Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 23, 2015

ဘင်္ဂလား မြန်မာနယ်စပ်တွင် မြေမြုပ်မိုင်း ၁၂ လုံးတွေ့ရှိ


  ဘင်္ဂလာဒေ့ရှ်- မြန်မာနယ်စပ် အနီးရှိ ဘင်ဒရာဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ် အတွင်း နယ်စပ်မှ မြေမြုပ် ၁၂ လုံးကို ဘင်္ဂလာနယ်ခြားစောင့်တပ်မှ တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းများကို ဇူလိုင်လ ၂၁ ရက်နေ့က ဘင်္ဂလား မြန်မာ နယ်စပ်မှတ်တိုင် အမှတ် (၄၆) အနီးတွင် ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ တခုမှ ကင်းလှည့်နေစဉ် တွေ့ရှိခြင်းဖြစ်ကြောင်း banglanews24 သတင်းတွင်ရေးသားသည်။

ယခုတွေ့ရှိသည့် မိုင်းများမှာ မြန်မာနယ်ခြားစောင့်တပ်မှ နယ်စပ်တွင် မြုပ်နှံထားသည့် မိုင်းများဖြစ် ကြောင်း အမှတ် (၅၀) ဘင်္ဂလာနယ်ခြားစောင့်တပ်မှ အရာရှိတစ်ဦးက ပြောဆိုကြောင်းလည်း သတင်းတွင် ဖော်ပြသည်။

သို့သော် မြန်မာဘက်က မြုပ်နှံထားသည် ဆိုခြင်း အပေါ် နိရဉ္စရာအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပါ။

ယင်မိုင်းများကို ယခုအခါ စစ်ဆေးရန် သက်ဆိုင်ရာသို့ နယ်ခြားစောင့်တပ်မှ လွဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Narinjara
https://www.facebook.com/pages/Narinjara

No comments:

Post a Comment