အိမ်ရာမဲ့လူတစ်ဦးသည် ၎င်း၏ ချောမွေ့ကောင်းမွန်သည့် ရေဒီယိုအသံထွက်ကြောင့် အင်တာနက်တွင် ကျော်ကြားလာခဲ့ပြီးနောက် ယခုအခါ တစ်သီးပုဂ္ဂလ တစ်ဦးအဖြစ် သမ္မတရွေးကောက်ပွဲ ၀င်ပြိုင်မည် ဖြစ်ကြောင်း ဆိုသည်။
ထိုသူမှာ တက်ဒ်ဝီလျံဆိုသူဖြစ်ကာ ၂၀၁၁ ခုနှစ်က ဗီဒီယိုပြကွက်တစ်ခုတွင် အဝေးပြေးလမ်း၌ ဆိုင်းဘုတ်ကိုင် ကြော်ငြာသူတစ်ဦးအဖြစ် အသံကောင်းမွန်စွာ ကြော်ငြာရင်း နာမည်ကြီးလာသူဖြစ်သည်။ ၎င်း၏အသံ၊ သြဇာကောင်းကောင်းဖြင့် ရုပ်သံတွင်ပါဝင်လာသည့်ပြကွက်ကို ပရိသတ် သန်းပေါင်းများစွာက မှတ်မိခဲ့ကြပြီးနောက် အသံဖြင့် သရုပ်ဆောင်ရသော အလုပ်များစွာကိုလည်း လက်ခံရရှိခဲ့သည်။ ၀ီလျံသည် သမ္မတရွေးကောက်ပွဲ ၀င်ပြိုင်မည့်အကြောင်းကို ယခုအပတ်အတွင်းက မာရီယွန်ရှိ WWGH-FM ထုတ်လွှင့်သည့် Scott Spears “Now”ရေဒီယိုအစီအစဉ်တွင် ထုတ်ဖေါ်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ရွေးကောက်ပွဲမဲဆွယ်ရေး အဖွဲ့အတွက် ၀န်ထမ်းများကို ခန့်ထားခြင်းနှင့် ရန်ပုံငွေရှာဖွေခြင်း လုပ်ငန်းများကို မပြုရသေးသော်လည်း ပြည်သူ့အတွက် အိမ်ရာများ တည်ထောင်ရေး၊ စစ်သားဟောင်းများ၏ ကိစ္စများ၊ အလုပ်အကိုင်များ တိုးတက်ရေးနှင့် စာသင်ကျောင်းများတိုးတက်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည် ။
၎င်းသည် မကြာမီက စီးပွားရေး လုပ်ငန်းများ၏ ပွဲလမ်းများနှင့် အများပြည်သူရှေ့ ဟောပြောခြင်းဆိုင်ရာပွဲများတွင် ပါဝင်ခဲ့ဖူးကြောင်း သိရသည်
Messenger
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 29, 2015
အိမ်ရာမဲ့တစ်ဦး သမ္မတရွေးကောက်ပွဲဝင်မည်
အိမ်ရာမဲ့တစ်ဦး သမ္မတရွေးကောက်ပွဲဝင်မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 29, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment