Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 29, 2015

ထိုင်းနိုင်ငံထုတ် ဟွန်ဒါကားအားလုံးအတွက် အစိမ်းရောင်တံဆိပ် ထောက်ခံချက်ရရှိ


ဘန်ကောက်၊ ဇွန်-၂၉ ။ ။ ထုတ်လုပ်မှုလုပ်ငန်းစဉ်၏ အဆင့်အားလုံးတွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို လျှော့ချနိုင် ရန် ဆန်းသစ်သော လုပ်ဆောင်ချက်များကို အောင်မြင်စွာ သုတေသနပြု ရှာဖွေနိုင်ခဲ့သည့်အတွက် ထိုင်းအခြေစိုက် ဟွန်ဒါကား ကုမ္ပဏီ (Honda Automobile)မှာ ထိုင်းစက်မှုလုပ်ငန်း စံအင်စတီကျု (Thai Industrial Standards Institute)နှင့် ထိုင်းသဘာဝ ပတ်ဝန်းကျင်အင်စတီကျု (Thailand Environment Institute)တို့က ပေးအပ်ချီးမြှင့်သော အစိမ်းရောင်တံဆိပ် ထောက်ခံလွှာကို လက်ခံရယူခဲ့သည်။

ဟွန်ဒါ၏ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ကြွေးကြော်သံဖြစ်သည့် ‘ကျွန်ုပ်တို့၏ ကလေးငယ်များအတွက် ပြာသောကောင်း ကင် (Blue Skies for Our Children)’’ဆိုသည့်အတိုင်း မကြာသေးမီက သဘာဝဂေဟနှင့်ညီညွတ်သော ထုတ်လုပ်ရေးလုပ်ငန်း စဉ်များနှင့် ‘အစိမ်းရောင်စက်ရုံ (Green Factory)’တွင် ခြိုးခြံထိရောက်သော စွမ်းအင်စီမံခန့်ခွဲမှုကို ခင်းကျင်းပြသနိုင်ရန်အတွက် စက်ရုံအလည်အပတ်ခရီးစဉ်တစ်ခုကိုလည်း လက်ခံကျင်းပပေးခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် ထုတ်လုပ်သည့် ဟွန်ဒါ ကားမိုဒယ် ၁၂မျိုးစလုံးမှာ အထက်ပါအင်စတီကျုများ၏ အစိမ်းရောင်တံဆိပ် အသိအမှတ်ပြုလွှာများ ရရှိထားသည်။ ယင်းအသိအမှတ်ပြုလွှာများရရှိဖို့အတွက် ကားထုတ်လုပ်မှုလုပ်ငန်းစဉ်၊ အသုံးပြုမှုနှင့် စွန့်ထုတ်ပစ္စည်း (မီးခိုး)များတွင် သဘာပတ်ဝန်းကျင် စံစည်းမျဉ်းတွေကို လိုက်နာရမည်ဖြစ်သကဲ့သို့၊ အသုးပြုသည့် သဘာဝရင်းမြစ်းများကိုလည်း ခြိုးခြံထိရောက်စွာ စီမံခန့်ခွဲရန်လည်း လိုအပ်သည်။

လက်ရှိတွင် ဟွန်ဒါမှာ အစိမ်းရောင်တံဆိပ်ထောက်ခံလွှာရရှိသည့် တစ်ခုတည်းသော ထိုင်းအခြေစိုက် ကားထုတ်လုပ်သူဖြစ်ပြီး၊ ၄င်း၏မိုဒယ်များကို အရည်အသွေးစီမံခန့်ခွဲမှုစနစ်အရေရော၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုစနစ်အရပါ ISOလက်မှတ်များ အသီးသီးရရှိထားသည့် ရိုဂျနာစက်မှုဇုန်က စက်ရုံတွင် စက်မှုလုပ်ငန်း စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်နေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ ဟွန်ဒါကားပြခန်းတစ်ခု။ ဓာတ်ပုံ- world.honda.com

Mizzima

No comments:

Post a Comment