Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 8, 2015

ဘင်္ဂလာဒေ့ရှ့် ဘုန်းကြီးကျောင်းတစ်ခုမှ အစ္စလာမ်ဘာသာဝင်များအား ရာမဒန် ဥပုတ်ကာလအတွင်း အစားအသောက်များလှူ




ဒါဟာ တကယ့်ကို ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမဒန် ဥပုတ်ကာလအတွင်း ဗုဒ္ဓသားတော် ရဟန်းတော်တွေရဲ့ Ifter အီဖတာ အလှူကို အစ္စလာမ်ဘာသာဝင်တွေ ရာနဲ့ချီပြီး လက်ခံရယူနေတဲ့ အလှူသတင်းဘဲ ဖြစ်ပါတယ်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တော်မှာရှိတဲ့ ဓမ္မရာစိကာ ဘုန်းတော်ကြီးကျောင်း (Dhammarajika Monastery) ဆရာတော် Ven Suddhananda Mahathero က နေ ဦးဆောင်ပြီး ရာမဒန် ဥပုတ်ကာလ အတွင်း ဥပုတ်သီလ စောင့်ကြတဲ့ ဆင်းရဲသူ ဆင်းရဲသား အစ္စလာမ်ဘာသာဝင်တွေကို နေ့စဉ် ညနေ ၅ နာရီ အချိန်မှာ အစားအသောက်တွေ လှူဒါန်းရာမှာ အစ္စလမ်ဘာသာဝင် ၃၀၀ ကနေ ၄၀၀ အထိ နေ့စဉ်လာရောက် လက်ခံယူကြတယ်လို့ ဆိုပါတယ်။
ခုလို ပြုလုပ်တာကတော့ ဘာသာတစ်ခုနဲ့ တစ်ခုအကြား နားလည်မှုနဲ့ အပြန်အလှန် ရိုင်းပင်းကူညီလိုတဲ့ အတွက် ပြုလုပ်တာ ဖြစ်တယ်လို့ ဆရာတော်က ပြောဆိုတယ်လို့သိရပါတယ်။
ဗုဒ္ဓဘာသာဝင်တို့ရဲ့ နုညံ့သိမ်မွေ့မူနဲ့ ရက်ရောခြင်း၊ ပေးကမ်းစွန့်ကြဲခြင်းတွေကို ဒီလုပ်ရပ်က ရောင်ပြန်ဟပ်စေပါတယ်။
ဘင်္ဂလာဒေ့ရှ်မှာ ဗုဒ္ဓဘာသာဟာ လူနည်းစု ဖြစ်ပြီး ၂၀၁၂ ခုနှစ်က ပန်းဝါ( ရာမူး)မြို့မှာ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်းကို အစွန်းရောက် အစ္စလာမ်မစ်တွေက တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ခုလို ဖျက်ဆီးပစ်တာကို ခံခဲ့ကြရပေမယ့် အစ္စလာမ်ဘာသာဝင်တွေ အပေါ် စိတ်မကွက်ဘဲ ရက်ရောစွာ အလှူပြုလုပ်နေတဲ့ ဗုဒ္ဓဘာသာဝင် ရဟန်းတော်တွေရဲ့ လုပ်ရပ်ကတော့ တကယ့်မွန်မြတ် သန့်စင်တဲ့ သူတော်စင်တွေရဲ့ လုပ်ရပ်လို့ ပြောဆိုရမှာ ဖြစ်ပါတယ်။

Zawana Shen 

No comments:

Post a Comment