Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 28, 2015

နယူးယော့်ခ်မှာ ဘရာစီယာသာ ၀တ်ပြီးလည်ပတ်ခဲ့တဲ့ Lady Gaga


 

ပရိတ်သတ်တွေအားလုံးဟာ Lady Gaga ကို အချိုးမပြေတဲ့ အ၀တ်အစားတွေနဲ့ မြင်တွေ့နေရတာကို ကျင့်သားရနေကြပါပြီ။

အခုလည်း ပေါ့ပ် အဆိုတော် Lady Gaga ဟာ နယူးယော့ခ်မြို့ထဲမှာ အလည်အပတ်ထွက်ရင်း ထူးဆန်းတဲ့ အ၀တ်အစား ဖက်ရှင် တွေကို ၀တ်ဆင်လိုက်ပြန်ပါပြီ။

Born This Way သီချင်းရဲ့ အဆိုတော် Lady Gaga ဟာ Manhattan မြို့ထဲမှာ ကားနဲ့ အလည်အပတ်ထွက်ဖို့အတွက် ဂျင်းဘောင်းဘီတိုနဲ့ အပေါ်က အဖြူရောင် ဘရာစီယာ တစ်ထည်သာ ၀တ်ဆင်ထားခဲ့ပါတယ်။

အမှန်တော့ Lady Gaga ဟာ သူမအတွက် ကမ်းခြေ အပန်းဖြေခရီးတစ်ခု အဖြစ် နယူးယော့ခ်မြို့ကို ရောက်ရှိနေခဲ့တာဖြစ်ပြီး မြို့ထဲမှာ Lady Gaga ကို မြင်တွေ့လိုက်ရတဲ့သူတွေအတွက်တော့ ရှားရှားပါးပါး မြင်ကွင်းတစ်ခုပါပဲ။

အခုမြင်တွေ့နေရတဲ့ပုံကတော့ Manhattan မြို့မှာရှိတဲ့ Rainbow Room ဆိုတဲ့ ဘားတစ်ခုကနေ ပြန်ထွက်လာတဲ့ Lady Gaga ရဲ့ ပုံဖြစ်ပါတယ်။ သူမဟာ အဖြူရောင် ဘရာစီယာ သာ ၀တ်ဆင်ထားသလို ပခုံးတစ်ဖက်မှာလည်း အ၀ါညိုရောင် အပေါ်အကျီင်္ တစ်ထည်ကို တင်ထားပါသေးတယ်။

သူမဟာ ထိုစဉ်ကလည်း သူမရဲ့ အပေါ် ကုတ်အင်္ကျီကိုပင် ကြိုးကြိုးစားစား ချွတ်ခဲ့ရပြီး ရင်သားတွေကိုလည်း ဘရာစီယာအတွင်း အံဝင်ခွင်ကျ ဖြစ်အောင် ဖုံးအုပ်မထားနိုင်ခဲ့တာကိုတွေ့ရမှာပါ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment