Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 23, 2015

The Monk ရုပ်ရှင် ဇာတ်ကား ပြင်သစ်နိုင်ငံတွင် ပြသမည်


ရန်ကုန် ၊ ဇွန် ၂၃ ။ ။ ပြင်သစ်နိုင်ငံ ပင်လယ် ဆိပ်ကမ်းမြို့ La Rochelle လာရိုချဲလ်မြို့တွင် ဇွန်လ မှ စတင် ကျင်းပမည့် လာရိုချဲလ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တွင် The Monk ဇာတ်ကားကို ပြသ သွားမည် ဖြစ်ကြောင်း အဆိုပါ ဇာတ်ကား ၏ ဖေ့ဘွတ် စာမျက်နှာတွင် ရေးသား ဖော်ပြ ထားသည်။
အဆိုပါ ရုပ်ရှင်ပွဲတော်ကို ၄၃ကြိမ်မြောက် ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး ဇွန် လ ၂၆ မှ ဇူလိုင် ၅ ရက် နေ့ အထိ တွင် လာရိုချဲလ်မြို့၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။
ထို ရုပ်ရှင်ပွဲတော်တွင် The monk ဇာတ်ကား ပြသရန် အတွက် ရွေးချယ် ထားကြောင်း အကြောင်းကြား လာခြင်း ဖြစ်ပြီး ယင်းပွဲတော်တွင် အခြားသော ရုပ်ရှင်ပွဲတော် များမှ ဆုရ ထားသည့် ဇာတ်ကားများ ကိုသာ အဓိက ရွေးချယ် ပြသခြင်း ဖြစ်သည်။
လာရိုချဲလ် နိုင်ငံ တကာ ရုပ်ရှင်ပွဲတော် သည် ပြိုင်ပွဲ များ ၊ ဆုများ ပေးအပ်သည့် ရုပ်ရှင်ပွဲ မျိုး မဟုတ်ပဲ ကျင်းပရသည့် ရည်ရွယ်ချက် မှာ လူအများ ဇာတ်ကား ကောင်းများ တစု တစည်း ထဲ ကြည့်ရူ နိုင်အောင် ရည်ရွယ်ခြင်း ဖြစ်သည်။
The Monk ရုပ်ရှင် ဇာတ်ကားသည် ကျောင်းထိုင်ဘုန်းကြီး တစ်ပါးက မွေးစားလိုက်၍ ကိုရင်ဖြစ်နေသော်လည်း သူ့ဘ၀အတွက် တကယ်တမ်းဘာလုပ်ချင်သည်။ ဘာလုပ်သင့်သည် ဆိုခြင်းကို၎င်းကိုယ်တိုင် ပြန်ဆန်းစစ်ပြီး အခက်အခဲများ ရင်ဆိုင်ကာနောက် ဆုံးတွင်ရွေးချယ်သည့် လမ်းကိုသတ္တိရှိရှိလျှောက်လှမ်းသွားသူတစ်ယောက် အကြောင်း တင်ပြထားသည့်တစ်နာရီခွဲစာ ဇာတ်လမ်း ရုပ်ရှင် ဖြစ်သည်။
The Monk ရုပ်ရှင် ဇာတ်ကားကို ၂၀၁၄ ခုနှစ် ဇူလိုင်လ၌ ဥရောပတွင် ပြုလုပ်သည့် ၄၉ ကြိမ်မြောက် ကာလိုဗိဗာရီ နိုင်ငံတကာ ရုပ်ရှင် ပွဲတော်၏ Forum of independence film တွင် အဖွင့် ဇာတ်ကား အနေဖြင့် ပြသခွင့် ရခဲ့သည်။ ၂၀၁၄ ၊ သြဂုတ်လတွင် ရိုမေးနီးယား နိုင်ငံ၌ ပြုလုပ်သည့် Anonimul International Independence Film Festival ပွဲတွင်လည်း ရွေးချယ် ပြသခြင်း ခံခဲ့ရပြီး Premiere Special Award ဆုကို ရရှိခဲ့သည်။
The Monk ရုပ်ရှင် ဇာတ်ကားကို ဒေါက်တာ အောင်မင်း မှ ဇာတ်ညွှန်း ရေးသား ထားပြီး ဇာတ်လမ်း ရိုက်ကူးရန် ၂၀၁၂ ခုနှစ် အစောပိုင်းတွင် စတင် ခဲ့ကာ ဒါရိုက်တာ သည်မော်နိုင် က ရိုက်ကူး ပုံဖော် ထားသည်။
The Monk ရုပ်ရှင်ကို ၂၀၁၅ ခုနှစ် ဧပြီ ၂၄ နှင့် ၂၅ ရက်တွင် အမေရိကန် ဝါရှင်တန် မြို့တော်တွင် ကျင်းပ ခဲ့သည့် ဝါရှင်တန် နိုင်ငံတကာ ရုပ်ရှင်ပွဲတွင် ပြသခဲ့ပြီး အမေရိကန်တွင် ပြသသည်မှာ နှစ်ကြိမ် ရှိပြီ ဖြစ်ကာ ပထမအကြိမ် သည် ကယ်လီဖိုနီးယားတွင် ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၂ ရက် မှ ၁၂ အထိ ကျင်းပ ပြုလုပ်သည့် Palm Spring film festival ၌ပြသခဲ့ သည်။
Mizzima
...................................................................................

