
ကိုယ်တွေ့တဲ့သူက ကိုယ့်ကို အရမ်းချစ်တယ် ဆိုရင်တော့ ကိုယ်က သိပ်မချစ်ဘူးပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီတစ်ယောက်က ကိုယ်အလိုလိုက်တာထက် ပိုအလိုလိုက်မယ်။ ကိုယ့်ထက်ပို အလျှောပေ့းမယ်။ ဘာကြောင့်လဲဆိုတော့ သူက ပိုချစ်နေတာကိုး။ ဒါမှမဟုတ် ကိုယ်က ပိုချစ်ရတဲ့သူ ဆိုရင်တော့ ကိုယ်က သူ့ကို ပိုအလိုလိုက်မယ်။ ပိုအလျှော့ပေးမိမှာပေါ့။ ကြုံခဲ့ဖူးတဲ့ ချစ်သူတွေကလဲ သူ့ဖက်က ပိုချစ်တာလဲကြုံခဲ့ဖူးသလို ကိုယ့်ဖက်ကလဲ ပိုချစ်ခဲ့ဖူးတယ်။ အခုလက်ရှိမှာတော့ အချစ်က နန်းဆုဘ၀အတွက် ဘယ်လောက်အရေးပါလဲဆိုရင် လက်ရှိအနေအထားနဲ့ပြောရရင် ရည်းစားလဲ မထားဖြစ်တော့ဘူးဆိုတော့ အချစ်မရှိဘူးပေါ့နော်။ ရာခိုင်နှုန်းနဲ့တော့ အတိအကျမပြောတတ်ပါဘူး။ အိမ်ကတော့ ကလေးလဲ မဟုတ်တော့တဲ့အတွက် ရည်းစားထားချင်လဲ ထားလို့ရတယ်။ ထားခွင့်လဲပေးထားတယ်။ အမေနဲ့တော့ တိုင်ပင်လို့ရတာပေါ့နော်။ ဒါပေမဲ့ ခုလောလောဆယ်မှာတော့ နန်းဆုရည်းစားလဲ မထားချင်သေးဘူး။ ဒီအလုပ်ကို ပဲ ဇောက်ချပြီးသေချာလေးကြိုးစားချင်ပါသေးတယ်"တဲ့။
လက်ရှိမှာ ဒါရိုက်တာဂျိုးရိုက်ကူးတဲ့ Run ဆိုတဲ့ ဇာတ်ကားကို ကောင်းပြည့်နဲ့အတူ လိုတရတဲ့ သူဌေးသမီးတစ်ယောက်အနေနဲ့ပါဝင်သရုပ်ဆောင် နေတဲ့နန်းဆုဦးက သူမရဲ့ အနုပညာအကြောင်းတွေကိုတော့ "ဒီကားပြီးရင် ညီမ မေမြို့မှာ ကိုနေမင်းနဲ့ ဗီဒီယိုနှစ်ကား သွားရိုက်ဖို့ရှိတယ်။ ၁ ရက်နေ့သွားမှာပါ။ ကားကြီးလဲ ရိုက်ဖို့ရှိတယ်။ ကားကြီးကတော့ ရန်ကုန်မှာ လာပြန်ရိုက်မှာပါ။ ညီမကို လာကမ်းလှမ်းတဲ့ ဇာတ်တွေက ခပ်မိုက်မိုက် ခပ်ဆိုးဆိုး ကာရိုက်တာတွေ များတယ်။ ခုနောက်ပိုင်းမှသာ နယ်ဇာတ်တို့တောဇာတ်တို့ လာကမ်းလှမ်းကြတာပါ။ ညီမလဲ မလုပ်ဖူးတဲ့ ကာရိုက်တာတွေ ခုနောက်ပိုင်းမှာ ကမ်းလှမ်းလာတဲ့အတွက် ညီမအကောင်းဆုံးကြိုးစားထားပါတယ်။"လို့ သူမက ဖွင့်ဟပါတယ်။
လက်ရှိ သူမရဲ့ ပညာရေးနဲ့ပတ်သက်ပြီးတော့လဲ သူမက "ပညာရေးကတော့ Yangon International School မှာ ၁၂ တန်းထိပြီးသွားပြီ။ ဒီမှာပြီးသွားတော့ ညီမက ဟိုမှာ တက္ကသိုလ်သွားတက်ရမှာ ၄နှစ်ပေါ့။ အဲ့ဒါကြောင့် ဒီမှာနားပြီး ဟိုမှာ ၄ နှစ် သွားတက်ဖို့ကျတော့လဲ မဖြစ်နိုင်ဘူး။ အဲ့ဒါနဲ့ပဲ မတက်ဖြစ်တာပါ။ ဆက်တက်ဖြစ် မတက်ဖြစ်ကတော့ မသေချာတော့ပါဘူး"တဲ့။
http://www.trend.com.mm/2015/07/20/yollywood-7201
No comments:
Post a Comment