Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 30, 2015

LA မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဗီဇာကိစ္စများ စတင်ဆောင်ရွက်ပြီ

လော့စ်အိန်ဂျယ်လိစ် မြို့တော်ဝန် မစ္စတာ မိုက်ကယ်လ် အန်တိုနိုဗစ်ခ်ျ (ဝဲ) လော့စ်အိန်ဂျယ်လိစ်မြို့တော် အမှတ်တံဆိပ်ပြားကို တာဝန်ခံ ကောင်စစ်ဝန်ချုပ် ဦးအောင်ကျော်ဇံ (ယာ) အား မေလ ၂ ရက် ရုံးဖွင့်ပွဲအခမ်းအနားတွင် ပေးအပ်နေပုံ ဖြစ်ပါသည်။လော့စ်အိန်ဂျယ်လိစ် မြို့တော်ဝန် မစ္စတာ မိုက်ကယ်လ် အန်တိုနိုဗစ်ခ်ျ (ဝဲ) လော့စ်အိန်ဂျယ်လိစ်မြို့တော် အမှတ်တံဆိပ်ပြားကို တာဝန်ခံ ကောင်စစ်ဝန်ချုပ် ဦးအောင်ကျော်ဇံ (ယာ) အား မေလ ၂ ရက် ရုံးဖွင့်ပွဲအခမ်းအနားတွင် ပေးအပ်နေပုံ ဖြစ်ပါသည်။မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို ယခုနှစ် မေလ ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သော်လည်း လိုအပ်သော စက်ကိရိယာ ပစ္စည်းများ ရောက်မလာသေးသောကြောင့် ဗီဇာရေးရာများ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ စက်ကိရိယာများ ဇူလိုင် ၁၇ ရက်နေ့က ရောက်ရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ ပြည်ဝင်ဗီဇာကိစ္စများကို စတင်လက်ခံ ဆောင်ရွက်ပေးနေပြီ ဖြစ်သဖြင့် ဝါရှင်တန်ဒီစီသို့ လျှောက်လွှာပို့ဆောင်ရန် မလိုအပ်တော့ဘဲ ပိုမို လွယ်ကူအဆင်ပြေမည် ဖြစ်သည်။
မြန်မာကောင်စစ်ဝန်ချုပ် ဦးအောင်ကျော်ဇံသည် လော့စ်အိန်ဂျယ်လိစ်မြို့နှင့် ဆန်ဖရန်စစ္စကိုမြို့နေ မြန်မာမိသားစု အသိုင်းအဝိုင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ နှစ်ခု ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
လော့စ်အိန်ဂျလိစ် မြန်မာကောင်စစ်ဝန်ရုံးသည် ပြည်နယ် ၈ ခုနှင့် အမေရိကန်ပိုင် နယ်မြေအချို့အတွက် ပတ်စပို့၊ ဗီဇာနှင့် ကောင်စစ်ဝန်လုပ်ငန်းဆောင်တာများကို တာဝန်ယူမည် ဖြစ်သည်။ အာလာစကာ၊ ကယ်လီဖိုးနီးယား၊ အော်ရဂန်၊ ဝါရှင်တန်၊ နီဗားဒါး၊ အရီဇိုးနား၊ နယူးမက္ကဆီကိုနှင့် ဟာဝိုင်ယီ ပြည်နယ်၈ ခုနှင့် ဂူအမ်၊ ဆာမိုအာ၊ မာရှယ်အိုင်းလင်း စသော ပစိဖိတ်နယ်မြေသုံးခု အကျုံးဝင်သည်။
ရုံးချိန်နှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များ
ဗီဇာလျှောက်လွှာများကို ရုံးဖွင့်ရက်များတွင် နေ့စဉ် နံနက် ၉း၃၀ နာရီမှ မွန်းတည့် ၁၂း၀၀ အထိ လက်ခံမည် ဖြစ်၍ ဗီဇာနှိပ်ပြီး နိုင်ငံကူးလက်မှတ် ပတ်စပို့များကို မွန်းလွဲ ၁း၃၀ နာရီမှ ညနေ ၄း၀၀ အတွင်း ထုတ်ပေးသွားမည်ဟု သိရ၏။
သက်ဆိုင်ရာဗီဇာလျှောက်လွှာပုံစံများကို လော့စ်အိန်ဂျယ်လိစ်မြို့၊ အချက်အချာ လူစည်ကားသော ကိုရီးယားတောင်းအရပ်ရှိ Equitable Plaza ၁၅ ထပ်မှ ကောင်စစ်ဝန်ချုပ်ရုံးတွင် အခမဲ့ ထုတ်ယူနိုင်ပြီး၊ ကောင်စစ်ဝန်ချုပ်ရုံး၏ ဝက်ဘ်ဆိုက် ပြီးစီးသွားလျှင် အွန်လိုင်းမှ ရယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဗီဇာကိစ္စများနှင့်ပတ်သက်၍ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်သော သီးသန့်တယ်လီဖုန်းလိုင်းလည်း သတ်မှတ်ထားပါသည်။ Tel. 213-387-0043 Ext. 203
လော့စ်အိန်ဂျယ်လိစ် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ လိပ်စာမှာ-
Consulate-General of the Republic of the Union of Myanmar
3435 Wilshire Blvd, Suite 1590
Los Angeles, CA 90010
Tel. 213-387-0043 / 213-387-0041
Fax 213-387-0042
Email: myancgla@gmail.com
လော့စ်အိန်ဂျယ်လိစ် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ လုပ်ကိုင်ဆောင်ရွက်ပေးသော ကိစ္စရပ်များနှင့် အချက်အလက်ပြည့်အစုံကို ဖော်ပြထားသော သတင်းလွှာ ရယူရန် ကလစ်ခ်လုပ်ပါ။

No comments:

Post a Comment