မြစ်ကမ်းဘေးတစ်နေရာက သစ်ပင်ပေါ်မှာ ချိတ်နေတဲ့ သင်္ကန်းစကို လှမ်းယူဖို့ကြိုးစားနေတဲ့
ကိုရင်ငယ်တစ်ပါးနဲ့ မြစ်ထဲကစက်လှေပေါ်က သူ့ကို လှမ်းခေါ်နေကြတဲ့လူတွေ ... သင်္ကန်းစကိုပဲ
ဆက်ပြီး ယူရမှာလား၊ လူတွေဆီပဲ ရေကူးပြီးသွားရမှာ လား ဝေခွဲရခက်နေတဲ့ ဒီကိုရင်ဟာ
နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ သင်္ကန်းကိုစွန့်လွှတ်လို့ ရေထဲကို ၀ုန်းခနဲ
ဆင်းပြီး စက်လှေဆီကို ကူးသွားခဲ့ပေမယ့် စက်လှေပေါ်က လူတွေဟာ တကယ် တမ်းမှာတော့
သူ့ကို ကြိုဆိုမနေကြပါဘူး။

ဒီဇာတ်ဝင်ခန်းလေးဟာ မိနစ်ပိုင်းလောက်ပဲကြာပေမယ့် လောကီကို မစွန့်လွှတ်နိုင်သေးတဲ့
ကိုရင်တစ်ပါးရဲ့ စိတ်အခြေအနေကို ရှင်းရှင်း လင်းလင်းပြသနိုင်တဲ့အပြင် "The Monk"ဇာတ်ကား
တစ်ခုလုံးရဲ့ သဘော တရားကို ခြုံငုံပြီး ပြသလိုက်နိုင်ပါတယ်။

ဒါရိုက်တာ သည်မော်နိုင် ရိုက်ကူးထားပြီး ဇာတ်ညွှန်းကတော့ စာရေးဆရာ ဒေါက်တာအောင်မင်း
ဖြစ်ပါတယ်။ ကွမ်းခြံကုန်းမြို့နယ်က ရွာတစ်ရွာမှာ သီတင်းသုံးပြီး အရမ်းစည်းကမ်း တင်းကျပ်လွန်း
တဲ့ ဘုန်းတော်ကြီး ဦးဓမ္မဟာ ကိုရင်ဇ၀နကို ရန်ကုန် ဘတ်စ်ကားမှတ်တိုင်တစ်ခုကနေ ကောက်ယူ
မွေးစားခဲ့ပါတယ်။

ဦးဓမ္မရဲ့ စည်းကမ်းတင်းကျပ်မှုကြောင့် ဆယ်ကျော်သက်လူငယ်အရွယ် ဖြစ်ပြီး ဘာသာရေးကို
လည်း သိပ်စိတ်မ၀င်စားကြတဲ့ကျောင်းရှိ ကိုရင်လေးပါးစလုံးဟာ သာသနာ့ဘောင်ထဲမှာ မပျော်
မွေ့ကြတော့တဲ့တစ်နေ့မှာ ကိုရင်ဇ၀နအနေနဲ့ တခြားကိုရင်တွေနဲ့အတူ လူထွက်ရမလား၊ သူငယ်
စဉ်ကတည်းက သံယောဇဉ်တွယ်နေရတဲ့ ကျေးဇူးရှင် ကျောင်းထိုင် ဘုန်းကြီးနဲ့ပဲ ကိုရင်အဖြစ်
ဆက်နေရမလားဆိုတာကို ဆုံးဖြတ်ဖို့အချိန်ကို ရောက်လာခဲ့ပါတယ်။

