(၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ငွေတံဆိပ် ရယူခဲ့သော မြန်မာယူ-၂၃ အမျိုးသား ဘောလုံအသင်း၊ နယူးဇီလန် ကဗ္ဘာ့ဖလားတွင် သွားရောက် ယှဉ်ပြိုင်ခဲ့သည့် ယူ-၂၀ အမျိုးသား ဘောလုံးအသင်းနှင့် မြန်မာအမျိုးသမီး ဘောလုံးအသင်း တို့အား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) မှ ဂုဏ်ပြုဆုငွေ ကျပ်သိန်းပေါင်း (၃၀၀၀) ကျော် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
““ MFF ဥက္ကဋ္ဌ အပါအင် အခြား အလှူရှင်တွေ၊ ကလပ် အသင်းပိုင်ရှင်တွေ စုပေါင်းပြီးတော့ ဂုဏ်ပြု ချီးမြှင့်တာတော့ ကျပ်သိန်းပေါင်း (၃၀၀၀) ကျော်လောက်ရှိ မယ်။ အတိအကျတော့ မသိဘူး။ အဲဒါကို အသင်း သုံးသင်းကို ခွဲဝေပေးမှာပါ”” ဟု MFF မီဒီယာ ပြန်ကြာရေး တာဝန်ခံ ဦးစိုးမိုးက ပြောသည်။
မြန်မာယူ-၂၃ အမျိုးသား ဘောလုံးအသင်း၊ ယူ-၂၀ ဘောလုံးအသင်းနှင့် အမျိုးသမီး ဘောလုံး အသင်းတို့၏ ခြေစွမ်းပြ ကစားပုံများနှင့် စိတ်ဓာတ် ပြင်းပြစွာ ကြိုးစား အားထုတ် ယှဉ်ပြိုင်မှုကြောင့် အသင်း အားလုံးသည် ရွှေတံဆိပ် မရရှိခဲ့သော်လည်း နိုင်ငံ့ ဂုဏ်ဆောင်နိုင်ခဲ့မှု အပေါ် ပြည်သူသန်း (၅၀) ကျော်၏ ရင်ထဲက ချစ်ခြင်းမေတ္တာများကို ရရှိခဲ့သည့် အပြင် ကစားသမားများနှင့် တာဝန်ရှိသူများ အားလုံးသည် ပြည်သူများ၏ ချန်ပီယံများ ဖြစ်ခဲ့ကြောင်းကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဂုဏ်ပြု ပြောဆိုထားကြောင်း အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
ယူ-၂၃ အသင်းသည် စင်ကာပူ ဆီးဂိမ်း ပြိုင်ပွဲတွင် ထိုင်းနိုင်ငံ ဘောလုံးအသင်းကို ဗိုလ်လုပွဲတွင် (၃-၀) ဖြင့် ရှုံးနိမ့်ခဲ့ကာ၊ ယူ-၂၀ ဘောလုံး အသင်းသည် နယူးဇီလန်နိုင်ငံတွင် ကျင်းပသော ကဗ္ဘာ့ဖလား ပြိုင်ပွဲသို့ ပထမဆုံး အကြိမ် သွားရောက် ယှဉ်ပြိုင်ခဲ့ရာ အုပ်စု အဆင့်ဖြင့်သာ လှည့်ပြန် ခဲ့ရသည်။ မြန်မာအမျိုးသမီး ဘောလုံးအသင်းမှာ အာဆီယံ ချန်ပီယံရှစ်တွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး၊ ထိုင်းနိုင်ငံ အမျိုးသမီး အသင်းအား ရှုံးနိမ့်ခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများအား ဂုဏ်ထူးဆောင် လက်မှတ် ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာ စာပွဲများဖြင့် ကျင်းပကာ ဂုဏ်ပြုမှုများ ရှိခဲ့ပြီး၊ ရွှေတံဆိပ်ဆုရ အားကစားသမားများအား ဆုချီမြှင့် ငွေကျပ်သိန်းပေါင်း (၁၉၅၀) ကို လည်းကောင်း၊ ငွေတံဆိပ်ဆုရ အားကစား သမားများအား ဆုချီးမြှင့်ငွေ ကျပ်သိန်းပေါင်း (၁၃၀၅) သိန်းကို လည်းကောင်း၊ ကြေးတံဆိပ်ဆု ရရှိသော ကစားသမားများအား ဆုချီးမြှင့်ငွေ (၈၃၉) သိန်းကို လည်းကောင်း ချီးမြှင့်ခဲ့ပြီး၊ စုစုပေါင်း ငွေကျပ်သိန်းပေါင်း (၃၇၉၄) ကို ဇွန်လ (၂၀) ရက်နေ့တွင် ချီးမြှင့်ခဲ့သည်။
Credit: Messenger
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 22, 2015
ယူ-၂၃၊ ယူ-၂၀ နှင့် မြန်မာအမျိုးသမီး ဘောလုံး အသင်းတို့အား (MFF) က ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၃၀၀၀) ကျော် ချီးမြှင့်
ယူ-၂၃၊ ယူ-၂၀ နှင့် မြန်မာအမျိုးသမီး ဘောလုံး အသင်းတို့အား (MFF) က ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၃၀၀၀) ကျော် ချီးမြှင့်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 22, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment