ဂျီ - ၇ ထိပ်သီးအစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန်သမ္မတကြီး အိုဘားမားကို
ဂျာမနီဝန်ကြီးချုပ် မာကယ်က ရိုးရာ အစားအစာ တွေနဲ့ တည်ခင်း ဧည့်ခံခဲ့ပါတယ်။
ဂျာမနီမှာ ဘီယာနဲ့ ၀က်အူချောင်းပာာ ရိုးရာအစားအစာ ဖြစ်ပြီး အထူးသဖြင့်
ဘာဘေးရီးယန်း ဒေသသား တွေ နှစ်သက်စွာ သုံးဆောင်လေ့ရှိ ပါတယ်။ အိုဘားမားပာာ
ဘာဘေးရီးယန်းမှာ ကျင်းပတဲ့ ဂျီ - ၇ ထိပ်သီး အစည်းအဝေးကို ရောက်လာတာ
ဖြစ်ပြီး အခြား ထိပ်တန်း ခေါင်းဆောင်တွေနဲ့ ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။
အိုဘားမားပာာ မာကယ်ဧည့်ခံတဲ့ ဘီယာကို ပာန်ပါပါနဲ့ သောက်သုံးခဲ့တာ
ဖြစ်ပါတယ်။ ဒါပေမဲ့ အိုဘားမား ဘီယာသောက်တဲ့ အချိန်ဟာ နေ့လယ် (၁၁)
နာရီလောက်ဖြစ်နေပါတယ်။ ဘာဘေးရီယန်း ဒေသသားတွေဟာ တနင်္ဂနွေ အားလပ်ရက်က လွဲပြီး
နေ့လယ်ပိုင်းမှာ သောက်သုံးလေ့ မရှိပါဘူး။ အိုဘာမားက ဘာဘေးရီယန်းဘီယာနဲ့
ဝက်အူချောင်းရှိ နေရင် ဘာအခက်အခဲမှ ရှိနေမှာ မဟုတ်ပါဘူးလို့ ပာာသနှော
ပြောဆိုခဲ့ပါတယ်။ အိုဘားမား သောက်ခဲ့တဲ့ ဘီယာဟာ ဒေသခံတွေ အဆိုအရ မူးအောင်
ပြုလုပ်ထားတဲ့ ဘီယာ မဟုတ်ဘူးလို့ သိရ ပါတယ်။ ဒေသခံ တစ်ဦးက အိုဘာမား
နံနက်စာ စားရင်း သောက်ခဲ့တဲ့ ဘီယာဟာ အယ်ကိုဟော ဓာတ်မပါတဲ့ ဘီယာသာ
ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အိုဘားမား သောက်ခဲ့တဲ့ ဘီယာခွက်ဟာ
လီတာဝက်ဝင်ဆံ့ တာကြောင့် အယ်ကိုဟောဓာတ် ပါဝင်ရင် သာမန် လူတစ်ဦးကို
မူးသွားစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အိုဘားမားဟာ အယ်ကိုဟောဓာတ် မပါဝင်တဲ့
ဘီယာကို သောက်ခဲ့တာ ကြောင့် ဂျီ - ၇ အစည်းအဝေးမှာ စိတ်ရှင်းလင်းစွာနဲ့
ပြောဆို ဆွေးနွေးနိုင်ခဲ့ တယ်လို့ ဆိုထား ပါတယ်။
http://www.messengernewsjournal.com
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, June 9, 2015
အိုဘားမား သောက်ခဲ့တဲ့ ဘီယာအကြောင်း
အိုဘားမား သောက်ခဲ့တဲ့ ဘီယာအကြောင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 09, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 09, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment