Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 6, 2015

Message တွေ အများကြီးပေချင်တဲ့ ၀ိုင်းလေး

အနုပညာလောဘကြီးတတ်တဲ့ အဆိုတော်၊ သရုပ်ဆောင်ဝိုင်းလေးက သူမ အခုရိုက်ထားတဲ့ ဇာတ်လမ်းတိုကနေ ပရိသတ်ကို မက်ဆေ့တွေအများကြီး ပေးချင်တယ်လို့ ပြောပါတယ်။

“ညီမခုရိုက်ထားတဲ့ “တုံ့ပြန်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိသည်” ဇာတ်ကားကနေပြီးတော့ ပရိသတ်တွေကို မက်ဆေ့တွေ အများကြီး ရစေချင်ပါတယ်။ ဒါကတော့ ညီမထားတဲ့ စေ တနာပါ။ ဒီ မက်ဆေ့တွေ ထဲကနေ ပရိသတ်ကို အဓိက သိစေချင်တာက ကောင်းတဲ့အလုပ်၊ မကောင်းတဲ့ အလုပ် ဘယ်လိုအလုပ်မျိုးဘဲဖြစ်ဖြစ် အရာရာ တိုင်းမှာ တန်ပြန်သက်ရောက်မှု ရှိတယ်ဆိုတာကို သိစေချင်တာပါ။ ဒီကား လေးက ဗီဒီယိုဇာတ်ကားမဟုတ်ပေမယ့် ပရိသတ် သဘောကြတဲ့ ဇာတ်လမ်းတိုလေး ဖြစ်လာမယ်လို့တော့ ညီမယုံကြည်ပါတယ်” လို့ ပြောပါတယ်။

“တုံ့ပြန်မှုတိုင်းမှာ တန်ပြန်သက်ရောက် မှုရှိသည်”ဇာတ်လမ်းလေးမှာတော့ ထွန်း ထွန်း၊ အိချောပို၊ မေမြင့်မိုရ်၊ ရှင်းမြတ်၊ ဂျိုကြီး၊ နှင်းပွင့်ဧကရီ၊ ခိုင်သဇင်ငုဝါတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဇူလိုင်လ(၁၁)ရက်နေ့မှာ တော့ Miss Myanmar World အတွက် သရဖူကို လွဲပြောင်းပေးရမှာဖြစ်ပြီး ထူးခြားမှုတစ်ခုလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
messenger news journal

No comments:

Post a Comment