ဇာတ်လမ်းတစ်ခုလုံးမှာ ကိုရင်ဇ၀နဟာ လူထွက်ဖို့ စဉ်းစားခဲ့ပေမယ့်လည်း ဦးဓမ္မ နာမကျန်းဖြစ်ပြီး
ရန်ကုန်ကို ဆေးရုံတက်ဖို့ သူလိုက်သွားခဲ့ရတဲ့အခါ သူအားကိုးယုံကြည်တဲ့လူတွေရဲ့ ပစ်ပယ်မှုကို
ခံခဲ့ရပါတယ်။ ဒါဟာ သူ့ကို လူထွက်ဖို့၊ မထွက်ဖို့ ဆုံးဖြတ်ချက်ကို ခိုင်မာ သွားစေပါတယ်။ ဒီကား
မှာ မြန်မာနိုင်ငံက အခြေခံလူတန်းစားတွေ လက်တွေ့ဖြစ်ပျက် ခံစားနေရတဲ့ ဘ၀အခြေအနေတွေ
ကို ဇာတ်ဝင်ခန်းတချို့နဲ့ ထိထိမိမိ ပြသနိုင်တာက ပရိသတ်တွေကို ဖမ်းစားနိုင်စေတဲ့ အဓိကအချက်
ဖြစ်ပါ တယ်။ ဥပမာ ကျေးလက်နေလူတန်းစားတွေအနေနဲ့ ဆက်သွယ်ရေး ခက်ခဲမှုတွေ၊ လျှပ်စစ်မီး
မရရှိမှုတွေ၊ ကျန်းမာရေးဝန်ဆောင်မှုချို့တဲ့မှု ကြုံရတာတွေကို ပြသသွားခဲ့ပါတယ်။ နောက်ပြီးတော့
မြန်မာရုပ်ရှင်ဇာတ်လမ်းတွေမှာ အသုံးများတဲ့ ဖွဲ့နွဲ့ ချဲ့ကားတဲ့ စကားလုံးတွေကိုလည်း ဒီဇာတ်ကား
မှာ မတွေ့ခဲ့ရပါဘူး။ အပြင်လူတွေကြားထဲမှာ နေ့စဉ်သုံးနှုန်းတဲ့ ရိုးရှင်းတဲ့ သာမန်စကားလုံးတွေကို
ပဲ ဇာတ်လမ်းတစ်ခုလုံးမှာ အသုံးပြုသွားပါတယ်။ ဒါကြောင့် အပြင်က အဖြစ်အပျက်တစ်ခုကို ထိုင်
ကြည့်နေရသလို ခံစားရစေပါတယ်။

"ကိုရင်ဇ၀န၊ ဘုန်းကြီးအပါးတစ်ရာကို မေးကြည့်လိုက် ကိုးဆယ့်ကိုးပါး စလုံးက လူဝတ်လဲချင်ကြ
တာချည်းပဲ။ အေး.. ကျန်တဲ့ တစ်ပါးကမှ တကယ့်ဘုန်းကြီးပဲ"လို့ ဇာတ်ဝင်ခန်းတစ်ခုမှာ ဇာတ်ကောင်
အချင်းချင်း ပြောကြပါတယ်။ ဒီဒိုင်ယာလော့ဟာ ဒီဇာတ်ကားတစ်ခုလုံးမှာ ပရိသတ်ကို ပြချင်တဲ့
အဓိကအကြောင်းအရာပဲလို့ ဒါရိုက်တာ သည်မော်နိုင်က မြန်မာတိုင်း(မ်)ကို ပြောပြပါတယ်။

