန်း(အိန္ဒြာကျော်ဇင်ရဲ့ ကလေးက မွေးမွေးချင်း သူ့ အမေနာမည်ကိုခေါ်ပြီးငိုသတဲ့) - 7/2/2015
  • သူတို့နှစ်ယောက် ရှစ်နှစ်သား၊ ရှစ်နှစ်သမီးအရွယ်ကတည်းက သူငယ်ချင်းမိတ်ဆွေဘ၀နဲ့ သံယောဇဉ်ငြိတွယ်ခဲ့ ကြတယ်။ အကြင်လင်မယားအဖြစ် ...

    Posted by MP4 YoU on Friday, 3 July 2015

    No comments:

    Post a Comment