ဦးနှောက်ကင်ဆာရောဂါအတွက် ဦးနှောက်ထဲက အသားပို ကို ခွဲစိတ် ဖယ်ရှားပြီးတဲ့နောက်မှာ ထို ရောဂါရှင် အမျိုးသားဟာ သူ့ရဲ့ သူငယ်ချင်းတွေ ၊ မိသားစု ၀င်တွေနဲ့ ဆရာဝန်တွေ ရယ်မောစေဖို့ ပြုလုပ်ပေးခဲ့ပါတယ်။
ဦးနှောက်ထဲက အသားပိုကို ခွဲစိတ်ဖယ်ရှားပြီးတဲ့နောက်မှာတော့ သူဟာ ခေါင်းရဲ့ အနောက်ဘက်နဲ့ လည်ပင်းမှာ ချုပ်ရိုး အရာတွေ ကျန်နေခဲ့ပါတယ်။
ဒါပေမယ့် လည်း အဲဒီ ချုပ်ရိုးတွေကို ပြန်ဖြေတဲ့နေ့မှာ ထို အမျိုးသားဟာ ရယ်မောစရာ တစ်ခုဖြစ်အောင်ပြုလုပ်ပြခဲ့ပါတယ်။ သူ့ရဲ့ ခေါင်းက ချုပ်ရိုးတွေရဲ့ အောက်မှာ ဇစ်ဆွဲတဲ့ ခေါင်းတစ်ခုကို တပ်ဆင်ထားတဲ့ ပုံစံမျိုးပြုလုပ်ပြီး ဓါတ်ပုံ ရိုက်ခဲ့ပြန်ပါတယ်။
ထို အမျိုးသားဟာ hasnopigs ဆိုတဲ့ သုံးစွဲသူနာမည်နဲ့ Reddit မှာ ထို ဓါတ်ပုံကိုတင်ထားခဲ့ပြီး "ငါ့ရဲ့ အမာရွတ် နဲ့ ပတ်သက်ပြီး ပျော်စရာ တစ်ချို့ရပါတယ်။ ခွဲစိတ်ပြီးတဲ့နောက်မှာ ချုပ်ရိုးတွေ ဖြေဖို့ ကျန်နေပါတယ်။ " လို့ သူကဆိုထားပါတယ်။
သူ့ရဲ့ ကောင်းမွန်တဲ့ ဟာသ တစ်ခုဟာ လူမှုကွန်ရက်မှာ သူ့ကို လူအများ ချစ်ခင်မှု ရလာစေခဲ့ပါတယ်။
လူမှုကွန်ရက် သုံးစွဲသူတစ်ယောက်ကလည်း "အဆင်မပြေတဲ့ အနေအထားတစ်ခုမှာတော့ တစ်ခြားလူတွေ ရယ်မောနိုင်ဖို့ ပြုလုပ်ပေးနိုင်တာ ကောင်းပါတယ်။
အခြား သုံးစွဲသူတစ်ယောက်ကလည်း "သင်ဟာနေမကောင်းတဲ့ကြားက အခြားလူတွေအတွက်တွေးပေနေတုန်းပဲ။ သင့်ကိုလေးစားပါတယ်" လို့ ရေးသားထားခဲ့ပါသေးတယ်။
Credit : Thithtoolwin
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, June 10, 2015
ဦးနှောက်ခွဲစိတ်ထားတဲ့ ချုပ်ရိုးတွေနဲ့ လူုအများကို ရယ်မောစေခဲ့သူ
ဦးနှောက်ခွဲစိတ်ထားတဲ့ ချုပ်ရိုးတွေနဲ့ လူုအများကို ရယ်မောစေခဲ့သူ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 10, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 10, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment