Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 18, 2015

Facebook ပေါ်ကသတင်း။(ရွှေသောင်ယံမှာတွေ့ တဲ့ရေ၀က်)


Facebook ပေါ်ကသတင်း။(ရွှေသောင်ယံမှာတွေ့ တဲ့ရေ၀က်)........................................................................................#Credit2originaluploadervia Soe Min Aye
Posted by The Melting Pot 4 U on Thursday, 18 June 2015
Leo Leo ရွှေသောင်ယံ ကမ်းခြေက ချောင်းသာကမ်းခြေ အလွန် ကျောက်မောင်နှမကမ်းခြေ မရောက်ခင်ကြားမှာရှိပါတယ်

အင်ဒိုနဲ့မြန်မာ ကမ်းရိုးတမ်းမှာသာ ကျက်စားတဲ့ ကမ္ဘာမှာမျိုးတုန်းတော့မယ့် ရှားပါးသတ္တဝါစာရင်းဝင်ပါ
ရေဝက်အသားဟာ ဝက်သားအရသာနဲ့ အလွန်တူပါတယ် အခေါက်ကမာပြီးအတော်ချက်ရပါ
တယ် ရေဝက်အခေါက်ဟာ သွေးပြီသောက်ရင် ပင်လယ်အူနာလို ရောဂါမျိုးကို ချက်ချင်းပျောက်ကင်း
စေပါတယ်။
လူကြီးသူမများ ပြောစကားအရ ရေဝက်တွေဟာ သေဆုံးချိန်နီးပါက ကမ်းခြေသို့လာတတ်ပါသည်ဟု သိရပါတယ် ရေဝက်များဟာ ပင်လယ်ရေမှော်များ ရေသစ်ပင်များ ပင်လယ်ရေအောက် နှုန်းချောင်းများမှ
နှုန်းများစားသောက်ပြီး မိုးဦးကျအချိန် တောင်ရေထိုးက ကမ်းခြေချောင်းပေါက်ဝအထိ အစာရှာထွက်တတ်ပါတယ်။ရေဝက်ဟာ နို့တိုက်သတ္တဝါဖြစ်ပြီး လက်နောက်တွင် နို့သီးတစ်ဖက် တစ်လုံးစီပါရှိပါတယ် ခန္ဓာကိုယ်တွင် အမွှေးကျဲကျဲ ပါရှိပါတယ်။
ယခုရေဝက်ဟာ အချိန်တစ်ရာကျော်ထွက်ပြီး ငါးလုပ်ငန်းမှ တိုင်းတာပြီး ဓါတ်ပုံရိုက်ကာ မြေကြီးထဲမြုပ်မည်ဟု သိရပါသော်လည်း ရေဝက်အသားမှာ လတ်နေသောကြောင့် ဌါနဆိုင်ရာများ ခွဲတမ်းဖြင့်အနည်းငယ်ပေးပြီး စတွေ့သောအမျိုးသမီးအား နှစ်ပိဿာခန့်ဟင်းစားပေးခဲ့ကာ ငါးလုပ်ငန်းမှ (၇၅)ပိဿာကျော် ယူဆောင်သွားပါတယ် မနှစ်ကတစ်ပိဿာ ၅၀၀၀ကျပ်ပေါက်ဈေးရှိပြီး ယခုနှစ် ဖောက်သည်ဈေး ၄၂ဝဝ ကျပ် ချောင်းသာတွင် တစ်ပိဿာ ၇၀၀၀မှ၈၀၀၀အထိ လက်လီဈေး ပေါက်ခဲ့ပါတယ်ဟု သူငယ်ချင်းတစ်ဦးထံမှ သတင်းနှင်ရေဝက်ဓါတ်ပုံများ ရရှိခဲ့ပါတယ်။ယခုရရှိသော ရေဝက်တွင်ဦးခေါင်းနား၌ ဒဏ်ရာတစ်ခုပါရှိနေပါတယ် အကယ်၍ရောဂါ တစ်ခုခုဖြင့်သေဆုံးခဲ့ပြီး လူများအားကူးစက်ခဲ့ပါက မည်သူက တာဝန်ယူမည်နည်း။
ရေဝက်အစွယ်အား အရိုးများနှင့် အမှီးအားမြေမြုပ်ချိန်မှ ဖြတ်ယူရန်ငါးဦးစီးမှ ပြောဆိုသည့်အသံကြားရကြောင်း သတင်းရရှိပါသည်။
အောက်တွင်ဖော်ပြထားသော ရေဝက်နောက်တစ်ပုံမှာ မိတ္ထိလာကန်အတွင်းမှ ရေဝက်ဟု သိရပါသည်။
ရှားပါးသတ္တဝါများ ဘေးရန်ကင်းစွာ အသက်ရှင်
ပွားများနိုင်ပါစေ။
သူပုန်( မြန်မာ )

No comments:

Post a Comment