Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 23, 2015

သက်ရှိထင်ရှား သွေးစုပ်ဖုတ်ကောင်တွေကို တိုက်ရိုက် သွေးစုပ်ခွင့်ပေးခဲ့တဲ့ အမျိုးသမီး


Blut Katzchen အမည်ရှိ ပန်းပညာရှင် အမျိုးသမီးတစ်ဦးဟာ အမေရိကန်တစ်ခွင်က သက်ရှိထင်ရှား သွေးစုပ်ဖုတ်ကောင်တွေကို သူမကိုယ်တိုင် သွေးဘယ်လို တိုက်ကျွေးခဲ့တယ်ဆိုတာ ထုတ်ဖော်ပြောပြခဲ့ပါတယ်။သူမဟာ သွေးစုပ်ဖုတ်ကောင်တွေကို သူမ ကိုယ်တိုင်စိတ်ရင်းနဲ့ သူမရဲ့ခန္ဓာကိုယ်ကနေ တိုက်ရိုက်သွေးစုပ်ခွင့်ပြုခဲ့တာပါ။ အမေရိကန်နိုင်ငံ တစ်ခွင်ကို လှည့်လည်ပြီး သွေးဆာနေတဲ့ အမျိုးသမီး အမျိုးသားတွေကို ၁၀နှစ်ကျော် စိတ်ကျေနပ်စေခဲ့တာ ဖြစ်ပါတယ်။

သူနောက်ဆုံး သွေးတိုက်ကျွေးခဲ့သူကတော့ တက္ကဆက်ပြည်နယ်က အသက် ၄၃နှစ်ရှိ Michael Vachmiel ဆိုသူဖြစ်ပြီး သူမရဲ့သွေးတွေက သူအသက် ဆက်ရှင်ဖို့လိုအပ်တဲ့ စွမ်းအင်ကို ပေးစွမ်းခဲ့တယ်လို့လည်း Michael က ၀န်ခံထားပါတယ်။သူတို့နှစ်ဦးဟာ ပြန်လည်ရှင်သန်ထမြောက်ခြင်း လုပ်ဆောင်ချက်ကို တစ်နှစ်အတွင်း အကြိမ်အရေအတွက် အနည်းငယ် လုပ်ဆောင်ခဲ့ကြပါတယ်။ “ကျွန်မငယ်ငယ်လေးကတည်းက ဒီ သွေးစုပ်ဖုတ်ကောင် ယဉ်ကျေးမှုတစ်ရပ်လုံးကို အကျွမ်းတ၀င် ရှိနေခဲ့တာပါ။ ကျွန်မ အစ်မ စုဆောင်းထားတဲ့ စာအုပ်တွေထဲက သွေးစုပ်ဖုတ်ကောင်များ ဆိုတဲ့ စာအုပ်ကို ရှာတွေ့ခဲ့ပြီးကတည်းက အဲ့ဒီ့ထဲကို ၀င်ရောက်ဖြစ်ခဲ့တာပါ။ ငန်းတစ်ကောင် ဖြစ်ဖို့ဆိုတာ သိပ်ကို တိကျတဲ့ စိတ်အခံနဲ့ လာပါတယ်။ သွေးလှူရတာကို ပိုပိုပြီး နှစ်ခြိုက်လာတယ်။” လို့ Blut ကပြောခဲ့ပါတယ်။
TrendMyanmar

No comments:

Post a Comment