"ဒီမှာ အများဆုံးရှိနေတဲ့ပုံစံ အချစ်၊ အလွမ်း၊ ဟာသ ဇာတ်လမ်းတွေ မဟုတ်ဘဲနဲ့ လူ့လောက
အသိုင်းအ၀ိုင်းမှာ ဖြစ်ပျက်နေတဲ့အကြောင်း တွေကို အခြေခံပြီးတော့ ရိုက်ကူးချင်တာပါ။
အခု "The Monk" ဇာတ်လမ်း ရုပ်ရှင်က မှတ်တမ်းရုပ်ရှင်အခြေခံကို ဇာတ်လမ်းနဲ့ရောပြီး ရိုက်
ထားတာပါ။

တစ်ခါမှ အတွေ့အကြုံမရှိတဲ့သူတွေကို ထည့်ပြီးတော့ လူ့ဘ၀မှာ နေ့စဉ်ဖြစ်ပျက်နေတာတွေကို
ရိုက်ထားတာပါ။ ဇာတ်ဆောင်တွေကိုလည်း ဇာတ်ဝင်ခန်းတွေမှာ ဒိုင်ယာလော့တွေကို ကျက်ခိုင်း
တာမျိုးမဟုတ်ဘဲ သူတို့ အဆင်ပြေသလို ပြောခိုင်းတယ်။ သီးသန့်သင်ပေးတာမျိုးမရှိဘူး။ ဒီကားကို
၂၀၁၀ မှာ စပြီးရိုက်ဖို့ ဇာတ်လမ်းရေးတာပါ။ တစ်ကားလုံးပြီးဖို့ အတွက် သုံးနှစ်လောက်ကြာပါတယ်"
လို့ ဒါရိုက်တာ သည်မော်နိုင်က ပြောပါတယ်။

ဒီကားကို လာမယ့် ၂၀၁၅ ခုနှစ် နိုင်ငံတစ်ဝန်းမှာ ရုံတင်ပြသသွားမယ်လို့လည်း ဆိုပါတယ်။
ဒီဇာတ်ကားဟာ ဒီနှစ် ဇူလိုင်လက ချက်ရီပတ်ဗလစ်နိုင်ငံမှာ ကျင်းပခဲ့ တဲ့Karlovy Vary Film
Festival မှာ အဖွင့်ဇာတ်ကားအနေနဲ့ ပြသခွင့်ရခဲ့ပြီး ဇူလိုင်လနောက်ပိုင်းကစတင်ကာ ဥရောပနိုင်
ငံတွေမှာ ကျင်းပတဲ့ ရုပ်ရှင်ပွဲတော်တွေမှာ လှည့်လည်ပြသနေတာဖြစ်သလို အောက်တိုဘာလထဲ
မှာ ကျင်းပမယ့် တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်ရုပ်ရှင်ပွဲတော်မှာ လည်း ပါဝင်ပြသသွားမှာဖြစ်ပါ
တယ်။
မြန်မာတိုင်း(မ်) မှ ရေးသားထားတာပါ။

a film by The Maw Naing
Novice: Zawana: Kyaw Nyi Thu
Marlar: Han Newe Nyein
Abbot U Dahma: Thein Swe Myint
Monk Yawata: Moe San

Director: The Maw Naing
Screenwriter: Aung Min
Director of Photography: Tin Win Naing
Editor: Zaw Win Htwe
Sound Recordist: Sai Kong Kham
Sound Design: Jan Richtr
Produced by FAMU (Vít Janeček),
Co-produced by One Point Zero Film (The Maw Naing),
Czech Television - Film Centre (Helena Uldrichová),

In co-operation of Transition Promotion Program of the Ministry of Foreign Affairs of the Czech Republic
facebook.com/film.themonk
Sales: Zuzana Bieliková, Negativ.cz

1.
49th Karlovy Vary International Film Festival
July, 2014
Karlovy Vary, Czech Republic
Opening film for Forum of Independence Film

2.
11th Anonimul International Independence Film Festival
Bucharest, Romania
August ,2014

Award
Premiere Special Award

3.
19th Busan international Film Festival
Busan, S Korea
A Window on Asian Cinema
The Monk will be screening on October 3th, 6th and 8th

4.
20th Kolkata International Film Festival
10-17 Nov 2014
Kolkata , India.
The Monk was nominated for Netpac award.

5.
8th Five Flavours International Film Festival
12 to 20 November, 2014
Warsaw, Poland
Festival nomate for Main Competition

6.
25th Singapore International Film Festival 2014,
4 - 14 December 2014.
Singapore.
The Monk was nominated for Silver Screen Award.

No comments:

Post a Comment