Texas အမျိုးသားဥယာဉ်မှာ ရှဉ့်တစ်ကောင်က မျိုးစိတ်အရ ဖြစ်လေ့ဖြစ်ထမရှိပေမယ့် မြွေတစ်ကောင်ကို စားသောက်နေတဲ့ ပုံကို U.S Department of Interior က ဖော်ပြခဲ့ပါတယ်။
ဒီဓါတ်ပုံကို Facebook နဲ့ Twitter တို့မှာ ဖော်ပြခဲ့တာဖြစ်ပြီး Guadalupe Mountains အမျိုးသားဥယာဉ်မှ ထိန်းသိမ်းစောင့်ရှောက်သူ William Leggett က လျှပ်တစ်ပြက်ရိုက်ယူထားခဲ့တ
Leggett က ခြံထဲကဆူညံသံတွေကို ကြားပြီး ဒီထူးခြားတဲ့ ဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင်ရိုက်ကူးခဲ့ပါတယ
ပိုစ့်မှာ ဖော်ပြထားတာကတော့ ဒီလို ရှဉ့်တစ်ကောင်က မြွေကြီးတစ်ကောင်ကို စားသောက်တာမျိုးကို မမြင်ဖူး မကြားဖူးပါဘူးလို့ ရေးသားထားပါသေးတယ်။
“ ရှဉ့်တွေဟာ များသောအားဖြင့် အပင်တွေ၊ အသီးနဲ့ သစ်စေ့တွေကိုသာ စားလေ့ရှိပြီး သူတို့ရဲ့ ဒီလို အပြုအမူတွေကို ထုတ်ပြလေ့မရှိပါဘူး။ သူတို့ဟာ ငှက်ဥတွေ၊ ပုတ်သင်ညိုတွေ နဲ့ မြွေတွေကိုလည်း စားသောက်ပါလိမ့်မယ်” လို့လည်း ရေးသားဖော်ပြထားပါတယ်။
( MTN ) - သစ်ထူးလွင်
Ref : Upi

No comments:
Post a Comment