တောင် ကိုရီးယား နိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီ SAMSUNG မှ အလယ် အလတ် တန်း စမတ်ဖုန်း နှစ်လုံး ဖြစ်သည့် Galaxy J5 နှင့် J7 ဖုန်း နှစ်လုံးကို စတင် မိတ်ဆက် မည် ဖြစ်ကြောင်း T3 သတင်း ဌာန၏ ဖော်ပြ ချက်များ အရ သိရသည်။ အဆိုပါ စမတ် ဖုန်းနှစ်လုံး တွင် ရှေ့ကင်မရာ 5MP ပါဝင် မည်ဖြစ်ပြီးLED Flash ပါဝင် မည် ဖြစ်သည်။ မိမိ ကိုယ်ကို ဓာတ်ပုံ ရိုက်ကူးမှု နှင့် ဗီဒီယို ရိုက်ကူး မှုများကို အလင်းရောင် နည်း ပါးသော နေရာ၌ ပြုလုပ် နိုင်မည် ဖြစ်ကြောင်း သိရသည်။ နောက် ကင်မရာကို 13 MP ထည့်သွင်း တပ်ဆင် ထားရှိမည် ဖြစ်သည်။ အရွယ် အစား အနေဖြင့် Galaxy J7 ကို ၅ ဒသမ ၅ လက်မ ထုတ်လုပ် မည် ဖြစ်ပြီး GalaxyJ5 ကို ၅ လက်မ ထုတ်လုပ်မည်ဖြစ်သည်။
GalaxyJ7 တွင် Octa core Snapdragon 615 တပ်ဆင်ထားပြီး GalaxyJ5 တွင် quad-core snapdragon 410 CPU ကိုတပ်ဆင် ထားမည် ဖြစ်သည်။ ဘက်ထရီ အရည် အသွေး နေဖြင့် GalaxyJ5 တွင် 2600 mAH ဘက်ထရီကို တပ်ဆင်ထားပြီး GalaxyJ7 တွင် 3000 mAh ဘက်ထရီကိုတပ်ဆင်ပေးထားသည်။

ယင်းစမတ် ဖုန်းသစ် နှစ်လုံး စလုံးသည် 4 G ကွန်ရက် ကို အထောက် အပံ့ ပေးမည် ဖြစ်ပြီး RAM နေဖြင့် 1.5 Gb ပါဝင် မည် ဖြစ်သည်။ ဆင်းကတ် နှစ်ကတ် အသုံး ပြုနိုင်မည် ဖြစ်သည်။ Android Version အနေဖြင့် Android ၏ နောက်ဆုံး Version Lollipop ကို အသုံးပြု ထားသည်။ ယင်း စမတ်ဖုန်း နှစ်လုံးကို ကမ္ဘာ့ အကြီးဆုံး စမတ်ဖုန်း ဈေးကွက် ဖြစ်သည့် တရုတ် နိုင်ငံ ဈေးကွက်၌ ယခု တစ်ပတ် အတွင်း စတင် မိတ်ဆက် သွားမည် ဖြစ်သည်။ ရောင်းဈေး အနေဖြင့် GalaxyJ7 ကို ၁၈၃ ပေါင် နှင့် GalaxyJ5 ကို ၁၄၂ ပေါင် သတ်မှတ် ထားသည်။
#Pyi Chit Thar
No comments:
Post a Comment