CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 26, 2015
အိုင်စစ်အဖွဲ့မှ လက်မရွံ့ပါးကွက်သား ဂျီဟတ်ဒီဂျွန် အဖွဲ့ဝင်များ၏ရန်မှ ထွက်ပြေးတိမ်းရှောင်နေရ
ဓါးစာခံများကို ခေါင်းဖြတ်ကွပ်မျက်လေ့ရှိသူ အိုင်စစ်အကြမ်းဖက်အဖွဲ့မှ ဂျီဟတ်ဒီဂျွန်သည် ၎င်း၏ ကျော်ဇောမှုကြောင့်ပင် အသက်အန္တရာယ်စိုးရိမ်နေရပြီး အိုင်စစ်ထိန်းချုပ်နယ်မြေမှ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ဗြိတိန်နိုင်ငံသား ကူဝိတ်နိုင်ငံတွင်မွေးဖွားခဲ့သူ မိုဟာမက်အမ်ဝါဇီ ခေါ် ဂျီဟတ်ဒီဂျွန်သည် တကမ္ဘာလုံးကို အထိတ်တလန့်ဖြစ်စေခဲ့သည့် ဗြိတိန်နိုင်ငံသား စေတနာ့ဝန်ထမ်း ဒေးဗစ်ဟိန်းနှင့် အယ်လန်ဟန်းနင်း၊ အမေရိကန် ဂျာနယ်လစ် ဂျိမ်းဖိုလီနှင့် စတီဗင်ဆော့လော့တို့ကို ခေါင်းဖြတ်သတ်ခဲ့သည့် ဗီဒီယိုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသူဖြစ်သည်။ ယခုအခါ ၎င်းကို အိုင်စစ်အဖွဲ့က ရှာဖွေနေသည်ဟု the Mirror က သတင်းဖော်ပြသည်။
အဆိုပါသတင်းအရ ဂျီဟတ်ဒီဂျွန်သည် ၎င်း၏ကျော်ဇောမှုကို မနာလိုသူ အိုင်စစ်အဖွဲ့ဝင်များ၏ရန်ကြောင့် အသက်အန္တရာယ်ကိုစိုးရိမ်ပြီး တိမ်းရှောင်နေရသည်ဟုဆိုသည်။
၎င်းသည် အမေရိကန်နှင့်ဗြိတိန်နိုင်ငံသားများသာမက ဂျပန် နိုင်ငံသား နှစ်ဦးကိုလည်း ခေါင်းဖြတ် ကွပ်မျက်ခဲ့ပြီး အမေရိကန်အထူးတပ်ဖွဲ့ဝင်များ၏ လိုက်လံရှာဖွေခြင်းကိုလည်း ခံနေရသူဖြစ်သည်။
"အဖွဲ့အတွက် အသုံးမလိုတော့ရင် သူ့ကို အိုင်အက်စ်က ကျောက်ခဲတလုံးကို ပစ်ချသလို ပစ်ထားခဲ့မှာပဲ။ သူကွပ်မျက်ခဲ့တဲ့ ဓါးစာခံတွေရဲ့ကံကြမ္မာအတိုင်း ပြန်ခံရဖို့ရှိတယ်"ဟု the Mirror ၏ သတင်းရင်းမြစ်က ဖြည့်စွက်ပြောကြားသည်။
လက်ရှိတွင် ဂျီဟတ်ဒီဂျွန်သည် ဆီးရီးယားနိုင်ငံတွင်းမှ လူသိနည်းသော အခြားအကြမ်းဖက်အဖွဲ့ထံသို့ ဝင်ရောက်သွားကြောင်း သတင်းများထွက်ပေါ်နေသလို အများအာရုံစိုက်မှုမှ ရှောင်ရှားရန် လစ်ဗျားနိုင်ငံတွင် ရောက်ရှိနေသည်ဟုလည်း အမေရိကန်ထောက်လှမ်းရေးက ယခင်လက the Sunday Express သို့ပြောခဲ့သည်။
ဂျီဟတ်ဒီဂျွန်သည် အသက် ၆ နှစ်အရွယ်တွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဝက်စ်မင်စတာတက္ကသိုလ်တွင် ကွန်ပျုတာဘာသာရပ်ကို သင်ယူခဲ့သူဖြစ်သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Labels:
Daily Popular,
ISIS,
terrorist,
WorldNews
အိုင်စစ်အဖွဲ့မှ လက်မရွံ့ပါးကွက်သား ဂျီဟတ်ဒီဂျွန် အဖွဲ့ဝင်များ၏ရန်မှ ထွက်ပြေးတိမ်းရှောင်နေရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 26, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 26, 2015
Rating: 5
Subscribe to:
Post Comments (Atom)


No comments:
Post a Comment