CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, July 24, 2015
သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ဖို့ လုံလောက်တဲ့ ဥပဒေ မပြဌာန်း ပေးနိုင်ခဲ့လို့ အိုဘားမား ၀မ်းနည်း
အမေရိကန် နိုင်ငံ ထဲ မှာ သေနတ်ကိုင်ဆောင် မှု အပေါ် ထိန်းချုပ် နိုင် ဖို့ မအောင်မြင် ခဲ့ ရ တာ ဟာ သူ့ရဲ့ သမ္မတ သက်တမ်း အတွင်း မှာ စိတ် ပျက်စရာ အကောင်းဆုံး ဖြစ် တယ် လို့ သမ္မတ အိုဘားမား က ဘီဘီစီ နဲ့ သီးသန့် တွေ့ဆုံ ကြတုန်း ပြောခဲ့ ပါတယ်။
အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံနေ ရတာ တွေ ထပ်ပြန် တလဲလဲ ဖြစ် နေပေမယ့်၊ သေနတ် ကိုင်ဆောင် မှု နဲ့ စပ်လျှဉ်းပြီး အန္တရာယ် ကင်းစေဖို့ လုံလောက် တဲ့ ဥပဒေ တွေ ထားရှိ ရမယ် ဆိုတဲ့ အသိ မရှိ သေးတာ ဟာ ကမ္ဘာပေါ်က တိုးတက်ပြီး နိုင်ငံ တွေ ထဲ မှာ အမေရိကန် တနိုင်ငံ ပဲ ကျန် တော့တယ် လို့ မစ္စတာ အိုဘားမား က ဆိုပါတယ်။
9/11 တိုက်ခိုက် မှု နောက်ပိုင်း အကြမ်းဖက် သမား တွေ လက်ချက် နဲ့ သေဆုံးရ တဲ့ အမေရိကန် နိုင်ငံ သား အရေ အတွက် ဟာ ၁၀၀ မပြည့် ပေမယ့်၊ သေနတ် ပစ်ခတ် မှု နဲ့ သေဆုံး ရသူ သောင်း နဲ့ ချီ နေပြီ လို့ လည်း သမ္မတ အိုဘားမား က ပြောပါတယ်။
၂၀၁၂ တုန်း က ဖြစ်ခဲ့တဲ့ Sandy Hook ကျောင်း သေနတ်ပစ်ခတ် မှု နောက်ပိုင်း သေနတ် ကိုင် ဆောင် မှု ကို ပိုပြီး ထိန်းချုပ် ဖို့ သမ္မတ အိုဘားမား ကြိုးစား ခဲ့ ပေမယ့် နောက်ဆက်တွဲ ဥပဒေ ကြမ်း ဖြစ်တဲ့ ခြေမှုန်းရေး ရိုင်ဖယ် တွေ ကိုင်ဆောင် ခွင့် လုံးဝ ပိတ်ပင် ဖို့ ကတော့ ကွန်ဂရက်စ် လွှတ် တော် ထဲ မှာ ရှုံးနိမ့် ခဲ့ ရပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ဖို့ လုံလောက်တဲ့ ဥပဒေ မပြဌာန်း ပေးနိုင်ခဲ့လို့ အိုဘားမား ၀မ်းနည်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 24, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 24, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment