Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 15, 2015

Apple က ပိုမိုကြီးမားတဲ့ iPad တစ်မျိုးထုတ်လုပ်ဖို့ စီစဉ်နေ ip


လက်ရှိ နည်းပညာ နယ်ပယ်ကနေ ထပ်မံ ထွက်ပေါ်လာတဲ့ ကောလာဟလ တွေအရ ကမ္ဘာ့ ဈေးအကြီးဆုံး နည်းပညာ ကုမ္မဏီ တစ်ခုဖြစ်တဲ့Apple ဟာ ပိုမိုကြီးမားတဲ့ iPad အသစ် တစ်မျိုးကို ထုတ်လုပ်ဖို့ စီစဉ်နေတယ်ဆိုတာပါပဲ။

ထိုင်ဝမ် ဘလော့ဂ် တစ်ခုဖြစ်တဲ့ DigiTimes ရဲ့ အွန်လိုင်းသတင်းတွေအရတော့ Apple ဟာ စက်တင်ဘာလ မှာ ၁၂.၉ လက်မ ကျယ်ပြန့်တဲ့ iPad ကို ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ iPad ရောင်းအားတွေက ကျဆင်းလာလို့ပါပဲ။ Apple အနေနဲ့ iPad ဘက်အခြမ်းမှာလည်း ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှု ကို ပြန်လည်ရယူဖို့ လိုအပ်နေပါတယ်။

လက်ရှိ ထုတ်လုပ်ပြီးသား iPad တွေရဲ့ အရွယ်အစားတွေဟာ အခုထပ်မံထုတ်လုပ်မယ့် iPad လောက် အရွယ်အစား ကြီးမားခြင်းမရှိခဲ့ပါဘူး။ iPad Air နဲ့ iPad Air 2 တို့ဟာ ၉.၇ လက်မ ခန့်သာရှိခဲ့ပြီး iPad Mini 3 နဲ့ iPad Mini 2 တို့ကတော့ ၇.၉ လက်မသာ ကျယ်ပြန့်ခဲ့ပါတယ်။

Apple ပရိတ်သတ် တွေ ယုံကြည်ထားကြတာကတော့ အခု ထပ်မံ ထုတ်လုပ်မယ့် iPad အကြီးစားဟာ လက်ရှိထုတ်လုပ်ပြီးသား Apple Watch နဲ့ Macbooks အသစ်တွေမှာ ပါဝင်ပြီးသား နည်းပညာ တစ်ခု ဖြစ်တဲ့ Force Touch နည်းပညာ ကိုလည်း ထည့်သွင်းထားလိမ့်မယ်ဆိုတာပါပဲ။ ထို နည်းပညာ နဲ့ဆိုင်ရင် မောက်စ် တွေမှာ Right Click နဲ့ ထပ်မံလုပ်ဆောင်နိုင်မယ့် Feature တွေကို ကြည့်နိုင်သလိုပဲ မျက်နှာပြင် အကြာကြီး ဖိနှိပ်ထားပြီး အခြား ရွေးချယ်ခွင့်တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ ကောလာဟလ တွေအတိုင်းပဲ ထိုကြီးမားတဲ့ iPad ကိုထုတ်လုပ်ဖြစ်ခဲ့ပါက Apple Pay စနစ် ကို အသုံးပြုနိုင်မယ့် Touch ID ဆင်ဆာ လည်း ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်

Apple ရဲ့ iPad အကြီးစား ထုတ်လုပ်ဖို့ စီစဉ်နေမှုဟာ အထူးအဆန်းတော့မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ Apple ရဲ့ ပြိုင်ဘက် နည်းပညာ ကုမ္မဏီတွေဖြစ်ကြတဲ့ Samsung က ၁၂.၂ လက်မကျယ်ပြန့်တဲ့ Galaxy Tab Pro ကို ထုတ်လုပ်ထားပြီး Microsoft ကလည်း ၁၂ လက်မ ကျယ်ပြန့်တဲ့ Surface Pro 3 ကိုထုတ်လုပ်ထားတဲ့အတွက်ပါ။

( Mario ) - သစ်ထူးလွင်
Ref : Mirror

No comments:

Post a Comment