တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များ အဖွဲ့ Big Bang ၏ Sober အမည်ရ တေးဂီတဗီဒီယိုသည် ထွက်ရှိပြီး လေးရက်အတွင်း ယူကျု့ဘ်၌ကြည့်ရှုသူပရိသတ် ပေါင်း ၆ ဒသမ ၃ သန်းကျော်ရှိခဲ့ သည်။
Big Bang အဖွဲ့၏ Sober တေးဂီတဗီဒီယိုသည် ဇူလိုင် ၁ ရက်တွင်ထွက်ရှိခဲ့ပြီးနောက် ဇူလိုင် ၄ ရက်ကိုရီးယားစံတော် ချိန် နေ့လယ် ၃ နာရီအထိ ယူကျု့ဘ်၌ကြည့်ရှုသူပရိသတ် ပေါင်း ၆ ဒသမ ၃ သန်းကျော်ရှိ ခဲ့ခြင်းဖြစ်သည်။
Sober သီချင်းသည် တောင် ကိုရီးယားနိုင်ငံရှိ လူကြိုက်အများ ဆုံးတေးသီချင်းများကို ဖော်ပြ သည့် Bugs၊ Mnet၊ Genie၊ Naver နှင့် Olleh တေးဂီတစာရင်း များ၌လည်း နံပါတ်(၂)နေရာရပ် တည်နေသည်။ Big Bangအဖွဲ့၏ ဇူလိုင် ၁ ရက်တွင်ထွက်ရှိသော နောက်ထပ်သီချင်းတစ်ပုဒ်ဖြစ် သည့် If You သီချင်းသည် ကိုရီး ယားတေးဂီတစာရင်းများ၌ လူ ကြိုက်အများဆုံး နံပါတ်(၁) နေ ရာရရှိထားသည်။
Sober နှင့် It you သီချင်း များသည် တောင်ကိုရီးယားနိုင်ငံ တွင်သာမက ပြင်ပ၌လည်း နာမည် ကျော်ကြားလူကြိုက်များသည်။ ဇူလိုင် ၃ ရက်တွင် If You သီချင်း သည် ပြည်ပနိုင်ငံရှိ iTunes တေးဂီတစာရင်းများ၌ နံပါတ်(၁) ဖြစ်ခဲ့သည်။
Big Bang အဖွဲ့သည် လာမည့်သြဂုတ် ၁ ရက်တွင် အယ်လ်ဘမ်E ထွက်ရှိမည်ဖြစ်ပြီး စက်တင်ဘာ ၁ ရက်တွင် MADEအယ်လ်ဘမ်ထွက်ရှိမည်ဖြစ်သည်။ Big Bang အဖွဲ့ သည် ဇူလိုင်၁၁နှင့် ၁၂ ရက်နေ့များတွင် ထိုင်းနိုင်ငံ၌ ဖျော်ဖြေပွဲပြုလုပ် မည်ဖြစ်သည်။
7daydaily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, July 6, 2015
လေးရက်အတွင်း ကြည့်ရှုသူခြောက်သန်းကျော်ရှိတဲ့ Big Bang အဖွဲ့ရဲ့တေးဂီတဗီဒီယို
လေးရက်အတွင်း ကြည့်ရှုသူခြောက်သန်းကျော်ရှိတဲ့ Big Bang အဖွဲ့ရဲ့တေးဂီတဗီဒီယို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 06, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment