Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 21, 2015

စိတ်ညစ်လေလေ ပရိသတ်ကြိုက်မယ့် သီချင်းတွေထွက်လေလေလို့ ဆိုလာတဲ့ 4 အယ်လ်ဘမ်ထဲက ထက်ယံ




 မိတ္ထီလာကနေ ရန်ကုန်သို့တက်လာခဲ့ပြီး အနုပညာတက္ကသိုလ်ကို သရုပ်ဆောင်မေဂျာအဓိကနဲ့တက်ရောက်ကာ ကိုယ် ၀ါသနာပါတဲ့ ဂီတလိုင်းကို စတင်ကြိုးစားခဲ့တဲ့ ထက်ယံကို  ရဲရင့်အောင်နဲ့အတူ သီဆိုခဲ့တဲ့ No More Cry ဆိုတဲ့ သီချင်းလေးနဲ့ တွဲသိကြပါလိမ့်မယ်။ အဲ့ဒီသီချင်းကစပြီး ပရိသတ်တွေ လက်ခံအားပေးခြင်း ခံရတဲ့ ထက်ယံက ဘိုဘိုအင်တာတိန်းမန့်က ဖြန့်ချိတဲ့ 4 album အခွေမှာပါ ပါဝင်လာခဲ့တာပါ။ ထက်ယံကို အခုလက်ရှိ ဂီတလှုပ်ရှားမှုများနဲ့ပတ်သက်ပြီး မေးမြန်းကြည့်တဲ့အခါ
"4 Album အတွက် အမ်တီဗီရိုက်ဖြစ်နေတယ်။ ၈လပိုင်းထဲမှာ ထွက်ဖို့လဲ ကြိုးစားနေတယ်။ ကျွန်တော့်အတွက်က လောလောဆယ် ၂ ပုဒ်ရိုက်ပြီးသွားပြီ။ တစ်ကိုယ်တော်ခွေအတွက်ကတော့ လောလောဆယ် ကျွန်တော်ရေးထားတာကြီးပဲ ၁၀ ပုဒ်လောက်ရှိတယ်။ သူများဆီက ၀ယ်ထားတဲ့ သီချင်းလေးတွေလဲ ရှိတယ်။ နောက်အတွဲဆိုဖို့တွေလဲ ပါမယ်ပေါ့။ ကျွန်တော်ရေးထားတဲ့ ၁၀ပုဒ်ထဲကနေ ၆ ပုဒ်လောက်ပဲရွေးဖြစ်မယ်။ ကျန်တဲ့အပုဒ်တွေက တခြားသူတွေရေးတာရယ်၊ အတွဲတွေရယ်ထည့်ဖြစ်မယ်။ အဲ့ဒါကလဲ 4 album အမ်တီဗီထွက်အပြီး ဒီနှစ်ကုန်လောက် မှန်းထားပါတယ်။ ရွှေထူးကတော့ အရင်ထွက်ဖြစ်မယ်။ သူက အကုန်ပြီးနေပြီ။ သူပြီးမှပဲ ကျွန်တော်ထွက်ဖြစ်မှာပါ။"လို့ သူက ပြောပြသွားပါတယ်။
ဝါသနာအရ ရိုက်ပေးဖြစ်တဲ့ အမ်တီဗီများနဲ့ပတ်သက်ပြီးတော့လဲ သူက "သားသားသီချင်းတစ်ပုဒ်ကို ရိုက်ပေးတာကနေစပြီး သူငယ်ချင်းတွေက ရိုက်ပေးရိုက်ပေးဆိုတာနဲ့ သူတို့ဟာလေးတွေပါ ရိုက်ပေးဖြစ်တာပါ။ အခုကျွန်တော် ရိုက်ပေးထားပြီးသားက သားသား၊ ရဲရင့်အောင်၊ စူပါမော်လ်ဒယ်၊ ကိုဂျောက်ဂျက်၊ နောက်ကျွန်တော် အဆိုသင်တဲ့ ဆရာရဲ့အဖွဲ့ကို ရိုက်ပေးထားတယ်။ နောက်ဆုံး ရိုက်ပေးထားတာကတော့ ကိုထက်နေခြည်ကိုပေါ့။ အခုလိုရိုက်ပေးဖြစ်တာကလဲ ကျွန်တော်ဝါသနာပါတာ သီးသန့်ကြောင့် ရိုက်ပေးဖြစ်တာပါ။ အစကလဲ ကျွန်တော့်အမ်တီဗီကို ကျွန်တော်ရိုက်ချင်လို့စရိုက်ရင်းကနေ အခုသူများတွေအတွက် ပါရိုက်ပေးဖြစ်တာပါ။ ဒါရိုက်တာ အလုပ်ကို ကျွန်တော့်ရဲ့ လုပ်ငန်းတစ်ခုလို့ မသတ်မှတ်ထားဘူး။ ၀ါသနာအရ ရိုက်ဖြစ်တာပါ။ ဒါပေမဲ့ ကျွန်တော့်အသက် အနေအထားတစ်ခုအရရောက်လာရင်တော့ ကျွန်တော့်ဝါသနာကို စီးပွားရေးအရ အသုံးချဖို့စိတ်ကူးထားတယ်"တဲ့။
ဖေ့စ်ဘုတ်ပေါ်မှာ စိတ်ခံစားမှုနဲ့ပတ်သက်တာတွေကို တင်ဖြစ်တာနဲ့ပတ်သက်ပြီး လက်ရှိ အချစ်ရေးကိုမေးမြန်းကြည့်တဲ့အခါ "လက်ရှိအချစ်ရေးက ကံမကောင်းဘူးပေါ့။ ဒါပေမဲ့ အချစ်ရေးကတော့ အဲ့လိုပါပဲ။ အမြဲတမ်းတော့ ဘယ်ကံကောင်းနိုင်ပါ့မလဲ။ ကျွန်တော်တို့ကအနုပညာသမားဆိုတော့ ခံစားမှုကြီးတယ်။ နည်းနည်းလေးဆိုလဲ အများကြီး ပိုခံစားတယ်။ သာမန်လူတွေအနေနဲ့ကျတော့ နားလည်မပေးနိုင်ဘူး။ အဲ့ဒီလို စိတ်ညစ်စရာရှိတာလဲကောင်းပါတယ်။ အဲ့ဒီလို စိတ်ညစ်လေလေ ပရိသတ်တွေလိုချင်တဲ့ ခံစားချက် သီချင်းတွေ ထွက်လေလေပေါ့။ လောလောဆယ်က တစ်ယောက်တည်း မဟုတ်ဘူးခင်ဗျ။ နည်းနည်းတော့ဖြေရခက်နေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်လိုချင်တာက ကျွန်တော်တို့နှစ်ယောက်လုံးပျော်နေဖို့ပဲ လိုအပ်တယ်။ အခုက အချိန်ကာလကလဲ နည်းသေးတယ်။ တစ်ယောက်နဲ့တစ်ယောက်က ညှိနှိုင်းကြတုန်းဆိုတော့လေ။ ချစ်သူက အပြင်လောကကပါ။ အနုပညာလောကထဲက လူကို မရွေးဘူးခင်ဗျ။ ပိုဆိုးမှာစိုးလို့ပါ။ ချစ်သူထားတာကလဲ သီချင်းရေးဖို့အတွက် ကုန်ကြမ်းရှာတာ မဟုတ်ပါဘူး။ အဲ့ဒီလိုဆို ကျွန်တော်သေသွားလိမ့်မယ် တကယ်ကိုရင်ထဲက ချစ်လို့ တကယ့်အပြင်းစား ခံစားချက်တွေပါ။ ချစ်သူသက်တမ်းကမကြာသေးပါဘူး"လို့ သူက ပြောပြပေးခဲ့ပါတယ်။
http://www.trend.com.mm/2015/07/15/hip-hop-7165

No comments:

Post a Comment