Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 24, 2015

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းရာ အနည်းဆုံး လူငါးဦး သေဆုံးပြီး ငါးဦးပျောက်ဆုံးလျက်ရှိ


ဖူကျို ၊ ၂၄-၇-၂၀၁၅

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန်း ပြည်နယ် တွင် ဇူလိုင် ၂၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ငါးဦး သေဆုံးခဲ့ပြီး ငါးဦး ပျောက်ဆုံးလျက် ရှိကြောင်း ဒေသတွင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။

အဆိုပါ မိုးရွာသွန်း မှုသည် လျန်ချန်း ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိုခရိုင် အတွင်း၌ ရွာသွန်းခဲ့သည့် မိုးရေချိန်မှာ မီလီမီတာ ၂ဝဝ ကျော် အထိသို့ ရောက်ရှိခဲ့ရာ ခရိုင်အတွင်းရှိ လမ်းမကြီး များပေါ် တွင် ရေကြီးမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ဒေသတွင်းရှိ ပြည်သူဦးရေ ၂၄၃ဝဝဝ ခန့်မှာ ရေဘေး ဒဏ်သင့် ခဲ့ရပြီး ၄င်းတို့အနက် ဦးရေ ၁၃၂ဝဝဝ ကို အာဏာပိုင် များက ဘေးလွတ် ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း နှင့် ကောက်ပဲ သီးနှံစိုက် ဧက ဟက်တာ ၈ဝဝဝ ခန့်မှာလည်း ပျက်စီး ခဲ့ရကြောင်း အာဏာပိုင် များ၏ ထုတ်ပြန်ချက် အရ သိရ သည်။ အလားတူ ဒေသတွင်းရှိ ကုန်ထုတ်လုပ်ရေး စီမံကိန်း ၄ဝခု ကို သက်ဆိုင်ရာက ရပ်တန့် ထားခဲ့ ရသည်။

ယခုအခါ အာဏာပိုင် များက ရေဘေးဒဏ်သင့် ပြည်သူများကို အကူအညီများ ပေးအပ်ခဲ့ပြီး ပျောက်ဆုံး နေသူများကို ဆက်လက် ရှာဖွေလျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

No comments:

Post a Comment