Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 18, 2015

ကြောင်များတွင်ရှိသော ကပ်ပါးပိုးမှတစ်ဆင့် စိတ်ရောဂါ ဖြစ်စေနိုင်သော အထောက်အထား တွေ့ရှိ

လန်ဒန် ၊ ၁၈-၆-၂၀၁၅ လူများစွာ တို့သည် အနည်းဆုံး ကြောင်ကလေး တစ်ကောင်ကို မိမိတို့၏ မိသားစု
ဝင် တစ်ဦးအဖြစ် သဘောထား၍ ယုယုယယ ပိုက်ထွေး ဆက်ဆံတတ် ကြပြီး ကြောင်မှ တစ်ဆင့် မိမိတို့ထံ ရောက်ရှိလာ နိုင်သည့် စိတ်ရောဂါကို သတိမထားမိ ဖြစ်နေကြသည်။ ကြောင်လေး တစ်ကောင်က
ပိုင်ရှင်ဖြစ်သူ သခင်ထံသို့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်စေမှုတွင် သိသာသော အထောက်အထား များကို သိပံ္ပပညာရှင် များက တွေ့ရှိ လာခဲ့ကြသည်။ ကြောင်များတွင် ရှိနေသော ကပ်ပါးပိုးမွှား များမှတစ်ဆင့်
သခင် ဖြစ်သူအား လူတစ်ကိုယ် စိတ်အမျိုးမျိုး ဖြစ်နေသည့် ရောဂါ၊ ကိုယ်နှင့်စိတ် မကပ်သည့် ရောဂါ (SCHIZOPHRENIA) ရောဂါ ဖြစ်ပွားမှု ဆက်နွှယ် နေကြောင်း သိပံ္ပပညာရှင် များက ယုံကြည် လက်ခံ
လာကြသည်။

သို့ဖြစ်၍ ယခင်ကာလ များက ကောက်ယူခဲ့သော စစ်တမ်း နှစ်စောင်မှ တွေ့ရှိထားချက် များနှင့် သိသာစွာ
ပင် ထပ်တူညီ နေကြောင်း တွေ့ရှိ လာခဲ့ကြသည်။ ကလေးဘဝ ကတည်းက
 ကြောင်ကလေး များကို မွေးမြူ ထားခဲ့သူ တစ်ဦးကို ကောက်ယူခဲ့သော စစ်တမ်း သုံးစောင်မှ တွေ့ရှိမှု များသည် ၄င်း ခံစားနေသော ရောဂါ လက္ခဏာ များသည် ကောက်ယူ ခဲ့သော စစ်တမ်း သုံးစောင် စလုံးတွင် တစ်ထပ်တည်း တူညီ နေကြောင်း သိရသည်။ ထို့ပြင် ၄င်းနှင့် ၄င်း၏ မိသားစုတွင်လည်း စိတ်ရောဂါ တစ်မျိုးမျိုး ခံစား နေရကြောင်း သိပံ္ပပညာရှင် များက ရှင်းပြသည်။ သိပံ္ပပညာရှင် များသည် ၁၉၈၂ ခုနှစ် ကတည်းက စ၍ ကြောင်ကလေးများ မွေးမြူ ထားတတ် ကြသည့် မိသားစုပေါင်း ၂၁၂၅ ကို မေးခွန်းများ မေးမြန်းခဲ့ ကြရာ ၅ဝ ဒသမ ၆ ရာခိုင်နှုန်း ကျော်တွင် SCHIZOPHRENIA ရောဂါတစ်မျိုးခံစား နေကြရပြီး ဖြစ်ကြောင်း သုံး
သပ်နိုင်ခဲ့ ကြသည်။ ကြောင်များတွင် ရှိနေသော Toxoplasma gondii ကပ်ပါးပိုး များက လူကို တစ်ဆင့် ကူးစက်ကာ SCHIZOPHRENIA ရောဂါ ဖြစ်ပေါ်လာ စေခြင်း ဖြစ်ကြောင်း စတန်လီ ဆေးသုတေသန
အဖွဲ့ကြီးမှ ဒေါက်တာ အက်ဝင်တိုရေး က ရှင်းပြသည်။
PyiChitThar

No comments:

Post a Comment